အမေရိကားက ကိုဗစ် မြူ ဗိုင်းရက် ဟောင်ကောင်ကိုရောက်လာပြီ
အမေရိကားက ကိုဗစ် မြူ ဗိုင်းရက် ဟောင်ကောင်ကိုရောက်လာပြီ
International-news
အမေရိကားက ကိုဗစ် မြူ ဗိုင်းရက် ဟောင်ကောင်ကိုရောက်လာပြီ
မောင်ယဿ ( စက်တင်ဘာ ၄ )
ကိုဗစ်ကာကွယ်ဆေးမတိုးတဲ့ ဒယ်လ်တာ ဗိုင်းရက် ထက်ပိုပြီး အားကောင်းတဲ့ ကိုဗစ် မြူ ဗိုင်းရက် က ဒီနှစ် အစောပိုင်းလောက်မှာ တောင်အမေရိကား နိုင်ငံတွေမှာ ဖြစ်ပွားနေရာက တဖြည်းဖြည်း အားကောင်းလာပြီ ကူစက်မှု မြန်လာပါတယ်။ အခုဆိုရင် အာရှဖက်ကို ပြန့်နှံ့လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တွေက ဆိုနေပါတယ်။
ဟောင်ကောင်ကျန်မာရေး အာဏါပိုင်တွေက ကိုဗစ်မြူဗိုင်းရက် ကူစက်ခံရတဲ့ လူ ၃ဦးကို စစ်ဆေးတွေ့ရှိခဲ့ တယ်လို့ သောကြာနေ့က ဆိုလိုက်ပါတယ်။
အာဏါပိုင်တွေရဲ့အဆိုအရ အဲ့ဒိလူ ၃ဦး က အမေရိကားနဲ့ ကိုလံဘီယာ က ကူးစက်ခံလာခဲ့ရတဲ့ သူတွေလို့ ဆိုပါတယ်။
မြူ ကိုဗစ်မျိုးကွဲ သစ်က ကိုလံဘီယာမှာ စတွေ့ခဲ့ပြီး အမေရိကားကို ကူးစက်ကာ ဥရောပအထိ ပြန့်နှံ့ခဲ့ တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုပါတယ်။
ဟောင်ကောင် အနုဇီ၀ ပညာရှင် ဒေါက်တာ ဆစ်ဒ်ဟတ်က “ အခုတွေ့ရတဲ့ မြူ မျိုးကွဲက ကမ္ဘာ မှာ အတွေ့ရနည်းပေမဲ့ ကြောက်ဖို့ကောင်း တာက လက်ရှိထွက်နေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ အလုပ်မဖြစ်တာပါပဲ။
အသက် ၂၆ နှစ်အရွယ်အမျိုးသမီး လူနာဆိုရင် အမေရိကားကိုသွားလည်ပြီး ပြန်လာတဲ့နေရာမှာ ပိုးပါလာတာပါပဲ။” လို့ ဆိုပါတယ်။
လက်ရှိရှာဖွေဖော်ထုတ်ထားတဲ့ ကိုဗစ်ဗိုင်းရက်အမျိုး အစားတွေဖြစ်တဲ့ အယ်လ်ဖာ ၊ ဘီတာ ၊ ဂမ်မာ နဲ့ ဒယ်လ်တာ ပိုးတွေထက် မြူက ပိုပြီး ကာကွယ်ဆေး မတိုးသလို ပြန့်နှံ့ မှုလည်း အားပိုကောင်းတယ်လို့ ဆိုပါတယ်။ ဟောင်ကောင် ကျွန်းသား တစ်ဝက်ကျော်က ကာကွယ်ဆေး ထိုးထားပါတယ်။
ဒယ်လ်တာပိုး ထက်ပိုဆိုးတဲ့ မြူ ပိုး ပေါ်လာလို့ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ ပြန်ပေါ်လာနိုင်တယ်လို့ ကျန်းမာရေး အာဏါပိုင်တွေက ဆိုနေပါတယ်။
REF: UPI,Photo:Credit strait times
Zawgyi
မောင်ယဿ ( စက်တင်ဘာ ၄ )
REF: UPI
Photo: strait times
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
International-news
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ မောင်ယဿ ( စက်တင်ဘာ ၁၄ ) စပိန်နိုင်ငံ တူဒီလားမြို့ မှာ ရုပ်အဆိုးဆုံ ခရမ်းချဉ်သီး ပြိုင်ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒိပြိုင်ပွဲကို တူဒီလာက လယ်သမားဒါဇင်နဲ့ ချီပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ လယ်သမားတွေပြတဲ့ ရုပ်ဆိုးဆိုး ခရမ်းချဉ်သီးတွေကို မြို့နေတော်တော်များများ က လာကြည့်ပြီး မဲပေးကြပါတယ်။ အနိုင်ရသွားတဲ့သူကိုလည်း ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတော်တော်များများ ချီးမြှင့်ပါတယ်။ “ ဘယ်သူကတော့ဗျာ ၊ ရုပ်ဆိုးတဲ့ အသီးတွေ မျိုးတွေ ကို စိုက်မလဲဗျာ။ အဲ့ပြဿနာကို သယ်လာတာက ပျားတွေဗျ။ သူတို့က ဝတ်မှုံကူးတယ်ဗျာ ၊ အဲ့ဒိမှာ ဘာတွေ ထူးထူးဆန်းဆန်း …
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ မောင်ယဿ ( စက်တင်ဘာ ၁၄ ) ၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။ မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။ အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။ နေရာဖယ်ရှား …