အမ်ိဳးသမီးမ်ားအတြက္ ျပဳလုပ္သင့္တဲ့ အဆီက် လွပဖို႔ ႀကိဳးခုန္စို႔

အဆီက် လွပဖို႔ ႀကိဳးခုန္စို႔
Health

အမ်ိဳးသမီးမ်ားအတြက္ ျပဳလုပ္သင့္တဲ့ အဆီက် လွပဖို႔ ႀကိဳးခုန္စို႔

မိန္းမသားမ်ားအေနနဲ႔ ခႏၶာကိုယ္ကို အက်ိဳးထူးရွိေစဖို႔ မိမိအိမ္မွာပင္ ႀကိဳးခုန္ျခင္းသည္လည္း အက်ိဳးမ်ားစြာ ထူးလွတာမို႔ ဒီလို ေျပာျပခ်င္ပါတယ္။ ႀကိဳးခုန္ျခင္းဟာ ခႏၶာကိုယ္မွာ ရွိေနတဲ့ အဆီပိုေတြကို က်ဆင္းေစတဲ့အျပင္ ႏွလုံးေရာဂါ ျဖစ္ပြားမူွကိုပါ ကာကြယ္ေပးပါတယ္။

ႂကြက္သားေတြကို က်စ္လစ္ သန္မာေစတဲ့အတြက္ ႀကိဳးခုန္ျခင္းကို ေန႔စဥ္ အခ်ိန္တစ္ခ်ိန္ ေပးၿပီးျပဳလုပ္သင့္ပါတယ္။ ႀကိဳးခုန္ျခင္းဟာ အခ်ိန္အနည္းငယ္ အတြင္းမွာပင္ ခႏၶာကိုယ္ ေျပျပစ္ျခင္း၊ အ႐ိုးသန္မာျခင္း၊ ႏွလုံးက်န္းမာျခင္း၊ လန္းဆန္း တက္ႂကြျခင္းစတဲ့ အက်ိဳးေတြကို ရရွိမွာျဖစ္ပါတယ္။

ႏွလုံး အားေကာင္းျခင္း

ႀကိဳးကို ေန႔စဥ္ပုံမွန္ ခုန္ျခင္းေၾကာင့္ ႏွလုံးႂကြက္သားမ်ား သန္မာလာေစၿပီး ပင္ပန္းတဲ့ အလုပ္မ်ားကိုပင္ လုပ္ကိုင္ႏိုင္လာကာ စိတ္ဖိစီးမူွ ခံႏိုင္ရည္စြမ္းအား ျမင့္တက္လာမွာျဖစ္ပါတယ္။ တစ္ေန႔လွ်င္ ဆယ္မိနစ္မွ မိနစ္ႏွစ္ဆယ္ထိ တစ္ပတ္လွ်င္ အနည္းဆုံး ငါးရက္ ႀကိဳးခုန္ေပးပါက
ႏွလုံးခုန္ႏူွန္းမ်ား က်ဆင္းကာ ႏွလုံးကို သန္မာလာေစမွာျဖစ္ပါတယ္။

တစ္ေန႔လွ်င္ ဆယ္မိနစ္ ႀကိဳးခုန္ျခင္းဟာ မိနစ္သုံးဆယ္ ေျပးျခင္းမွ ရရွိတဲ့ အက်ိဳးသက္ေရာက္မူွကို ထပ္တူရႏိုင္မွာ ျဖစ္ပါတယ္။

အ႐ိုးမ်ား အတြက္

ႀကိဳးခုန္တဲ့ အားကစားနည္းဟာ ခႏၶာကိုယ္အေလးခ်ိန္ကို က်ဆင္းႏိုင္တဲ့အျပင္ အ႐ိုးမ်ားကိုလည္း သန္မာလာေစပါတယ္။ လက္ေကာက္ဝတ္နဲ႔ ဒူးမ်ားသန္မာလာတဲ့အျပင္ အခ်က္မွန္မွန္ ခုန္ရတဲံ့အတြက္ ခႏၶာကိုယ္အထက္ပိုင္းကို က်န္းမာေစပါတယ္။

ခႏၶာကိုယ္ေအာက္ပိုင္းကို ေပါ့ပါးေစကာ ေျခေထာက္မ်ား ခိုင္ခန႔္ၿမဲၿမံ လာတာကို ေတြ႕ရပါတယ္။ အလြန္ အလုပ္မ်ားလို႔ အခ်ိန္မေပးႏိုင္ရင္ အနည္းဆုံး ငါးမိနစ္ခန႔္ ခုန္ျခင္းအားျဖင့္ အ႐ိုးေရာဂါမ်ားကို ကာကြယ္ႏိုင္ပါတယ္။

အဆီ က်ေစျခင္း

ႀကိဳးခုန္ျခင္းေလ့က်င့္ခန္းဟာ ေျခေထာက္ ေပါင္ ဝမ္းဗိုက္စတဲ့ ေနရာေတြက မလိုလားအပ္တဲ့ အဆီေတြကို က်ဆင္းေစပါတယ္။ ဝသူမ်ား ဝိတ္က်ခ်င္သူမ်ား အေနနဲ႔ တစ္ေန႔ကို နာရီဝက္ခန႔္ ႀကိဳးခုန္ေပးပါ။ မိနစ္ ၃၀ ေလာက္ ႀကိဳးခုန္ျခင္းဟာ ကယ္လိုရီ ၃၄၀ အထိ ေလာင္ကြၽမ္းေစႏိုင္တာမို႔ အလြန္ ထိေရာက္တဲ့ အားကစားပဲျဖစ္ပါတယ္။

စြမ္းေဆာင္ရည္ တိုးတက္

လုပ္ငန္းခြင္မွာ ပင္ပန္း ႏြမ္းနယ္ေနသူမ်ား ေန႔ခင္းဘက္တြင္ ေလးလံ ထိုင္းမူွိင္းေနသူမ်ား ႀကိဳးခုန္ေပးသင့္ပါတယ္။ တစ္ေန႔ကို ၅ မိနစ္ ႀကိဳးခုန္ေပးျခင္းအားျဖင့္ တစ္လတာကို အလုပ္လုပ္ႏိုင္တဲ့ စြမ္းေဆာင္ရည္ ၂၅ ရာခိုင္ႏူွန္းေလာက္ထိ တိုးတက္ လာႏိုင္ပါတယ္လို႔ ဆိုထားပါတယ္။

ႀကိဳးခုန္ျခင္းဟာ ဦးေႏွာက္အာ႐ုံေၾကာမ်ားကို ဖြံ႕ၿဖိဳးတိုးတက္ေစၿပီး ဦးေႏွာက္ အာ႐ုံစူးစိုက္မူွအား ပိုမိုေကာင္းမြန္ လာေစပါတယ္။

ႀကိဳးခုန္ျခင္း ေလ့က်င့္ခန္းဟာ အထူး ေငြကုန္စရာမလိုပဲ အိမ္တြင္းမွာပင္ ျပဳ လုပ္ႏိုင္တဲ့ ခႏၶာကိုယ္သြယ္လ် ကာ သြက္လက္ ဖ်ပ္လတ္ေစရန္ အေကာင္းဆုံးမို႔ လူတိုင္း ကစားသင့္ပါေၾကာင္း…..

စႏၵီျမင့္မိုရ္#

photo by google

Unicode

အမျိုးသမီးများအတွက် ပြုလုပ်သင့်တဲ့ အဆီကျ လှပဖို့ ကြိုးခုန်စို့

မိန်းမသားများအနေနဲ့ ခန္ဓာကိုယ်ကို အကျိုးထူးရှိစေဖို့ မိမိအိမ်မှာပင် ကြိုးခုန်ခြင်းသည်လည်း အကျိုးများစွာ ထူးလှတာမို့ ဒီလို ပြောပြချင်ပါတယ်။ ကြိုးခုန်ခြင်းဟာ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆီပိုတွေကို ကျဆင်းစေတဲ့အပြင် နှလုံးရောဂါ ဖြစ်ပွားမူှကိုပါ ကာကွယ်ပေးပါတယ်။

ကြွက်သားတွေကို ကျစ်လစ် သန်မာစေတဲ့အတွက် ကြိုးခုန်ခြင်းကို နေ့စဉ် အချိန်တစ်ချိန် ပေးပြီးပြုလုပ်သင့်ပါတယ်။ ကြိုးခုန်ခြင်းဟာ အချိန်အနည်းငယ် အတွင်းမှာပင် ခန္ဓာကိုယ် ပြေပြစ်ခြင်း၊ အရိုးသန်မာခြင်း၊ နှလုံးကျန်းမာခြင်း၊ လန်းဆန်း တက်ကြွခြင်းစတဲ့ အကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။

