အမ်ိဳးသမီးေတြကို ျပန္ေတာင္းပန္လိုက္တဲ့ ဂ်ပန္ဘီလီယံနာ
- By : Phoe Linn
- Category : International-news
- Tags: international news

အမ်ိဳးသမီးေတြကို ျပန္ေတာင္းပန္လိုက္တဲ့ ဂ်ပန္ဘီလီယံနာ
ဒီႏွစ္ ႏွစ္ဦးပိုင္းမွာ သူနဲ႔အတူ အာကာသ ခရီးကို လိုက္ႏိုင္မယ့္ သတို႔သမီး တစ္ဦးကို လိုက္ရွာေနတဲ့ ဂ်ပန္ဘီလီယံနာ ယူဆာကူ မဲဇဝါက သူ႔ေၾကာင့္ အမ်ိဳးသမီးေတြ အခ်ိန္ကုန္ လူပန္း ျဖစ္ခဲ့ရတဲ့အတြက္ အႏႈးၫြတ္ ေတာင္းပန္လိုက္ေၾကာင္း ဆိုတယ္။
အာကာသ ခရီးအတြက္ သတို႔သမီး ေလွ်ာက္လႊာေဖာင္ေခၚယူရာ အမ်ိဳးသမီး ၂၇၇၂၂ က ေလွ်ာက္လႊာတင္ခဲ့ၾကပါတယ္။ အီလြန္မက္စ္ရဲ႕ စေပ့အိတ္စ္ အာကာသ ခရီးစဥ္က ၂၀၂၃ ခုႏွစ္မွာ စတင္မွာျဖစ္ၿပီး ပထမဆုံး အာကာသ အလည္ခရီး ျဖစ္ပါတယ္။
မဲဇဝါ က သူ႔ရဲ႕ စိတ္အာသာ မေျပမႈေၾကာင့္ လက္တြဲေဖာ္ တစ္ေယာက္ကို ကိုယ့္ဖာသာကိုယ္ ႀကိဳးစားမရွာဘဲ ေလလႈိင္းက ေၾကာ္ညာ လႊင့္လိုက္ေတာ့ ရည္မွန္းခ်က္ႀကီးတဲ့ အမ်ိဳးသမီး ၂ ေသာင္းေက်ာ္ ၃ ေသာင္းနီးပါးက ဘီလီယံနာ တစ္ေယာက္နဲ႔ တြဲဖို႔ကို စိတ္ဝင္သြားခဲ့တာပါ။
မဲဇဝါက သူ႔ရဲ႕တြစ္တာေပၚမွာ “ က်ေနာ္ရဲ႕ ႐ိုးသား ၿပီးစစ္မွန္တဲ့ ဆုံးျဖတ္ခ်က္ကို ျပဖို႔ ျဖစ္ေသာ္လည္းပဲ က်ေနာ္ပါဝင္ေနတဲ့ ေနရာေတြမွာ က်ေနာ္ကိုယ္တိုင္ ေရာေထြးေနပါတယ္” လို႔ ဘာမွန္း မသိတဲ့ အေၾကာင္းကို အဂၤလိပ္လို ေရးၿပီး တင္ထားပါတယ္။
ၿပီးမွ “ အဲ့ဒိ အမ်ိဳးသမီး ၂၇၇၂၂ ေယာက္ အတြက္ပါ။ သတၱိရွိရွိ စိတ္အားထက္သန္မႈ ရွိရွိ နဲ႔ သူမတို႔ရဲ႕ အဖိုးတန္ အခ်ိန္ေတြကို ျဖဳန္းမိလိုက္တဲ့အတြက္ စိတ္မေကာင္းလည္း ျဖစ္မိပါတယ္။ ေနာင္တလည္း ရမိပါတယ္။”လို႔ ဆိုပါတယ္။
အြန္လိုင္းဖက္ရွင္ ဇိုဇို ပိုင္ရွင္ မဲဇဝါက အဲ့လိုမ်ိဳး စတန႔္ ထြင္လိုက္တာ အခုေတာ့ လိုင္းေပၚမွာ သူ႔ရဲ႕ ဖက္ရွင္ လုပ္ငန္းက ကုန္ပစၥည္းေတြ အေရာင္း သြက္ေနပါတယ္။ သူက အဲ့လိုမ်ိဳး စတန႔္ထြင္ၿပီး ပိုက္ဆံ ရွာတတ္တဲ့ သူပါ။
ႏွစ္သစ္ကူးတုန္းကလည္း သူ႔ရဲ႕တြစ္တာကို အျမန္ဆုံး အေၾကာင္းျပန္ႏိုင္သူ႔ကို ဆုေပးမယ္ဆိုလို႔ သူက ယန္းေငြ တစ္သန္းေက်ာ္ ဝင္ခဲ့ဖူးပါတယ္။ သူက လူစိတ္ဝင္စားမႈ ဘယ္ေလာက္ ရွိတယ္ ဆိုတာကို တိုင္းတာဖို႔အတြက္ အဲ့လိုလုပ္တာလို႔ ဆင္ေျခေပးေပမဲ့ သူမွာ အသားတင္ဝင္ေငြ ရရွိခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သတို႔သမီးကို လိုင္ေပၚတင္ၿပီး ရွာမိလိုက္တာ မွားယြင္းေၾကာင္း ေတာင္းပန္လိုက္ရပါတယ္။
ေမာင္ယႆ REF: daily mail
Unicode
အမျိုးသမီးတွေကို ပြန်တောင်းပန်လိုက်တဲ့ ဂျပန်ဘီလီယံနာ
ဒီနှစ် နှစ်ဦးပိုင်းမှာ သူနဲ့အတူ အာကာသ ခရီးကို လိုက်နိုင်မယ့် သတို့သမီး တစ်ဦးကို လိုက်ရှာနေတဲ့ ဂျပန်ဘီလီယံနာ ယူဆာကူ မဲဇဝါက သူ့ကြောင့် အမျိုးသမီးတွေ အချိန်ကုန် လူပန်း ဖြစ်ခဲ့ရတဲ့အတွက် အနှုးညွတ် တောင်းပန်လိုက်ကြောင်း ဆိုတယ်။
အာကာသ ခရီးအတွက် သတို့သမီး လျှောက်လွှာဖောင်ခေါ်ယူရာ အမျိုးသမီး ၂၇၇၂၂ က လျှောက်လွှာတင်ခဲ့ကြပါတယ်။ အီလွန်မက်စ်ရဲ့ စပေ့အိတ်စ် အာကာသ ခရီးစဉ်က ၂၀၂၃ ခုနှစ်မှာ စတင်မှာဖြစ်ပြီး ပထမဆုံး အာကာသ အလည်ခရီး ဖြစ်ပါတယ်။
မဲဇဝါ က သူ့ရဲ့ စိတ်အာသာ မပြေမှုကြောင့် လက်တွဲဖော် တစ်ယောက်ကို ကိုယ့်ဖာသာကိုယ် ကြိုးစားမရှာဘဲ လေလှိုင်းက ကြော်ညာ လွှင့်လိုက်တော့ ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီး ၂ သောင်းကျော် ၃ သောင်းနီးပါးက ဘီလီယံနာ တစ်ယောက်နဲ့ တွဲဖို့ကို စိတ်ဝင်သွားခဲ့တာပါ။
မဲဇဝါက သူ့ရဲ့တွစ်တာပေါ်မှာ “ ကျနော်ရဲ့ ရိုးသား ပြီးစစ်မှန်တဲ့ ဆုံးဖြတ်ချက်ကို ပြဖို့ ဖြစ်သော်လည်းပဲ ကျနော်ပါဝင်နေတဲ့ နေရာတွေမှာ ကျနော်ကိုယ်တိုင် ရောထွေးနေပါတယ်” လို့ ဘာမှန်း မသိတဲ့ အကြောင်းကို အင်္ဂလိပ်လို ရေးပြီး တင်ထားပါတယ်။
ပြီးမှ “ အဲ့ဒိ အမျိုးသမီး ၂၇၇၂၂ ယောက် အတွက်ပါ။ သတ္တိရှိရှိ စိတ်အားထက်သန်မှု ရှိရှိ နဲ့ သူမတို့ရဲ့ အဖိုးတန် အချိန်တွေကို ဖြုန်းမိလိုက်တဲ့အတွက် စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ နောင်တလည်း ရမိပါတယ်။”လို့ ဆိုပါတယ်။
အွန်လိုင်းဖက်ရှင် ဇိုဇို ပိုင်ရှင် မဲဇဝါက အဲ့လိုမျိုး စတန့် ထွင်လိုက်တာ အခုတော့ လိုင်းပေါ်မှာ သူ့ရဲ့ ဖက်ရှင် လုပ်ငန်းက ကုန်ပစ္စည်းတွေ အရောင်း သွက်နေပါတယ်။ သူက အဲ့လိုမျိုး စတန့်ထွင်ပြီး ပိုက်ဆံ ရှာတတ်တဲ့ သူပါ။
နှစ်သစ်ကူးတုန်းကလည်း သူ့ရဲ့တွစ်တာကို အမြန်ဆုံး အကြောင်းပြန်နိုင်သူ့ကို ဆုပေးမယ်ဆိုလို့ သူက ယန်းငွေ တစ်သန်းကျော် ဝင်ခဲ့ဖူးပါတယ်။ သူက လူစိတ်ဝင်စားမှု ဘယ်လောက် ရှိတယ် ဆိုတာကို တိုင်းတာဖို့အတွက် အဲ့လိုလုပ်တာလို့ ဆင်ခြေပေးပေမဲ့ သူမှာ အသားတင်ဝင်ငွေ ရရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတို့သမီးကို လိုင်ပေါ်တင်ပြီး ရှာမိလိုက်တာ မှားယွင်းကြောင်း တောင်းပန်လိုက်ရပါတယ်။
မောင်ယဿ REF: daily mail
No Comments