အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ  အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်1

၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက ဘာဒီ ၃ ခါရ ခဲ့ပါတယ်။ ဒုတိယ လိုက်တဲ့သူနဲ့ ၅ချက်ကွာ ပြီးတော့ အပြတ်အသက် အနိုင်ယူခဲ့ပါတယ်။

ပြိုင်ပွဲ ကို တိုက်ဂါးဝုဒ် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး သားဖြစ်သူရဲ့ ဂေါက်အိတ်ကို ထမ်းပြီး ကယ်ဒီ လိုက်ခဲ့ ပါတယ်။

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ  အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်2

ကမ္ဘာ့ထိပ်တန်းပြိုင်ပွဲ ၁၅ ခုကို အနိုင်ရခဲ့တဲ့ တိုက်ဂါးဝုဒ်က ပြိုင်ပွဲကို ကြည့်ဖို့အတွက် ရှေ့ဆုံးခုံမှာ ထိုင်ပြီး အားပေခဲ့ပေမယ့် တာအထွက် ပထမကျွင်းမှာ သူ့ရဲ့ သားက တာထွက် အခြေအနေကောင်းတာနဲ့ သားရဲ့ ဂေါက်အိတ်ကို ကိုယ်တိုင်ထမ်းပြီး လိုက်တော့တာပါပဲ။

သူက ဂေါက်အိတ်ထမ်းပြီး သူ့သား ချာလီရဲ့ ကယ်ဒီအဖြစ် လိုက်ရင်း အကြံဉာဏ်တွေ ပေးခဲ့ပါတယ်။ ဘယ်နေရာမှာ ဘယ်တုတ်နဲ့ ရိုက်တာ အကောင်းဆုံးဆိုတဲ့ အကြံဉာဏ်တွေရယ် အကွာအဝေး တွက်ချက်မှု တွေကို ပြောပြခဲ့ပါတယ်။

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ  အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်3

ဖဲဝေး အပြင်ကနေပြီးတော့ သူ့ရဲ့ အကောင်းဆုံး အားပေးမငတွေကြောင့် သူ့ရဲ့ သားက အမေရိကန်က နံပါတ်တစ် ကလေးဂေါက်သီးသမား ဆုကိုရခဲ့ပါတယ်။

ချာလီက ဖလော်ရီဒါက ဂေါက်ပြိုင်ပွဲ တွေမှာ ဆုရထားတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ အငယ်တန်း ဂေါက်ပြိုင်ပွဲမှာလည်း အကောင်းဆုံး လူသစ်တန်း ပထမဆုကို ရခဲ့ပါတယ်။

အဲ့ဒိတုန်းကလည်း တိုက်ဂါးဝုဒ်ကိုယ်တိုင် ကယ်ဒီ လိုက်ခဲ့ပါတယ်။ သူက “ သူက ကျနော်နဲ့ ဂေါက်ကစားတိုင်း လိုက်လေ့ရှိပါတယ်။ ပြီးတော့ ဘယ်လိုကစား ရမယ် ၊ ဘယ်လို နေထိုင်ရမယ်ဆိုတာကို ကျနော့်ကို အမြဲ မေးလေ့ ရှိပါတယ်။

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ  အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်4

သူကတော့ တကယ့် ပါရမီရှင်ပါ။ ကျနော်ရှင်းပြ တာကို နားထောင်ပြီးတော့ သူကို သင်ပေးစရာတောင် မလိုဘဲ ပါ (အချက်ရေ အတိုင်း) ရအောင် ကစားနိုင်ခဲ့ပါတယ်။

သူ့ရဲ့ အစွမ်းကတော့ တော်တော် ကောင်းတယ်။ ကျနော် ငယ်ငယ်ကတောင် အဲ့လောက် မကစားနိုင်ခဲ့ပါဘူး”လို့ ဂေါက်ဒိုင်ဂျက် မဂ္ဂဇင်းနဲ့ အင်တာဗျူး မှာ ဖြေခဲ့ပါတယ်။

မောင်ယဿ, REF: UPI, Photo; UPI

Zawgyi














No Comments

Leave a Reply

Your email address will not be published.

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ
Sport
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲတွေထဲ က ပွဲစဉ် တစ်ခုဖြစ်တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ပွဲ ကစားဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်ပွဲစဉ် သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ်အနေနဲ့ သမိုင်မှတ်တမ်း တစ်ခုကို ရေးထိုးလိုက်တာက ဘိုင်ယန်မြူးနစ် အသင်းပါပဲ။ ပြိုင်ဖက် ဘာစီလိုနာအသင်းကို ၈ဂိုး သွင်းယူလိုက်တာက သမိုင်းမှတ်တမ်း ဝင်သွားပါတယ်။ ဘာစီလိုနာအသင်းကလည်း နှစ်၆၀ ကျော် ထိန်းသိမ်းလာတဲ့ ၁၉၄၆ ခုနှစ်ကတည်းက ဂိုးပြန် မရှုံးဖူးတဲ့ စံချိန်ကို ဒီပွဲမှာ ချိုးပြလိုက်တာပါပဲ။ ပွဲစလို့ ၁၀မိနစ် အတွင်းမှာ …

Sport
လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ

လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ စဉ်တွေထဲက ဒုတိယအကျော့ ပြန်ကန်ပွဲတွေ ကစားပြီးနောက်မှာတော့ စပိန် နာမည်ကြီး ရီရယ်မက်ဒရစ်ကို အင်္ဂလန်ကလပ် မန်စီတီးက အနိုင်ယူပြီး အီတလီက စီရီးအေဘီလူးကြီး ဂျူဗင်တပ်ကို ပြင်သစ်အသင်း လိုင်းယွန်းက အနိုင်ယူခဲ့ကာ ကွာတာဖိုင်နယ်မှာ တွေ့ ဆုံ ကြတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ချန်ပီယံလိဂ် ဘောလုံပွဲတွေ မနားခင် ဖေဖော်ဝါရီလအတွင်းက မန်စီတီးကွင်းမှာ မန်စီတီးက ရီရဲမက်ဒရစ်အသင်းကို ကို ၂-၁ဂိုးနဲ့ အနိုင်ယူ ထားတာကို ရီရဲက အိမ်ကွင်းမှာ အနိုင်အဖြစ် မပြောင်း နိုင်ဘဲ ၂-၁ဂိုးနဲ့ ထပ်ရှုံးလို့ ၂ပွဲပေါင်း …

Sport
၂၀၁၇ ရှုံးကြွေးကိုပြန်မဆပ်နိုင်တဲ့ ချယ်ဆီးနဲ့ ၂၀၂၀ FAဖလားပိုင်ရှင် အာဆင်နယ်

၂၀၁၇ ရှုံးကြွေးကိုပြန်မဆပ်နိုင်တဲ့ ချယ်ဆီးနဲ့ ၂၀၂၀ FAဖလားပိုင်ရှင် အာဆင်နယ် လွန်ခဲ့တဲ့ ၃နှစ်၂၀၁၇ FA ဖလားဖိုင်နယ်မှာ ချယ်ဆီးနဲ့ အာဆင်နယ် တွေ့ဆုံခဲ့စဉ်က အာဆင်နယ်အသင်း က ချယ်ဆီး အသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင် ယူပြီး ဖလားကို ရယူ သွားခဲ့ပါတယ်။ မနေ့ညက ကစားတဲ့ ၂၀၂၀ FAဖလား ဖိုင်နယ်မှာလည်း ချယ်ဆီးနဲ့ အာဆင်နယ်တို့ ပြန်လည်ဆုံတွေ့ခဲ့ရာ အာဆင်နယ်ကပဲ ၂ဂိုး ၁ဂိုးနဲ့ ထပ်မံ အနိုင်ယူပြီး FAဖလား ကို ကိုင်မြှောက် ပိုင်ခွင့်ရခဲ့ပြန်ပါပြီ။ ၂၀၁၇ တုန်းက အာဆင်နယ်က ဗွေဆော်ဦးဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီနှစ်မှာ ချယ်ဆီးအသင်းက ဗွေဆော်ဦးဂိုးကို ပွဲစပြီး ၅မိနစ်အကြာမှာ …