နှလုံး အားကောင်းခြင်း

ကြိုးကို နေ့စဉ်ပုံမှန် ခုန်ခြင်းကြောင့် နှလုံးကြွက်သားများ သန်မာလာစေပြီး ပင်ပန်းတဲ့ အလုပ်များကိုပင် လုပ်ကိုင်နိုင်လာကာ စိတ်ဖိစီးမူှ ခံနိုင်ရည်စွမ်းအား မြင့်တက်လာမှာဖြစ်ပါတယ်။ တစ်နေ့လျှင် ဆယ်မိနစ်မှ မိနစ်နှစ်ဆယ်ထိ တစ်ပတ်လျှင် အနည်းဆုံး ငါးရက် ကြိုးခုန်ပေးပါက
နှလုံးခုန်နူှန်းများ ကျဆင်းကာ နှလုံးကို သန်မာလာစေမှာဖြစ်ပါတယ်။

တစ်နေ့လျှင် ဆယ်မိနစ် ကြိုးခုန်ခြင်းဟာ မိနစ်သုံးဆယ် ပြေးခြင်းမှ ရရှိတဲ့ အကျိုးသက်ရောက်မူှကို ထပ်တူရနိုင်မှာ ဖြစ်ပါတယ်။

အရိုးများ အတွက်

ကြိုးခုန်တဲ့ အားကစားနည်းဟာ ခန္ဓာကိုယ်အလေးချိန်ကို ကျဆင်းနိုင်တဲ့အပြင် အရိုးများကိုလည်း သန်မာလာစေပါတယ်။ လက်ကောက်ဝတ်နဲ့ ဒူးများသန်မာလာတဲ့အပြင် အချက်မှန်မှန် ခုန်ရတဲံ့အတွက် ခန္ဓာကိုယ်အထက်ပိုင်းကို ကျန်းမာစေပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းကို ပေါ့ပါးစေကာ ခြေထောက်များ ခိုင်ခန့်မြဲမြံ လာတာကို တွေ့ရပါတယ်။ အလွန် အလုပ်များလို့ အချိန်မပေးနိုင်ရင် အနည်းဆုံး ငါးမိနစ်ခန့် ခုန်ခြင်းအားဖြင့် အရိုးရောဂါများကို ကာကွယ်နိုင်ပါတယ်။

အဆီ ကျစေခြင်း

ကြိုးခုန်ခြင်းလေ့ကျင့်ခန်းဟာ ခြေထောက် ပေါင် ဝမ်းဗိုက်စတဲ့ နေရာတွေက မလိုလားအပ်တဲ့ အဆီတွေကို ကျဆင်းစေပါတယ်။ ဝသူများ ဝိတ်ကျချင်သူများ အနေနဲ့ တစ်နေ့ကို နာရီဝက်ခန့် ကြိုးခုန်ပေးပါ။ မိနစ် ၃၀ လောက် ကြိုးခုန်ခြင်းဟာ ကယ်လိုရီ ၃၄၀ အထိ လောင်ကျွမ်းစေနိုင်တာမို့ အလွန် ထိရောက်တဲ့ အားကစားပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည် တိုးတက်

လုပ်ငန်းခွင်မှာ ပင်ပန်း နွမ်းနယ်နေသူများ နေ့ခင်းဘက်တွင် လေးလံ ထိုင်းမူှိင်းနေသူများ ကြိုးခုန်ပေးသင့်ပါတယ်။ တစ်နေ့ကို ၅ မိနစ် ကြိုးခုန်ပေးခြင်းအားဖြင့် တစ်လတာကို အလုပ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည် ၂၅ ရာခိုင်နူှန်းလောက်ထိ တိုးတက် လာနိုင်ပါတယ်လို့ ဆိုထားပါတယ်။

ကြိုးခုန်ခြင်းဟာ ဦးနှောက်အာရုံကြောများကို ဖွံ့ဖြိုးတိုးတက်စေပြီး ဦးနှောက် အာရုံစူးစိုက်မူှအား ပိုမိုကောင်းမွန် လာစေပါတယ်။

ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ အထူး ငွေကုန်စရာမလိုပဲ အိမ်တွင်းမှာပင် ပြု လုပ်နိုင်တဲ့ ခန္ဓာကိုယ်သွယ်လျ ကာ သွက်လက် ဖျပ်လတ်စေရန် အကောင်းဆုံးမို့ လူတိုင်း ကစားသင့်ပါကြောင်း…..

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …