အမေရိကားဘီလ်ဘုတ်မှာ ဘီလီအီးလစ်ရှ်ရဲ့ Happier than ever ထိပ်ဆုံးရောက်လာ

အမေရိကားဘီလ်ဘုတ်မှာ ဘီလီအီးလစ်ရှ်ရဲ့ Happier than ever ထိပ်ဆုံးရောက်လာ
Cele News

အမေရိကားဘီလ်ဘုတ်မှာ ဘီလီအီးလစ်ရှ်ရဲ့ Happier than ever ထိပ်ဆုံးရောက်လာ

မောင်ယဿ ( သြဂုတ် ၁၅ )

ဒီအပတ် အမေရိကားက အရောင်းရဆုံး ဓာတ်ပြား စာရင်း ( အမေရိကန် ဘီလ်ဘုတ် ) မှာ ဂရမ္မီဆုရှင် ဘီလီအီးလစ်ရှ် ရဲ့ Happier than Ever ဓာတ်ပြားက နံပါတ် ၁ နေရာကို ချိတ်လိုက်နိုင်ပါပြီ။
အသက် ၂၀ တောင်မပြည့်သေးတဲ့ ဘီလီအီးလစ်ရှ်က အမေရိကန် တေးရေး တေးဆို တစ်ယောက်ပါ။

၂၀၁၅ ခုနှစ်က သူမရဲ့ ဆင်ဂဲလ် အယ်လ်ဘမ်းဖြစ်တဲ့ Ocean eyes က အမေရိကားမှာ စပေါက်သွားပါတယ်။ အဲ့ဒိနောက်မှာတော့ သူမက သူမရဲ့ သီချင်းတွေကို အကို နဲ့ တွဲရေးပြီး စင်မြင့်ဖျော်ဖြေမှုတွေကို လုပ်ခဲ့ပါတယ်။

၂၀၁၇ မှာ Don’t smile at me သီချင်းထွက်လာတော့ အမေရိကားတင်မကတော့ ဘဲ အင်္ဂလန် ၊ ကနေဒါ နဲ့ သြစတေး လျှ အထိပေါက်သွားပါတယ်။

၂၀၂၀ က သူမရဲ့ Bad Guy ကတော့ အမေရိကားမှာ နံပါတ် ၁ ချိတ်သွားနိုင်ပြီး အရောင်းရ ဆုံး အယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။

သူမက ဂရမ္မီ ဆု ၇ ဆု ၊ အမေရိကန်မြူးဇစ် ၂ ဆု ၊ ဂင်နစ်စံချိန်တင်ဆု အပါအဝင် မြူးဇစ်နဲ့ ပတ်သက်တဲ့ ဆုများစွာ ကို ရခဲ့ပါတယ်။ အထူးခြားဆုံးကတော့ ဂရမ္မီဆုသမိုင်း မှာ သူမက အသက်အငယ်ဆုံး ဆုရှင်ဖြစ်ခဲ့တာပါပဲ။

ဒီနေ့ ထွက်တဲ့စာရင်းထဲမှာတော့
Love ( The kid LAROI)

Sour ( Olivia Rodrigo)

Welcome 2 America ( Prince )

Planet Her ( Doja Cat )

Dangerous ( Morgan Wallen)

The house is burning ( Isaiah Rashad )
တို့ကတော့ ထိပ်တန်း အရောင်းရဆုံး အယ်လ်ဘမ်တွေပါပဲ။

ဘီလီအီးလစ်ရှ်ရဲ့ Happier than ever က သူမရဲ့ စတူရီယိုမှာ သွင်းတဲ့ ဒုတိယမြောက်အယ်လ်ဘမ် ဖြစ်ပါတယ်။ ဇူလိုင် ၃၀ ရက်နေ့ က စပြီး ထုတ်လွှင့်ခဲ့တာပါ။

ထုံးစံအတိုင်း သူမရဲ့ မြူးဇစ်က လေးလို့ ၂ပတ်အကြာမှာပါပဲ ထိပ်ဆုံး ကို ရောက်လာတာပါ။ အော်တာနေးတစ်အခြေခံ အင်ဒိ မြူးဇစ်ပုံစံ ကို အီလက်ထရိုပေါ့ပ် နဲ့ ဆိုထားတာပါ။
REF: UPI,Photo:Credit  wiki

Zawgyi


အမေရိကားဘီလ်ဘုတ်မှာ ဘီလီအီးလစ်ရှ်ရဲ့ Happier than ever ထိပ်ဆုံးရောက်လာ
အမေရိကားဘီလ်ဘုတ်မှာ ဘီလီအီးလစ်ရှ်ရဲ့ Happier than ever ထိပ်ဆုံးရောက်လာ

မောင်ယဿ ( သြဂုတ် ၁၅ )



အမေရိကားဘီလ်ဘုတ်မှာ ဘီလီအီးလစ်ရှ်ရဲ့ Happier than ever ထိပ်ဆုံးရောက်လာ1




Love ( The kid LAROI)

Sour ( Olivia Rodrigo)


Planet Her ( Doja Cat )



အမေရိကားဘီလ်ဘုတ်မှာ ဘီလီအီးလစ်ရှ်ရဲ့ Happier than ever ထိပ်ဆုံးရောက်လာ2


REF: UPI
Photo: wiki

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အွန်လိုင်းပေါ်က ဆယ်လီခွေး လေလံပစ်တာ ဒေါ်လာ ၂၅၀၀၀ တောင်ရသတဲ့
Cele News
အွန်လိုင်းပေါ်က ဆယ်လီခွေး လေလံပစ်တာ ဒေါ်လာ ၂၅၀၀၀ တောင်ရသတဲ့

အွန်လိုင်းပေါ်က ဆယ်လီခွေး လေလံပစ်တာ ဒေါ်လာ ၂၅၀၀၀ တောင်ရသတဲ့ မောင်ယဿ ( နိုင်ဝင်ဘာ ၅ ) တရုတ်နိုင်ငံမှာ သခင်က စွန့်ပစ်ထားတဲ့ ခွေးတစ်ကောင်က အွန်လိုင်းပေါ်မှာ စိတ်ဝင်စားခံရမှုဖြစ်လာလို့ လေလံကုမ္ပဏီတစ်ခုက လေလံပစ်ရာ အလုအယက် လေလံဆွဲရင်းက တရုတ် ယွမ်ငွေ ၁၆၀၀၀၀ ( ကန်ဒေါ်လာ ၂၅၀၀၀ ) နဲ့ အရောင်းအဝယ်တည့် သွားပါတယ်။ ရှီဘာအီနူ မျိုးဖြစ်တဲ့ ၈နှစ်သားအရွယ် ဒိန်ဒိန် လို့ အမည်ရတဲ့ ခွေးကို သူ့ သခင်စွန့်ပစ်ထားတာ ၇နှစ်ရှိသွားပါပြီ ။ အဲ့ခွေးလေးအကြောင်းက အွန်းလိုင်ပေါ်မှာ နာမည်ကြီးပါတယ်။ အဲ့ဒါနဲ့ အဲ့ဒိခွေးလေးကို ကမ္ဘာကျော် တရုတ် အွန်လိုင်းစီပွားရေးလုပ်ငန်းဖြစ်တဲ့ …

ဘဝကို လိုချင်တာစုတ်ထားတဲ့ ရေမြုပ်တစ်ခုလိုပဲ နေလိုက်ပါတယ်
Cele News
ဘဝကို လိုချင်တာစုတ်ထားတဲ့ ရေမြုပ်တစ်ခုလိုပဲ နေလိုက်ပါတယ်

ဘဝကို လိုချင်တာစုတ်ထားတဲ့ ရေမြုပ်တစ်ခုလိုပဲ နေလိုက်ပါတယ် မောင်ယဿ ( သြဂုတ် ၈ ) ဆယ်လီနာဂိုမက်ဇ် ဆိုတာ ငယ်ငယ်နဲ့ ကျော်ကြားမှုတွေ ချမ်းသာမှုတွေ ကို ပိုင်ဆိုင်ထားတဲ့ ဆယ်လီ တစ်ယောက်ပါ။ ဒစ္စနေ ရဲ့ တီဗီ စီရီး တစ်ခုဖြစ်တဲ့ “ wizards of waverly place” မှာ သရုပ်ဆောင်တော့ သူမက အသက် ၁၅ နှစ်ပဲရှိပါသေးတယ်။ အဲ့ဒိမှာ သူမကို အမေရိကား က ဟိုးလေးတကျော်ကျော် ဖြစ်အောင်လုပ်ပေးလိုက်ပါတယ်။ “ ဒစ္စနေက ကျမကို ပြုစုပျိုးထောင်လိုက်ပေမဲ့ ကျမက ဒစ္စနေနဲ့ အဝေးမှာ အလုပ်လုပ်ဖို့ လက်မှတ်ထိုး ခဲ့တုန်းက …

ဒယ်တာပိုးပြန့်လာလို့ တရုတ်အရာရှိ အချို့ ကို အစိုးရက အပြစ်ပေး
Cele News
ဒယ်တာပိုးပြန့်လာလို့ တရုတ်အရာရှိ အချို့ ကို အစိုးရက အပြစ်ပေး

ဒယ်တာပိုးပြန့်လာလို့ တရုတ်အရာရှိ အချို့ ကို အစိုးရက အပြစ်ပေး မောင်ယဿ ( သြဂုတ် ၉ ) တရုတ်နိုင်ငံအရှေ့ပိုင်း က ယန်ကျိုးမြို့မှာ ကို ဗစ် -၁၉ရဲ့မျိုးကွဲတစ်မျိုး ဖြစ်တဲ့ ဒယ်တာပို ပြန့်နှံ့ လာတဲ့ အတွက်ကြောင့် ရောဂါပိုး ထိန်းချုပ်ရန် ပျက်ကွက်မှုနဲ့ ဒေသဆိုင်ရာ အရာရှိအချို့ကို အစိုးရက အပြစ်ပေး လိုက်တယ်လို့ ဘေဂျင်းထုတ် ဂလိုဘယ်တိုင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ တစ်လအတွင်း ရောဂါပိုးကူးစက်ခံရသူ ၉၀၀ ကျော်သွားတဲ့အတွက် ဒေသခံအာဏါပိုင်တွေအနေနဲ့ စိုးရိမ်စိတ်တွေ မြင့်တက်လာပါတယ်။ ရောဂါပိုးပြန့်နှံ့မှုက ရပ်တန့်မှု မရှိဘူးဖြစ်နေလို့ တာဝန်ခံထားတဲ့ အရာရှိ ၅ ဦးကို အလုပ်က ဖြုတ်ပစ်လိုက်ပါတယ်။ …