အမေရိကန် ဂေါ့တဲလန့် ဆရာကြီး ဆိုင်မွန်း စက်ဘီးပေါ်က ပြုတ်ကျလို့ ကျောရိုးကျိုး

အမေရိကန် ဂေါ့တဲလန့် ဆရာကြီး ဆိုင်မွန်း စက်ဘီးပေါ်က ပြုတ်ကျလို့ ကျောရိုးကျိုး
Cele News

အမေရိကန် ဂေါ့တဲလန့် ဆရာကြီး ဆိုင်မွန်း စက်ဘီးပေါ်က ပြုတ်ကျလို့ ကျောရိုးကျိုး

အမေရိကန် ဂေါ့တဲ့လန့် က ဆရာကြီး ဆိုင်မွန်းကိုဝဲလ် က စက်ဘီးစီးရင်း စက်ဘီးပေါ်က ပြုတ်ကျပြီး ခါးရိုးကျိုးသွားကာ ဆေးရုံ တင်ထားရတယ်လို့ သူ့ရဲ့ ကိုယ်စားလှယ်က ဆိုပါတယ်။

အမေရိကန် ဂေါ့တဲလန့် ဆရာကြီး ဆိုင်မွန်း စက်ဘီးပေါ်က ပြုတ်ကျလို့ ကျောရိုးကျိုး1

ပြီးခဲ့တဲ့ စနေနေ့က ဆိုင်မွန်း က သူ့ရဲ့ လျှပ်စစ်စက်ဘီး ကို စမ်းသပ်ပြီး စီးကြည့်ပါတယ်။ သိတဲ့အတိုင်းပဲ သူက စက်ဘီးကို အမျိုးမျိုး စမ်းသပ် ကြည့်နေတယ်လေ။ အဲ့လို စီးနေရင်းက ရုတ်တရက် စက်ဘီးက ခေါက်လဲပီး သူ ပြုတ်ကျသွားတယ်။ မိသားစုတွေ ပြေးလာထူတော့ သူက အကိုင်တောင် မခံနိုင်ဘူး ဖြစ်နေတယ်။

ကြည့်ရတာ သူ့ရဲ့ ကျောရိုး တစ်ခုခု ဖြစ်သွားတယ်ထင်လို့ အရေးပေါ်ကား ခေါ်ပြီး ဆေးရုံတင်လိုက် ရပါတယ်။ ဆေးရုံရောက်လို့ ဓာတ်မှန်ရိုက်ကြည့်တော့မှ ကျောရိုးကျိုး သွားတယ်လို့ သိရပါတယ်။ အခုတော့ အခြေအနေ ကောင်းပါတယ်” လို့ ဆိုတယ်။

အမေရိကန် ဂေါ့တဲလန့် ဆရာကြီး ဆိုင်မွန်း စက်ဘီးပေါ်က ပြုတ်ကျလို့ ကျောရိုးကျိုး2

ဆိုင်မွန်း (၆၀နှစ်)က သူ့ရဲ့ မိသားစုနဲ့အတူ မာလီဘူးက အိမ်မှာ ကိုဗစ်ရောဂါ ရှောင်ဖို့အတွက် သီးခြား ခွဲနေကြ တာပါ။ ခြံထဲမှာ စက်ဘီးစီးရင်း ဖြစ်သွားတော့ မာလီဘူးဆေးရုံမှာ တင်ထားပါတယ်။ လောလောဆယ် အနေအထား အရ အခြေအနေ ကောင်းတယ်လို့ ဆိုပေမဲ့ ဆေးစစ်မှုတွေကို တစ်ခုပြီး တစ်ခု လုပ်နေပါတယ်။

ဆိုင်းမွန်ရဲ့ ကိုယ်စားလှယ်က အခြေအနေ ကောင်းတယ်လို့ ဆိုပေမဲ့ လာမယ့် အင်္ဂါနေ့မှာ ပြန်စမယ့် အမေရိကန် ဂေါ့တဲ့လန့် ရှိုး အစီအစဉ်ကို ဆိုင်မွန်း ပါနိုင်မယ် မပါနိုင်ဘူးဆိုတဲ့ အဖြေကို တော့ တိတိကျကျ မပေးနိုင်သေးပါဘူးလို့ ဒက်လိုင်း သတင်းဌာနကို ပြောပါတယ်။

အမေရိကန် ဂေါ့တဲလန့် ဆရာကြီး ဆိုင်မွန်း စက်ဘီးပေါ်က ပြုတ်ကျလို့ ကျောရိုးကျိုး3

အင်္ဂါနေ့မှာစပြီး လိုက်ရှိုးလွှင့်မယ့် အစီအစဉ်က အားလုံး အသင့်ဖြစ်နေပါပြီ။ သူရဲ့ ခွဲစိတ်မှုက ၅နာရီကြာပြီး ကျောရိုးထဲကို သတ္တုချောင်း ထည့်မထည့် ဆုံးဖြတ်ချက်ကလည်း မရသေးဘူးလို့ အတွင်း သတင်းတစ်ခုက ဆိုပါတယ်။ တနင်္ဂနွေနေ့ ညနေကတော့ ဆိုင်မွန်းက သူ့ကို လာပြီး လုပ်တဲ့ အင်းတာဗျူးမှာ သူပြန်လာမှာလို့ ဆိုပါတယ်။

သူ့ရဲ့ တွစ်တာမှာကတော့ “ လျှပ်စစ်စက်ဘီးကို ပထမဆုံး အနေနဲ့ စစီးတော့မယ်ဆိုရင် ညွှန်ကြားချက်တွေကို သေသေချာချာ ဖတ်ပြီးမှ စီးပါ။ ကျနော်ကတော့ အခုကျောရိုး ကျိုးသွားပြီ။ ဆေးရုံ က ဆရာဝန်တွေ သူနာပြုတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

အမေရိကန် ဂေါ့တဲလန့် ဆရာကြီး ဆိုင်မွန်း စက်ဘီးပေါ်က ပြုတ်ကျလို့ ကျောရိုးကျိုး4

ကျနော် တွေ့ဖူးသမျှထဲမှာတော့ ဒီဆေးရုံက ဆရာဝန်တွေ သူနာပြုတွေက တော်တော် ကောင်းတာပဲဗျ” လို့ ရေးတင်ထားပါတယ်။

မောင်ယဿ, REF: UPI, Photo; UPI

Zawgyi

အေမရိကန္ ေဂါ့တဲလန႔္ ဆရာႀကီး ဆိုင္မြန္း စက္ဘီးေပၚက ျပဳတ္က်လို႔ ေက်ာ႐ိုးက်ိဳး

အေမရိကန္ ေဂါ့တဲ့လန႔္ က ဆရာႀကီး ဆိုင္မြန္းကိုဝဲလ္ က စက္ဘီးစီးရင္း စက္ဘီးေပၚက ျပဳတ္က်ၿပီး ခါး႐ိုးက်ိဳးသြားကာ ေဆး႐ုံ တင္ထားရတယ္လို႔ သူ႔ရဲ႕ ကိုယ္စားလွယ္က ဆိုပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔က ဆိုင္မြန္း က သူ႔ရဲ႕ လွ်ပ္စစ္စက္ဘီး ကို စမ္းသပ္ၿပီး စီးၾကည့္ပါတယ္။ သိတဲ့အတိုင္းပဲ သူက စက္ဘီးကို အမ်ိဳးမ်ိဳး စမ္းသပ္ ၾကည့္ေနတယ္ေလ။ အဲ့လို စီးေနရင္းက ႐ုတ္တရက္ စက္ဘီးက ေခါက္လဲပီး သူ ျပဳတ္က်သြားတယ္။ မိသားစုေတြ ေျပးလာထူေတာ့ သူက အကိုင္ေတာင္ မခံႏိုင္ဘူး ျဖစ္ေနတယ္။

