အတ္တလန်တစ် သမုဒ္ဒရာထဲကနေ ရေနေ မွန်းစတားတစ်ကောင် ဖမ်းဆီးရမိ

Knowledge










မောင်ယဿ REF: the sun us
Photo; the sun

Unicode

အတ္တလန်တစ်က ရေနေ မွန်းစတားတစ်ကောင် ဖမ်းဆီးရမိ

လိုင်းပေါ်ကို နာတာလီယာ ဗိုရိုဗောက် ဆိုတဲ့ အမျိုးသမီးတစ်ယောက်က တစ်တော့ ကစားရင်း ပို့စ်တစ်ခုကို တင်လိုက်ပါတယ်။ အဲ့ဒါကတော့ အတ္တလန်တစ် သမုဒ္ဒရာထဲက ဖမ်းမိတဲ့ မွန်းစတားတစ်ကောင် အကြောင်းပါပဲ။

ဘယ်လို ငါး အမျိုးအစားလဲတော့ မသိပါဘူး။ ခြေထောက် ၃ ချောင်းပါပြီး ခေါင်းကြီးကြီးနဲ့ အကောင်ပါ။ အဲ့ဒိကောင်က ငါးဖမ်းသမားတစ်ယောက်ရဲ့ ငါးမျှားကြိုးမှာ မိလာတာပါ။ ငါးဖမ်းသမားက ငါးမိပြီ ဆိုပြီး ကုန်းပတ်ပေါ်ကို ဆွဲတင်လိုက်တဲ့ အခါမှာ ဘာကောင်မှန်း မသိလို့ လန့်အော်ပြီး ထွက်ပြေး သွားပါတယ်။

သူ့ရဲ့ အဖော်က ဖုန်းထုတ်ပြီး ဗီဒီယို ရိုက်ထားပါတယ်။ အဲ့ ဒိမွန်းစတားလေးက ကုန်ပတ်ပေါ်မှာလူးလိမ့်နေပါတယ်။ ပါးစပ်မှာလည်း ငါးမျှားကြိုး တန်းလန်းနဲ့ပါ။

ဗီဒီယို ရိုက်သူ့ရဲ့ အမျိုးသမီးကလည်း အဲ့ဒိအကောင်ကို ကြည့်ပြီး လန့်နေပါတယ်။ ဖိုင်ထဲမှာတော့ ဘယ်နေရာ က ဖမ်းမိတယ်ဆိုတာကိုတော့ ဖော်မပြထားပါဘူး။

သူတို့ကတော့ လိုင်းပေါ်တင်ပြီး ဘာကောင်လဲဆိုတာ ဖြေပေးကြဖို့ မေးမြန်းထားပါ တယ်။ ဘယ်သူကမှတော့ အဖြေ တိတိကျကျ မပေးနိုင်သေးပါဘူး။

သူတို့တင်တဲ့ ပို့စ်အောက်မှာတော့ ပြန်ပြောကြတဲ့ သူတွေက ပြန်လွှတ်ပေးလိုက်ပါလို့ ပြောကြတဲ့ သူတွေ များပါတယ်။ သူတို့ကလည်း အဲ့ဒိအကောင်ရဲ့ ပါစပ်မှာ ညှိနေတဲ့ ငါးမျှားချိတ်ကို မဖြုတ်ရဲ ကြပါဘူး။

သူတို့ပို့စ်ကို လိုင်းသုံးသူ တစ်သန်း ၄ သိန်းကျော် က like ပေးကြပေမယ့် ဘာ အကြံဉာဏ်မှ မပေးခဲ့ကြပါဘူး။ နောက်ပိုင်းမှာတော့ သူတို့ကို အကြံပေးတဲ့ သူတွေ ရှိလာပါတယ်။ အဲ့ဒိအကောင်က အရိုးနု ငါးမျိုးဖြစ်တဲ့ ကလီယားနို့စ်စကိတ် ငါးမျိုး ဖြစ်ပါတယ်လို့ ရှင်းပြကြတယ်။

ဒါပေမဲ့ အတ္တလန်တစ်မြောက်ပိုင်းမှာ ရှင်သန် တဲ့ ကလီးယားနို့စ်တွေက ခြေထောက်၃ချောင်း လို့ ထင်ရတဲ့ ရေယက်တွေပဲပါပြီး အဲ့ဒိအကောင်လို ထင်ထင်ရှားရှား ခြေထောက်တွေ မပါပါဘူး။ နောက်ပြီးတော့ ကလီယားနို့စ်တွေက နှစ်စဉ် ကုန်မြေဆီကို ကူးခတ်လာပြီး မျိုးချလေ့ရှိပါတယ်။

မောင်ယဿ REF: the sun us
Photo; the sun

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ......''''
Knowledge
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.”

”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.” ချစ်သူတွေကြားမှာ နမ်းခြင်းဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်း သိကြပါတယ်။သို့သော် အနမ်းနဲ့ ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကိုတော့ သိကောင်းမှသိမှာမို့ အချစ်နဲ့ပတ်သက်ပြီး သုတေသန ပြုရာမှာ ကမ္ဘာကျော်တဲ့ ဒေါက်တာဝီလျံစတိုင်းဘတ်ရဲ့ လေ့လာချက် တစ်ချို့ကို ပြောပြချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်ဟာ ၇ ချက်ရှိပြီး ဆိုးကျိုးဟာ ၄ မျိုးရှိပါတယ်တဲ့။ အနမ်းရဲ့ကောင်းခြင်း များ…. ၁…ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတဲ့အချိန်မှာ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်က ကြွက်သားမျှင်တွေကို လှူပ်ရှားလာအောင် ဦးနှောက်က လှူံဆော်ပေးလိုက်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးလွတ်ကြောတွေ စီးဆင်းမှူ …