အမေရိကားမှာ ဆရာ ၇၀% က ကျောင်းပြန်မဖွင့် စေချင်သေးပါ …

International-news

Unicode

အမေရိကားမှာ ဆရာ ၇၀% က ကျောင်းပြန်မဖွင့် စေချင်သေးပါ … ။

ပြီးခဲ့တဲ့ သောကြာနေ့က ဂေါလပ်သုတေသန အဖွဲ့က စစ်တမ်းတစ်ခု ကောက်ခံရာမှာ အမေရိကား က ကျောင်းဆရာ ၇၀% က ကျောင်းပြန်ဖွင့်ဖို့ကို အလိုမရှိဘူးလို့ သိရပါတယ် ။ ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့မှု ကို မထိန်းချုပ်နိုင်မချင်း ကျောင်းတွေကို ပြန်မဖွင့်စေချင်ကြပါဘူး ။

အမေရိကားမှာ ဆရာ ၇၀% က ကျောင်းပြန်မဖွင့် စေချင်သေးပါ1

မူလတန်းကျောင်းတွေရဲ့ ဆရာ ၇၅% က ကျောင်းမဖွင့်စေချင်သလို အထက်တန်းကျောင်းတွေက ဆရာ ၅၇% က ကျောင်းမဖွင့် စေချင်ပါဘူး ။ စာသင်ခန်းတွေကို ကိုဗစ်-၁၉ ဗိုင်းရက်ပြန်နှံ့ လာနိုင် မှုက ၁၈% ရှိနေပါတယ်လို့ လည်း တိုင်းတာမှုက ဆိုပါတယ် ။

သုတေသနက ဘယ်အချိန်နဲ့ ဘယ်လို ကျောင်းတွေ ပြန်ဖွင့်နိုင်မလဲဆိုတဲ့ မေးခွန်းကို ပညာရေး ဝန်ကြီးဌာနက ဒီနှစ် စာသင်နှစ်ထက် နောက်နှစ် စာသင်နှစ်က ပိုပြီး ဘေးကင်း လုံခြုံ စိတ်ချရ နိုင်ပါတယ်လို့ ဆိုခဲ့ပါတယ် ။

စာသင်ကျောင်းတွေ နဲ့ အလုပ်ခွင်တွေကို နှိုင်းယှဉ် လေ့လာမှုမှာတော့ အလုပ်ခွင်တွေက စာသင်ကျောင်းတွေ ထက် ရောဂါကူးစက်နိုင်မှု ၂၉% လျှော့နည်းပါတယ် လို့ဆိုတယ် ။ ဒါ ကြောင့် ဆရာတွေက စိုးရိမ်စိတ် ပိုမြင့်တက် နေကြပါတယ် ။

“ အလုပ်ခွင်တွေမှာက ဆိုရှယ်ဒစ္စတန့်ကို ထိန်းနိုင်ကြတယ် ။ ထိန်းဖို့ရာလည်း လွယ်ကူတယ် ။ ဒါပေမဲ့ စာသင်ကျောင်းတွေမှာ ဆိုရှယ်ဒစ္စတန့် လုပ်ဖို့ရာက တော်တော်ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ် ။

အမေရိကားမှာ ဆရာ ၇၀% က ကျောင်းပြန်မဖွင့် စေချင်သေးပါ2

အမေရိကားလို နိုင်ငံတော်တော်များများက စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့ လေ့ကျင့် သင်ကြားမှု ကို ဦးစားပေးနေကြတော့ ရောဂါကူးစက်ပြီဆိုရင် တားလို့ရနိုင်မှာ မဟုတ်ပါဘူး ။ ဟိုအရင်ခေတ် ကလို ပါရမီရှင် အခြေပြု သင်ကြားရေးစနစ်ကို ပြန်ချည်းကပ်မယ် ဆိုရင်တော့ လက်ရှိရောဂါ ဖြစ်နေတဲ့ကာလအတွင်းမှာ သင်ကြားမှုတွေကို ပြန်လုပ်လို့ရမှာပါ ။

တော်တဲ့ကလေးတွေကို အေ တန်း ၊ နည်းနည်းညံံ့တဲ့ ကလေးတွေကို ဘီတန်း တော်တော်ညံ့တဲ့ ကလေးတွေကို စီတန်း ဆိုပြီး အတန်းခွဲ လိုက်ပြီး သင်ကြားရင် ဆိုရှယ်ဒစ္စတန့်ကို ထိန်းနိုင်လာပါလိမ့်မယ် ။

ဉာဏ်ရည်မြင့်တဲ့ ကလေးတွေအတွက်က ဆိုရှယ်ဒစ္စတန့်ကို နားလည်ပေမဲ့ ဉာဏ်ရည်နိမ့်တဲ့ ကလေးတွေကတော့ ဆိုရှယ်ဒစ္စတန့်ကို နားမလည်တော့ သူတို့ကို သီးခြားခွဲသင်တာက ရောဂါကာကွယ်ရေးအတွက် ပိုမို ထိရောက်နိုင်ပါတယ် ”လို့ ဂေါလပ်သုတေသန အဖွဲ့က ဆိုပါတယ် ။

ဂေါလပ်က အဲ့ဒိသုတေသနအတွက် ဆရာ၅၀၀၀ နဲ့ ပညာမတတ်တဲ့ အလုပ်သမား ကျောင်းသားမိဘ ၂၆၀၀၀ ကို မေးမြန်းခဲ့ပါတယ် ။

မောင်ယဿ
REF: Up Photo; Up

Zaw Gyi



အမေရိကားမှာ ဆရာ ၇၀% က ကျောင်းပြန်မဖွင့် စေချင်သေးပါ 3






တော်တဲ့ကလေးတွေကို အေ တန်း ၊ နည်းနည်းညံ့တဲ့ ကလေးတွေကို ဘီတန်း တော်တော်ညံ့တဲ့ ကလေးတွေကို စီတန်း ဆိုပြီး အတန်းခွဲ လိုက်ပြီး သင်ကြားရင် ဆိုရှယ်ဒစ္စတန့်ကို ထိန်းနိုင်လာပါလိမ့်မယ် ။



မောင်ယဿ
REF: Up Photo; Up

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …