အမ်ိဳးသမီးတို႔ သိဘို႔””
- By : Phoe Linn
- Category : beauty-tip, Health

အမ်ိဳးသမီးတို႔ သိဘို႔””
ဒီေန႔ေခတ္ အမ်ိဳးသမီး အမ်ားစုဟာ မိတ္ကပ္လိမ္းျခင္းကို ႏွစ္သက္ၾကတယ္ ဆိုတာ အထူးေျပာစရာ မလိုပါ။ မိတ္ကပ္လိမ္းၿပီးမွ အစဥ္ေျပတဲ့ မ်က္ႏွာျပင္အလွကို ရႏိုင္ၾကတယ္လို႔ မိန္းမသား ေတာ္ေတာ္မ်ားမ်ားဟာ ယုံၾကည္ၾကပါတယ္။ မိတ္ကပ္ရဲ႕ အစြမ္းကလည္း အံမခန္းပဲ မဟုတ္ပါလား။
မိတ္ကပ္လိမ္းျခင္းက မိန္းမသားတို႔ရဲ႕ စိတ္ကို ေက်နပ္ေစပါတယ္။ သို႔ေသာ္ အရမ္းကာေရာ လိမ္းျခင္းကေတာ့ျဖင့္ မေကာင္းလွပါ။ ဘယ္အရာမဆို အတိုင္းအတာ Limit ရွိဘို႔ေတာ့ လိုပါတယ္။မိတ္ကပ္လိမ္းတဲ့အခါ သတိထားရမဲ့ အခ်က္ေတြရွိပါတယ္။
မိမိနဲ႔ သင့္မသင့္….
မိမိရဲ႕ မ်က္ႏွာျပင္ အေရျပားနဲ႔ မိမိသုံးမဲ့ မိတ္ကပ္အမ်ိဳးအစားဟာ ဓာတ္တည့္ေနဖို႔လည္း လိုပါတယ္။ အခ်ိဳ႕မိတ္ကပ္ေတြရဲ႕ ပါဝင္ ျဒပ္ေပါင္းေတြဟာ သင့္အေရျပားနဲ႔ ဓာတ္မတည့္ျခင္းမ်ိဳး ျဖစ္တတ္ပါတယ္။ တာရွည္ခံေဆးေတြ အေမႊးရနံမ်ားစြာ ထည့္ထားတဲ့ မိတ္ကပ္ေတြ မွာ ပါဝင္ တတ္ပါတယ္။ အေရျပားနဲ႔ ဓာတ္ မတည့္ျဖစ္တဲ့အခါ နီျမန္းတာ ေရာင္ရမ္းတာ ယားယံတာ အေရျပားအဖတ္မ်ား လန္တာ အရည္ၾကည္ဖုထတာ စသျဖင့္ ျဖစ္လာတတ္ပါတယ္။ ထိုသို႔ တစ္ခုခု ျဖစ္ခဲ့ၿပီဆိုရင္ မိမိသုံးေနတဲ့ မိတ္ကပ္ကို ဆက္မသုံး သင့္ေတာ့ပါ။
အေရျပားကို အက်ိဳးအျပဳျခင္း””’
အခ်ိဳ႕ေသာ မိတ္ကပ္ေဖာင္ေဒရွင္းေတြဟာ သင့္အေရျပားရဲ႕ သဘာဝအဆီေတြကို စုပ္ယူသြားတဲ့ အတြက္ အေရျပား ေျခာက္ေသြ႕ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ အခ်ိန္ၾကာလာရင္ အေရျပားမ်ား ပ်က္စီး မြဲေျခာက္ကာ အေရျပား အဖတ္လန္ျခင္းမ်ား ျဖစ္လာတတ္ပါတယ္။
အရမ္းဆိုးတဲ့ အေျခအေန ျဖစ္လာရင္ အေရျပားမ်ား ကြဲအက္ကာ အ႐ြယ္မတိုင္ခင္ ေရးအေၾကာင္းမ်ား ျဖစ္ေပၚလာ တတ္ပါတယ္။ အေရျပား ေျခာက္ေသြ႕သူေတြကေတာ့ မိတ္ကပ္ မလိမ္းမွီ အစိုဓာတ္ ထိန္းခရင္မ္ တစ္မ်ိဳးမ်ိဳးကို ေအာက္ခံလိမ္းေပးၿပီး ငါးမိနစ္ခန႔္ ၾကာမွ မိတ္ကပ္ကို ထပ္လိမ္းပါ။ မိတ္ကပ္ အမ်ိဳးအစားကိုလည္း အေရျပား ေျခာက္ေသြ႕သူမ်ားအတြက္ အထူး ျပဳလုပ္ထားေသာ အမ်ိဳးအစားကိုသာ ေ႐ြးခ်ယ္၍ သုံးပါ။
မိတ္ကပ္နဲ႔ ဝက္ၿခံ”’
ဝက္ၿခံထြက္ျခင္းမွာ ျဖစ္ႏိုင္ေျခ အမ်ိဳးမ်ိဳး ရွိပါတယ္။ မိတ္ကပ္ေၾကာင့္၊ ေဟာ္မုန္းေၾကာင့္၊ ဘက္တီးရီးယားေၾကာင့္၊ အေရျပား အဆီထုပ္လုပ္မူွ မ်ားျခင္းေၾကာင့္ အစရွိသျဖင့္ ရွိတတ္ပါတယ္။ မိတ္ကပ္ကလည္း ေခြၽးေပါက္ေတြကို ပိတ္ေစတာေၾကာင့္ ဝက္ၿခံျဖစ္ရန္ တြန္းအားေပးပါတယ္။ မိတ္ကပ္လိမ္းတဲ့ ေဖာ့တုန္းေတြ ဘရပ္ရွ္ ေတြ မသန႔္စင္ရင္လည္း ဘက္တီးရီးယားေတြ ေပါက္ဖြားႏိုင္ၿပီး ဝက္ၿခံဖုေတြ ထြက္လာႏိုင္ပါတယ္။ မိတ္ကပ္ဟာဝက္ၿခံကို အားေကာင္းေစတာ အမွန္ပါ။ ဆိုးဆိုး႐ြား႐ြား ဝက္ၿခံမ်ိဳး မဟုတ္ေသာ္လည္း ပါး၊ ေမးေစ့နဲ႔ နဖူးတို႔မွာ ျဖစ္တတ္ပါတယ္။
သင္ဟာ ဝက္ၿခံ အၿမဲလို ထြက္ေလ့ ရွိတတ္သူျဖစ္ရင္ Non.comeddogenic လို႔ေခၚတဲ့ အေရျပား ေပၚမွာရွိတဲ့ ေခြၽးေပါက္ေတြ မပိတ္ေစတဲ့ မိတ္ကပ္မ်ိဳးကို ေ႐ြးၿပီးမွ လိမ္းေပးပါ။
ကဲ ဒါဆို ပ်ိဳေမတို႔အတြက္ မိတ္ကပ္ လိမ္းတဲ့အခါ သတိထားသင့္တဲ့ အခ်က္ေတြကို သိႏိုင္ၿပီမို႔ စိတ္ေအးေတာ့ေနာ္…..
စႏၵီျမင့္မိုရ္#
Unicode
အမျိုးသမီးတို့ သိဘို့””
ဒီနေ့ခေတ် အမျိုးသမီး အများစုဟာ မိတ်ကပ်လိမ်းခြင်းကို နှစ်သက်ကြတယ် ဆိုတာ အထူးပြောစရာ မလိုပါ။ မိတ်ကပ်လိမ်းပြီးမှ အစဉ်ပြေတဲ့ မျက်နှာပြင်အလှကို ရနိုင်ကြတယ်လို့ မိန်းမသား တော်တော်များများဟာ ယုံကြည်ကြပါတယ်။ မိတ်ကပ်ရဲ့ အစွမ်းကလည်း အံမခန်းပဲ မဟုတ်ပါလား။
မိတ်ကပ်လိမ်းခြင်းက မိန်းမသားတို့ရဲ့ စိတ်ကို ကျေနပ်စေပါတယ်။ သို့သော် အရမ်းကာရော လိမ်းခြင်းကတော့ဖြင့် မကောင်းလှပါ။ ဘယ်အရာမဆို အတိုင်းအတာ Limit ရှိဘို့တော့ လိုပါတယ်။မိတ်ကပ်လိမ်းတဲ့အခါ သတိထားရမဲ့ အချက်တွေရှိပါတယ်။
မိမိနဲ့ သင့်မသင့်….
မိမိရဲ့ မျက်နှာပြင် အရေပြားနဲ့ မိမိသုံးမဲ့ မိတ်ကပ်အမျိုးအစားဟာ ဓာတ်တည့်နေဖို့လည်း လိုပါတယ်။ အချို့မိတ်ကပ်တွေရဲ့ ပါဝင် ဒြပ်ပေါင်းတွေဟာ သင့်အရေပြားနဲ့ ဓာတ်မတည့်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ တာရှည်ခံဆေးတွေ အမွှေးရနံများစွာ ထည့်ထားတဲ့ မိတ်ကပ်တွေ မှာ ပါဝင် တတ်ပါတယ်။ အရေပြားနဲ့ ဓာတ် မတည့်ဖြစ်တဲ့အခါ နီမြန်းတာ ရောင်ရမ်းတာ ယားယံတာ အရေပြားအဖတ်များ လန်တာ အရည်ကြည်ဖုထတာ စသဖြင့် ဖြစ်လာတတ်ပါတယ်။ ထိုသို့ တစ်ခုခု ဖြစ်ခဲ့ပြီဆိုရင် မိမိသုံးနေတဲ့ မိတ်ကပ်ကို ဆက်မသုံး သင့်တော့ပါ။
အရေပြားကို အကျိုးအပြုခြင်း””’
အချို့သော မိတ်ကပ်ဖောင်ဒေရှင်းတွေဟာ သင့်အရေပြားရဲ့ သဘာဝအဆီတွေကို စုပ်ယူသွားတဲ့ အတွက် အရေပြား ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာရင် အရေပြားများ ပျက်စီး မွဲခြောက်ကာ အရေပြား အဖတ်လန်ခြင်းများ ဖြစ်လာတတ်ပါတယ်။
အရမ်းဆိုးတဲ့ အခြေအနေ ဖြစ်လာရင် အရေပြားများ ကွဲအက်ကာ အရွယ်မတိုင်ခင် ရေးအကြောင်းများ ဖြစ်ပေါ်လာ တတ်ပါတယ်။ အရေပြား ခြောက်သွေ့သူတွေကတော့ မိတ်ကပ် မလိမ်းမှီ အစိုဓာတ် ထိန်းခရင်မ် တစ်မျိုးမျိုးကို အောက်ခံလိမ်းပေးပြီး ငါးမိနစ်ခန့် ကြာမှ မိတ်ကပ်ကို ထပ်လိမ်းပါ။ မိတ်ကပ် အမျိုးအစားကိုလည်း အရေပြား ခြောက်သွေ့သူများအတွက် အထူး ပြုလုပ်ထားသော အမျိုးအစားကိုသာ ရွေးချယ်၍ သုံးပါ။
မိတ်ကပ်နဲ့ ဝက်ခြံ”’
ဝက်ခြံထွက်ခြင်းမှာ ဖြစ်နိုင်ခြေ အမျိုးမျိုး ရှိပါတယ်။ မိတ်ကပ်ကြောင့်၊ ဟော်မုန်းကြောင့်၊ ဘက်တီးရီးယားကြောင့်၊ အရေပြား အဆီထုပ်လုပ်မူှ များခြင်းကြောင့် အစရှိသဖြင့် ရှိတတ်ပါတယ်။ မိတ်ကပ်ကလည်း ချွေးပေါက်တွေကို ပိတ်စေတာကြောင့် ဝက်ခြံဖြစ်ရန် တွန်းအားပေးပါတယ်။ မိတ်ကပ်လိမ်းတဲ့ ဖော့တုန်းတွေ ဘရပ်ရှ် တွေ မသန့်စင်ရင်လည်း ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ပြီး ဝက်ခြံဖုတွေ ထွက်လာနိုင်ပါတယ်။ မိတ်ကပ်ဟာဝက်ခြံကို အားကောင်းစေတာ အမှန်ပါ။ ဆိုးဆိုးရွားရွား ဝက်ခြံမျိုး မဟုတ်သော်လည်း ပါး၊ မေးစေ့နဲ့ နဖူးတို့မှာ ဖြစ်တတ်ပါတယ်။
သင်ဟာ ဝက်ခြံ အမြဲလို ထွက်လေ့ ရှိတတ်သူဖြစ်ရင် Non.comeddogenic လို့ခေါ်တဲ့ အရေပြား ပေါ်မှာရှိတဲ့ ချွေးပေါက်တွေ မပိတ်စေတဲ့ မိတ်ကပ်မျိုးကို ရွေးပြီးမှ လိမ်းပေးပါ။
ကဲ ဒါဆို ပျိုမေတို့အတွက် မိတ်ကပ် လိမ်းတဲ့အခါ သတိထားသင့်တဲ့ အချက်တွေကို သိနိုင်ပြီမို့ စိတ်အေးတော့နော်…..
စန္ဒီမြင့်မိုရ်#
No Comments