ၾကည့္ရတာ သူ႔ရဲ႕ ေက်ာ႐ိုး တစ္ခုခု ျဖစ္သြားတယ္ထင္လို႔ အေရးေပၚကား ေခၚၿပီး ေဆး႐ုံတင္လိုက္ ရပါတယ္။ ေဆး႐ုံေရာက္လို႔ ဓာတ္မွန္႐ိုက္ၾကည့္ေတာ့မွ ေက်ာ႐ိုးက်ိဳး သြားတယ္လို႔ သိရပါတယ္။ အခုေတာ့ အေျခအေန ေကာင္းပါတယ္” လို႔ ဆိုတယ္။

ဆိုင္မြန္း (၆၀ႏွစ္)က သူ႔ရဲ႕ မိသားစုနဲ႔အတူ မာလီဘူးက အိမ္မွာ ကိုဗစ္ေရာဂါ ေရွာင္ဖို႔အတြက္ သီးျခား ခြဲေနၾက တာပါ။ ၿခံထဲမွာ စက္ဘီးစီးရင္း ျဖစ္သြားေတာ့ မာလီဘူးေဆး႐ုံမွာ တင္ထားပါတယ္။ ေလာေလာဆယ္ အေနအထား အရ အေျခအေန ေကာင္းတယ္လို႔ ဆိုေပမဲ့ ေဆးစစ္မႈေတြကို တစ္ခုၿပီး တစ္ခု လုပ္ေနပါတယ္။

ဆိုင္းမြန္ရဲ႕ ကိုယ္စားလွယ္က အေျခအေန ေကာင္းတယ္လို႔ ဆိုေပမဲ့ လာမယ့္ အဂၤါေန႔မွာ ျပန္စမယ့္ အေမရိကန္ ေဂါ့တဲ့လန႔္ ရႈိး အစီအစဥ္ကို ဆိုင္မြန္း ပါႏိုင္မယ္ မပါႏိုင္ဘူးဆိုတဲ့ အေျဖကို ေတာ့ တိတိက်က် မေပးႏိုင္ေသးပါဘူးလို႔ ဒက္လိုင္း သတင္းဌာနကို ေျပာပါတယ္။

အဂၤါေန႔မွာစၿပီး လိုက္ရႈိးလႊင့္မယ့္ အစီအစဥ္က အားလုံး အသင့္ျဖစ္ေနပါၿပီ။ သူရဲ႕ ခြဲစိတ္မႈက ၅နာရီၾကာၿပီး ေက်ာ႐ိုးထဲကို သတၱဳေခ်ာင္း ထည့္မထည့္ ဆုံးျဖတ္ခ်က္ကလည္း မရေသးဘူးလို႔ အတြင္း သတင္းတစ္ခုက ဆိုပါတယ္။ တနဂၤေႏြေန႔ ညေနကေတာ့ ဆိုင္မြန္းက သူ႔ကို လာၿပီး လုပ္တဲ့ အင္းတာဗ်ဴးမွာ သူျပန္လာမွာလို႔ ဆိုပါတယ္။

သူ႔ရဲ႕ တြစ္တာမွာကေတာ့ “ လွ်ပ္စစ္စက္ဘီးကို ပထမဆုံး အေနနဲ႔ စစီးေတာ့မယ္ဆိုရင္ ၫႊန္ၾကားခ်က္ေတြကို ေသေသခ်ာခ်ာ ဖတ္ၿပီးမွ စီးပါ။ က်ေနာ္ကေတာ့ အခုေက်ာ႐ိုး က်ိဳးသြားၿပီ။ ေဆး႐ုံ က ဆရာဝန္ေတြ သူနာျပဳေတြအားလုံးကို ေက်းဇူးတင္ပါတယ္။

က်ေနာ္ ေတြ႕ဖူးသမွ်ထဲမွာေတာ့ ဒီေဆး႐ုံက ဆရာဝန္ေတြ သူနာျပဳေတြက ေတာ္ေတာ္ ေကာင္းတာပဲဗ်” လို႔ ေရးတင္ထားပါတယ္။

ေမာင္ယႆ, REF: UPI, Photo; UPI

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …