အတၱလန္တစ္ သမုဒၵရာကိုျဖတ္ၿပီး မကၠဆီကို ပင္လယ္ေကြ႕ထဲကို ဝင္လာတဲ့ အာဖရိက ဖုန္လုံးႀကီး

အတၱလန္တစ္ သမုဒၵရာကိုျဖတ္ၿပီး မကၠဆီကို ပင္လယ္ေကြ႕ထဲကို ဝင္လာတဲ့ အာဖရိက ဖုန္လုံးႀကီး
International-news

အတၱလန္တစ္ သမုဒၵရာကိုျဖတ္ၿပီး မကၠဆီကို ပင္လယ္ေကြ႕ထဲကို ဝင္လာတဲ့ အာဖရိက ဖုန္လုံးႀကီး

ေၾကာက္စရာ ေကာင္းေလာက္ေအာင္ကို ႀကီးမားတဲ့ ဖုန္လုံးႀကီးက အာဖရိက တိုက္ကေန ေလစီးေၾကာင္း တစ္ခုအျဖစ္နဲ႔ အတၱလန္တစ္ သမုဒၵရာကို ျဖတ္ကာ မိုင္ေပါင္းမ်ားစြာ ေဝးကြာတဲ့ မကၠဆီကို ပင္လယ္ေကြ႕ဆီကို ေရာက္ရွိ ခဲ့တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒ ပညာရွင္ေတြက ဆိုခဲ့ပါတယ္ ။ အဲ့ဒိ ဖုန္းလုံးႀကီးက လက္ရွိ ျဖစ္ပ်က္ ေနတဲ့ ကမာၻ႔ရာသီ စည္းခ်က္ေျပာင္းလဲမႈနဲ႔ပတ္သက္ေနတယ္လို႔ လည္းဆိုၾကတယ္ ။

ဗုဒၶဟူးေန႔က မြန္းလြဲပိုင္းမွာ ဆာဟာရန္ ေလေၾကာင္းလႊာထဲက ဖုန္လုံးႀကီးက မကၠဆီကို ပင္လယ္ေကြ႕ က ေကာင္းကင္ေပၚကို က်ဴးေက်ာ္ ဝင္ေရာက္လာပုံကို ၿဂိဳဟ္တုက ဓာတ္ပုံေတြအရ ျမင္ေတြ႕ခဲ့ၾကပါတယ္ ။ တိုက္ႀကီး တစ္ခုကေန အျခားတိုက္ႀကီး တစ္ခုဆီကို ဖုန္လုံးႀကီးက ေလစီးေၾကာင္းလို ပုံစံမ်ိဳး ေ႐ႊ႕ လွ်ားခဲ့တာပါ ။ ဖုန္မႈန႔္ ေတြရဲ႕ အသိပ္သည္းဆုံးေနရာ၂ခုကို ေတြ႕ခဲ့ရပါတယ္။ ပထမ ဖုန္မႈန႔္ အသိပ္သည္းဆုံးေနရာက ကရစ္ဘီယံ ပင္လယ္ေပၚမွာ တိမ္ေတာင္တိမ္လိပ္ပုံစံ ဖုန္လုံးႀကီးကို ျမင္ခဲ့ရၿပီး တစ္ပတ္ေက်ာ္ေက်ာ္ ေလာက္မွာ ဖုန္လုံးႀကီးက မိုးႀကိဳးမုန္တိုင္းနဲ႔ အတူ အာဖရိကတိုက္ကို ျဖတ္ၿပီး ထြက္ခြာ သြားခဲ့ပါတယ္ ။

“ဖုန္လုံးႀကီးက အာဖရိကတိုက္ကမ္းေျခကေန ထြက္ခြာလာၿပီး သီတင္းပတ္ေတာ္ေတာ္အၾကာမွာ အေမရိက တိုက္ကို ေရာက္လာတာပါ ။ ဒါမ်ိဳးက ျဖစ္ေလ့ျဖစ္ထေတာ့မရွိပါဘူး။ ဒါေပမဲ့ ကရစ္ဘီယံ ပင္လယ္ေပၚက ဖုန္လုံးႀကီး က ေတာ္ေတာ္စိတ္ဝင္စားဖို႔ေကာင္းေလာက္ေအာင္ကို သဲအလႊာ အထူႀကီးပါလာပါတယ္ ။ ”လို႔ မိုးေလဝသနဲ႔ မုန္တိုင္းပညာရွင္ ေကာ္ေလာစကီးက ဆိုပါတယ္ ။ “အဲ့ဒိဖုန္လုံးႀကီးက ေနပါလာတဲ့ သဲလႊာေတြက ဘယ္ေနရာမွာ ပို႔ခ်မယ္ဆိုတာက ပိုၿပီး စိတ္ဝင္စား စရာေကာင္းပါတယ္။

အရင္က သဲကႏၲရ ထဲမွာ သဲမုန္တိုင္း တိုက္ၿပီးေနာက္ သဲေတြကို ပို႔ခ်တာက ေတာင္ေလာက္နီးနီး ျဖစ္ကုန္ပါတယ္ ။ အခု ဖုန္လုံးႀကီးက သဲမုန္တိုင္းေတြထက္ အဆေပါင္းမ်ားစြာ ႀကီးေတာ့ ပင္လဲထဲကိုသာသဲေတြ ပို႔ခ်မယ္ဆိုရင္ေတာ့ ကြၽန္းေတြေတာင္ ျဖစ္သြားႏိုင္ပါတယ္”လို႔ ဆိုတယ္ ။

ဖုန္ဆိုင္ဖုန္ခဲႀကီးကို ပထမဆုံးေတြ႕ခဲ့ရတာက ပြာတိုရီကို မွျဖစ္ၿပီး အဲ့ဒိေနာက္ အေမရိကန္ပိုင္ ဗာဂ်င္ကြၽန္းေပၚ ကေန ေတြ႕ျမင္ခဲ့ရတာပါ။ ဗာဂ်င္ကြၽန္းေပၚမွာေတာ့ ဖုန္းလုံးႀကီးေၾကာင့္ ၃မိုင္အျပင္ကို မျမင္ႏိုင္ရေတာ့ဘဲ ပြာတိုရီကန္ ၿမိဳ႕ေတာ္ ဆန္ဂ်ဴအန္မွာကေတာ့ ၅မိုင္ အျပင္ကို မျမင္ႏိုင္ေတာ့ပါဘူး ။ သဲထုႀကီးက အနည္းဆုံး ေပ၅၀၀၀ ေလာက္ရွိေနပါတယ္။ အခုေတြ႕ရတဲ့ဖုန္လုံးႀကီးက စံခ်ိန္တင္ သဲပါဝင္မႈ အမ်ားဆုံးနဲ႔ အေဝးဆုံးကို ေရာက္ရွိလာတဲ့ ဖုန္လုံးႀကီးျဖစ္တယ္လို႔ ပညာရွင္ေတြက ဆိုပါတယ္ ။

ေမာင္ယႆ

REF: upi / Photo; upi

Unicode

အတ္တလန်တစ် သမုဒ္ဒရာကိုဖြတ်ပြီး မက္ကဆီကို ပင်လယ်ကွေ့ထဲကို ဝင်လာတဲ့ အာဖရိက ဖုန်လုံးကြီး

ကြောက်စရာ ကောင်းလောက်အောင်ကို ကြီးမားတဲ့ ဖုန်လုံးကြီးက အာဖရိက တိုက်ကနေ လေစီးကြောင်း တစ်ခုအဖြစ်နဲ့ အတ္တလန်တစ် သမုဒ္ဒရာကို ဖြတ်ကာ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ မက္ကဆီကို ပင်လယ်ကွေ့ဆီကို ရောက်ရှိ ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်တွေက ဆိုခဲ့ပါတယ် ။ အဲ့ဒိ ဖုန်းလုံးကြီးက လက်ရှိ ဖြစ်ပျက် နေတဲ့ ကမ္ဘာ့ရာသီ စည်းချက်ပြောင်းလဲမှုနဲ့ပတ်သက်နေတယ်လို့ လည်းဆိုကြတယ် ။

ဗုဒ္ဓဟူးနေ့က မွန်းလွဲပိုင်းမှာ ဆာဟာရန် လေကြောင်းလွှာထဲက ဖုန်လုံးကြီးက မက္ကဆီကို ပင်လယ်ကွေ့ က ကောင်းကင်ပေါ်ကို ကျူးကျော် ဝင်ရောက်လာပုံကို ဂြိုဟ်တုက ဓာတ်ပုံတွေအရ မြင်တွေ့ခဲ့ကြပါတယ် ။ တိုက်ကြီး တစ်ခုကနေ အခြားတိုက်ကြီး တစ်ခုဆီကို ဖုန်လုံးကြီးက လေစီးကြောင်းလို ပုံစံမျိုး ရွှေ့ လျှားခဲ့တာပါ ။ ဖုန်မှုန့် တွေရဲ့ အသိပ်သည်းဆုံးနေရာ၂ခုကို တွေ့ခဲ့ရပါတယ်။ ပထမ ဖုန်မှုန့် အသိပ်သည်းဆုံးနေရာက ကရစ်ဘီယံ ပင်လယ်ပေါ်မှာ တိမ်တောင်တိမ်လိပ်ပုံစံ ဖုန်လုံးကြီးကို မြင်ခဲ့ရပြီး တစ်ပတ်ကျော်ကျော် လောက်မှာ ဖုန်လုံးကြီးက မိုးကြိုးမုန်တိုင်းနဲ့ အတူ အာဖရိကတိုက်ကို ဖြတ်ပြီး ထွက်ခွာ သွားခဲ့ပါတယ် ။

“ဖုန်လုံးကြီးက အာဖရိကတိုက်ကမ်းခြေကနေ ထွက်ခွာလာပြီး သီတင်းပတ်တော်တော်အကြာမှာ အမေရိက တိုက်ကို ရောက်လာတာပါ ။ ဒါမျိုးက ဖြစ်လေ့ဖြစ်ထတော့မရှိပါဘူး။ ဒါပေမဲ့ ကရစ်ဘီယံ ပင်လယ်ပေါ်က ဖုန်လုံးကြီး က တော်တော်စိတ်ဝင်စားဖို့ကောင်းလောက်အောင်ကို သဲအလွှာ အထူကြီးပါလာပါတယ် ။ ”လို့ မိုးလေဝသနဲ့ မုန်တိုင်းပညာရှင် ကော်လောစကီးက ဆိုပါတယ် ။ “အဲ့ဒိဖုန်လုံးကြီးက နေပါလာတဲ့ သဲလွှာတွေက ဘယ်နေရာမှာ ပို့ချမယ်ဆိုတာက ပိုပြီး စိတ်ဝင်စား စရာကောင်းပါတယ်။

အရင်က သဲကန္တရ ထဲမှာ သဲမုန်တိုင်း တိုက်ပြီးနောက် သဲတွေကို ပို့ချတာက တောင်လောက်နီးနီး ဖြစ်ကုန်ပါတယ် ။ အခု ဖုန်လုံးကြီးက သဲမုန်တိုင်းတွေထက် အဆပေါင်းများစွာ ကြီးတော့ ပင်လဲထဲကိုသာသဲတွေ ပို့ချမယ်ဆိုရင်တော့ ကျွန်းတွေတောင် ဖြစ်သွားနိုင်ပါတယ်”လို့ ဆိုတယ် ။

ဖုန်ဆိုင်ဖုန်ခဲကြီးကို ပထမဆုံးတွေ့ခဲ့ရတာက ပွာတိုရီကို မှဖြစ်ပြီး အဲ့ဒိနောက် အမေရိကန်ပိုင် ဗာဂျင်ကျွန်းပေါ် ကနေ တွေ့မြင်ခဲ့ရတာပါ။ ဗာဂျင်ကျွန်းပေါ်မှာတော့ ဖုန်းလုံးကြီးကြောင့် ၃မိုင်အပြင်ကို မမြင်နိုင်ရတော့ဘဲ ပွာတိုရီကန် မြို့တော် ဆန်ဂျူအန်မှာကတော့ ၅မိုင် အပြင်ကို မမြင်နိုင်တော့ပါဘူး ။ သဲထုကြီးက အနည်းဆုံး ပေ၅၀၀၀ လောက်ရှိနေပါတယ်။ အခုတွေ့ရတဲ့ဖုန်လုံးကြီးက စံချိန်တင် သဲပါဝင်မှု အများဆုံးနဲ့ အဝေးဆုံးကို ရောက်ရှိလာတဲ့ ဖုန်လုံးကြီးဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ် ။

မောင်ယဿ

REF: upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …