အဖုဖု အထစ်ထစ် ကြွက်သားကြီးနဲ့ အငိုသန်တဲ့ ဘောလီးဝုဒ် မင်းသား ရမ်ဗာဆင်းဂ်

Cele News

အဖုဖု အထစ်ထစ် ကြွက်သားကြီးနဲ့ အငိုသန်တဲ့ ဘောလီးဝုဒ် မင်းသား ရမ်ဗာဆင်းဂ်

ဘောလီးဝုဒ်မှာ ကိုယ်ခန္တာကို အသွင်းပြောင်းယူနိုင်တဲ့ မင်းသားတွေထဲမှာ ရမ်ဗာဆင်းဂ် တစ်ယောက်လည်း ပါ ပါတယ်။ နာမည်ကြီး မင်းသားတွေ ဝင်ငွေအကောင်းဆုံး မင်းသားတွေနဲ့ နင်လားငါလား သရုပ်ဆောင်နိုင်ပြီး နှစ်တိုတို အတွင်းမှာ အောင်မြင်မှုတွေကို ရယူနိုင်တဲ့ သူပါ။

အဖုဖု အထစ်ထစ်  ကြွက်သားကြီးနဲ့ အငိုသန်တဲ့ ဘောလီးဝုဒ် မင်းသား ရမ်ဗာဆင်းဂ်1

အခုတော့ သူက ဝင်ငွေအကောင်းဆုံး မင်းသား တစ်လက် ဖြစ်နေပါပြီ။ မနေ့က သူက သူ့ရဲ့ အင်စတာဂရမ်မှာ သူ့ရဲ့ ကြွက်သားတွေကို ထုတ်ပြတဲ့ ပုံကို တင်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး လိုင်းပေါ်မှာ အုတ်အုတ် ကြပ်ကြပ် ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အမျိုးသမီး ဖန်တွေက သူ့ ကို အသဲနလုံး အီမိုဂျီတွေ ပေးခဲ့ကြပေမဲ့ အချို့သော ယောက်ျားလေးဖန်တွေက မဖြစ်နိုင်ဘူး လို့ ဝိုင်းဝေဖန်ကြပါတယ်။

အဖုဖု အထစ်ထစ်  ကြွက်သားကြီးနဲ့ အငိုသန်တဲ့ ဘောလီးဝုဒ် မင်းသား ရမ်ဗာဆင်းဂ်2

သူကတော့ သူ့ရဲ့ အင်စတာဂရမ် ပုံအောက်မှာ ယုံချင်ယုံ မယုံချင်နေ ဆိုပြီး ပုံစာရေး တင်ခဲ့ပါတယ်။ သူတို့ ရုပ်ရှင် အသိုင်းအဝိုင်းက လူတွေတောင် တော်ာတော် အံ့အားသင့် နေကြတယ်။ ပုံစာမှာ ထပ်ပါလာတာက ကြည့်လို့ဝရင် ပုံကို ဖျက်လိုက်မှာနော် ဆိုတဲ့ စာက ပါလာတော့ အားလုံး ဇဝေဇဝါတွေ ဖြစ်ကုန်ကြတာပေါ့။

အဖုဖု အထစ်ထစ်  ကြွက်သားကြီးနဲ့ အငိုသန်တဲ့ ဘောလီးဝုဒ် မင်းသား ရမ်ဗာဆင်းဂ်3

ပုံမှာက စွတ်ကျယ်ချိုင်းပြတ်အောက်က အဖုဖု အထစ်ထစ် ကြွက်သားကြီးတွေက ဖိုတိုရှော့ လုပ်ထားသလို မျိုးကို အကြီးကြီး ဖြစ်နေပါတယ်။ အဲ့ဒါနဲ့ သူ့ရဲ့အရင်နှီးဆုံး မိတ်ဆွေ တစ်ယောက်က သူ့အိမ်ကို သွားကြည့်ခဲ့ပါတယ်။

တကယ်ပါပဲ သူ့ရဲ့ အားကစားလေ့ကျင့်ခန်း ရုံထဲမှာ လေ့ကျင့်နေတာကို တွေ့ခဲ့ပြီး စကား စမြည်းပြောခဲ့ပါတယ်။ သူက “ ကိုဗစ်-၁၉ ကာလအတွင်းမှာ ဘာအလုပ်မှ မရှိလို့ စားလိုက် လေ့ကျင့်ခန်းလုပ်လိုက် နဲ့ လုပ်နေတာ အခုတော့ ကြွက်သား ကြီးတွေ အကြီး ကြီးဖြစ်ကုန်ပြီ” လို့ ပြောပါတယ်။

အဖုဖု အထစ်ထစ်  ကြွက်သားကြီးနဲ့ အငိုသန်တဲ့ ဘောလီးဝုဒ် မင်းသား ရမ်ဗာဆင်းဂ်4

ဘောလီးဝုဒ် ဆယ်လီ မင်းသမီး ဒီပီကာပဒူကုန်းကတော့ သူနဲ့ပတ်သက်ပြီး “သူက ကြည့်တော့ ကြွက်သားကြီးတွေနဲ့ တကယ့်ယောက်ျားကြီး ပါပဲ ။ သရုပ်ဆောင်ပြီးဆိုရင် တကယ်ကို အငိုသန်တဲ့ မင်းသားပါ။ ကျမက အဲ့လိုမျိုးကို သိပ်ကြိုက်တာပဲ”လို့ ဆိုတယ်။

အဖုဖု အထစ်ထစ်  ကြွက်သားကြီးနဲ့ အငိုသန်တဲ့ ဘောလီးဝုဒ် မင်းသား ရမ်ဗာဆင်းဂ်5

သူ့ရဲ့ နောက်ဆုံးရိုက်ထားတဲ့ ကားကတော့ Kabir Khan’s 83 ပါလို့ သူက သူ့ကို လာကြည့်တဲ့ သူတွေကို ပြောပြပါတယ်။ ဘောလီးဝုဒ်မှာ အခြေအနေကောင်းရင် အဲ့ဒိကားကို ရုံတင်ဖို့ ပြင်ထားပါတယ်။ ကမ္ဘာ့ ခရစ်ကတ်ပြိုင်ပွဲမှာ အိန္ဒိယက ၁၉၈၃ မှာ ပထမဆုံး ဖလား ရရှိခဲ့ပါတယ်။

အဲ့ဒိဖြစ်ရပ်မှန်ကို အခြေခံပြီး သူက အသင်းရဲ့ခေါင်းဆောင်အဖြစ်နဲ့ ရုန်းကန် ခဲ့ရပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ ဘာမှမဟုတ်တဲ့ အသင်းလေးတစ်ခုက ကမ္ဘာ့ဖလား ဆုတ်ကိုင်နိုင်တဲ့ အသင်းဖြစ်အောင် ကြိုးစားပုံကို စိတ်ဝင်စားဖွယ် ကောင်းအောင် ရိုက်ထားတာပါ။

မောင်ယဿ, REF: mid day, Photo; instargram

Zawgyi











No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …