အမေ နဲ့ အပြိုင်ကျဲပြီး ပွဲတက်လာတဲ့ အန်ဂျလီနာဂျိုလီရဲ့ သမီးများ
- By : Kaung Khant
- Category : International-news

အမေ နဲ့ အပြိုင်ကျဲပြီး ပွဲတက်လာတဲ့ အန်ဂျလီနာဂျိုလီရဲ့ သမီးများ
ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၅ )
အီတလီနိုင်ငံရောမမြို့မှာ မနေ့က ကျင်းပခဲ့တဲ့အီတာနယ်ရုပ်ရှင်ပြပွဲကို အန်ဂျလီနာဂျိုလီက အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါတယ်။
ရောမရုပ်ရှင်ပွဲတော်ကို ဂျိုလီ ( ၄၆နှစ်) က သူမရဲ့မွေးစားသမီးတွေဖြစ်တဲ့ ဇာဟာရာ(၁၆ နှစ်) နဲ့ ရှီးလော့ ( ၁၅နှစ်) အတူတက်ရောက်ခဲ့တာပါ။
ဂျိုလီက သမီးတွေနဲ့အတူ ကောဇောနီပေါ်မှာလမ်းလျှောက်ခဲ့ပါတယ်။ ဂျိုလီနဲ့ ခင်ပွန်းသည်ဟောင်းဖြစ်သူ ဘရက်ပစ်တို့မှာ သားသမီး၆ယောက်ရှိပါတယ်။
ဇာဟာရာနဲ့ ရှီးလော့တို့ကတော့ သမီးကြီးတွေဖြစ်ပြီး သားတွေကတော့ မက်ဒေါက် (၂၀ နှစ်) ပက်စ် ( ၁၇ နှစ်) တို့ဖြစ်ပါတယ်။
နောက်ဆုံးမွေးစားထားတဲ့ သားနဲ့သမီးက အမွှာဖြစ်ပါတယ်။ သားက နောက်စ် နဲ့ သမီးက ဗွီဗွီရန်နီ (၁၃ နှစ်) တို့ပဲဖြစ်ပါတယ်။ ဂျိုလီက ဘရက်ပစ်နဲ့ လမ်းခွဲပြီးကတည်းက သားတွေသမီးတွေတရုံးရုံး နဲ့ ပွဲတက်လေ့ရှိပါတယ်။
မာဗယ်ရုပ်ရှင်ကုမ္ပဏီက ရိုက်တဲ့ကားသစ်တစ်ကားဖြစ်တဲ့ thenaကိုအီတာနယ်ရုပ်ရှင်ပွဲမှာ ရုံတင်ခဲ့ပါတယ်။ အဲ့ဒိကားမှာ ဂျိုလီကသရုပ်ဆောင်ခဲ့ပါတယ်။
မာဗယ်ရဲ့ထုံးစံအတိုင်း စူပါ ပါဝါတွေကိုပြတဲ့ ရုပ်ရှင်ပါ။ ဂျိုလီကတော့ သူမရဲ့ရုပ်ရှင်တွေနဲ့ ပတ်သက်လာရင် သားတွေသမီးတွေက အရမ်းကြိုက်ကြတာဖြစ်လို့ သူမဝမ်းသာရတယ်လို့ မကြာခနပြောလေ့ရှိပါတယ်။
“ကျမက ရုပ်ရှင်ထဲမှာ သိပ်ပြီးသန်မာတဲ့ အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ရပါတယ်။ အဲ့ဒိလိုမျိုး ကလေးတွေက ကျမကိုအပြင်လောကဘဝမှာ သန်မာစေချင်ပါတယ်။ ကျမက သူတို့ပျော်ရွှင်အောင် အမြဲသန်မာနေဖို့ ကြိုးစားနေရပါတယ်။”လို့ ဆိုပါတယ်။
Ref : Upi,Photo :Credit Upi
Zawgyi
အေမ နဲ႔ အၿပိဳင္က်ဲၿပီး ပြဲတက္လာတဲ့ အန္ဂ်လီနာဂ်ိဳလီရဲ႕ သမီးမ်ား
ရင္ၿငိမ္းေႏြ ( ေအာက္တိုဘာ ၂၅ )
အီတလီႏိုင္ငံေရာမၿမိဳ႕မွာ မေန႔က က်င္းပခဲ့တဲ့အီတာနယ္႐ုပ္ရွင္ျပပြဲကို အန္ဂ်လီနာဂ်ိဳလီက အထူးဧည့္သည္ေတာ္အျဖစ္ တက္ေရာက္ခဲ့ပါတယ္။
ေရာမ႐ုပ္ရွင္ပြဲေတာ္ကို ဂ်ိဳလီ ( ၄၆ႏွစ္) က သူမရဲ႕ေမြးစားသမီးေတြျဖစ္တဲ့ ဇာဟာရာ(၁၆ ႏွစ္) နဲ႔ ရွီးေလာ့ ( ၁၅ႏွစ္) အတူတက္ေရာက္ခဲ့တာပါ။
ဂ်ိဳလီက သမီးေတြနဲ႔အတူ ေကာေဇာနီေပၚမွာလမ္းေလွ်ာက္ခဲ့ပါတယ္။ ဂ်ိဳလီနဲ႔ ခင္ပြန္းသည္ေဟာင္းျဖစ္သူ ဘရက္ပစ္တို႔မွာ သားသမီး၆ေယာက္ရွိပါတယ္။
ဇာဟာရာနဲ႔ ရွီးေလာ့တို႔ကေတာ့ သမီးႀကီးေတြျဖစ္ၿပီး သားေတြကေတာ့ မက္ေဒါက္ (၂၀ ႏွစ္) ပက္စ္ ( ၁၇ ႏွစ္) တို႔ျဖစ္ပါတယ္။
ေနာက္ဆုံးေမြးစားထားတဲ့ သားနဲ႔သမီးက အမႊာျဖစ္ပါတယ္။ သားက ေနာက္စ္ နဲ႔ သမီးက ဗြီဗြီရန္နီ (၁၃ ႏွစ္) တို႔ပဲျဖစ္ပါတယ္။ ဂ်ိဳလီက ဘရက္ပစ္နဲ႔ လမ္းခြဲၿပီးကတည္းက သားေတြသမီးေတြတ႐ုံး႐ုံး နဲ႔ ပြဲတက္ေလ့ရွိပါတယ္။
မာဗယ္႐ုပ္ရွင္ကုမၸဏီက ႐ိုက္တဲ့ကားသစ္တစ္ကားျဖစ္တဲ့ thenaကိုအီတာနယ္႐ုပ္ရွင္ပြဲမွာ ႐ုံတင္ခဲ့ပါတယ္။ အဲ့ဒိကားမွာ ဂ်ိဳလီကသ႐ုပ္ေဆာင္ခဲ့ပါတယ္။
မာဗယ္ရဲ႕ထုံးစံအတိုင္း စူပါ ပါဝါေတြကိုျပတဲ့ ႐ုပ္ရွင္ပါ။ ဂ်ိဳလီကေတာ့ သူမရဲ႕႐ုပ္ရွင္ေတြနဲ႔ ပတ္သက္လာရင္ သားေတြသမီးေတြက အရမ္းႀကိဳက္ၾကတာျဖစ္လို႔ သူမဝမ္းသာရတယ္လို႔ မၾကာခနေျပာေလ့ရွိပါတယ္။
“က်မက ႐ုပ္ရွင္ထဲမွာ သိပ္ၿပီးသန္မာတဲ့ အမ်ိဳးသမီးတစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ရပါတယ္။ အဲ့ဒိလိုမ်ိဳး ကေလးေတြက က်မကိုအျပင္ေလာကဘဝမွာ သန္မာေစခ်င္ပါတယ္။ က်မက သူတို႔ေပ်ာ္႐ႊင္ေအာင္ အၿမဲသန္မာေနဖို႔ ႀကိဳးစားေနရပါတယ္။”လို႔ ဆိုပါတယ္။
Ref : Upi
Photo : Upi
No Comments