အဆိုတော်အစ္စဏီ အတွက် ဂီတ အနုပညာရှင်များ စု‌ပေါင်းကာမှ အသနားခံစာတင် မည်

အဆိုတော်အစ္စဏီ အတွက် ဂီတ အနုပညာရှင်များ စု‌ပေါင်းကာမှ အသနားခံစာတင် မည်
Entertainment

အဆိုေတာ္အစၥဏီ အတြက္ ဂီတ အႏုပညာရွင္မ်ား စု‌ေပါင္းကာမွ အသနားခံစာတင္ မည္

လက္ရွိ ျပစ္ဒဏ္က်ခံေနေသာအဆိုေတာ္ အစၥဏီ အတြက္ အယူခံ မၾကားနာမွီ အခ်ိန္အတြင္း ဂီတ အႏုပညာရွင္မ်ားက အသနားခံစာတင္သြင္းသြားမည္ ျဖစ္ေၾကာင္း သိရပါတယ္။

အသနားခံစာ တင္သြင္းရသည္မွာ အစၥဏီ၏ မိသားစုမ်ားမွ အကူအညီ ေတာင္းခံလာျခင္းေၾကာင့္ျဖစ္ၿပီး အဆိုေတာ္ အစၥဏီ ၏အမႈကိစၥ မွာ ခ်မွတ္လိုက္ေသာျပစ္ဒဏ္ က အစၥဏီရဲ႕ အနာဂတ္နဲ႔ မိသားစုဝင္မ်ားအတြက္ ႀကီးမား‌ေသာနစ္နာမႈကို အကိုခံစားရေစတာေၾကာင့္ အသနားခံ စာတင္ျပျခင္း ျဖစ္ေၾကာင္းကိုႏိုင္ေဇာ္ ( lazy club)ကေျပာပါတယ္။

” အကိုတို႔ အခုလိုအသနားခံစာ တင္ျပတာက သူ႔မိသားစုကလည္း အကူအညီေတာင္းတယ္။ အကိုတိုဘက္ကလည္း သူနဲ႔ ပတ္သက္ၿပီးတကယ္ သံေယာဇဥ္ ရွိတယ္။ေနာက္ပီးလူသားခ်င္းစာနာနားလည္မႈနဲ႔သူရဲ႕အနာဂတ္လွပဖို႔ လုပ္ေပးတာပါ။သူေကာင္မ‌ေလးအ‌ေပၚမွာႏွိက္စက္ခဲ့တယ္ဆိုတာကိုမျငင္းပါဘူး။ေကာင္မေလးဘက္က သူခံစားခဲ့ရတာကို ေက်ေအးေပးလိုက္တာ‌ အကိုတို႔ေလးစားတယ္။အခုက သူခံေနရတဲ အျပစ္ဒဏ္ကိုေလ်ာ့ေပါ့ေပးေစခ်င္လိုပါ။‌ေျပာခ်င္တာကကြင္းလုံးကြၽတ္လြတ္‌ေပးဖို႔မဟုတ္ပါဘူးထိုက္သင္တဲ့ျပစ္ဒဏ္မ်ိဳး‌ေလ်ာ့‌ေပးဖို႔ပါ။

သူ႔မွာလည္းအနာဂတ္ရွိသလို ဒီ၂ႏွစ္ဆိုတဲ့ကာလမွာ သူဆိုရင္ရ င္႐ုံးခ်ိန္းနဲ႔အခ်ဳပ္နဲ႔ ေနာက္သူ႔မိသားစုဆိုရင္လည္းသူအတြက္ သြားရလာရ နဲ႔အလုပ္ပ်က္ ေငြကုန္အခ်ိန္ကုန္ေလ။သူမိသားစုလည္းသူ႔ျပစ္ဒဏ္ကိုေရာခံေနရတယ္။ အကိုတို႔ဆိုလိုတာၿပီးသြားတဲ့ အမႈကို မွားတယ္မွန္တယ္မေျပာပါဘူး။ သူ႔အတြက္တရားမွ်မွ်တတ လုပ္ေပးဖို႔ပါ။သူ႔ေရွ႕ေနနဲ႔ေျပာၾကည့္ေတာ့ မုဒိန္း မႈနဲ႔ထြက္လာတယ္။ ေဆးစစ္အေျဖနဲ႔ တိုက္ၾကည္ေတာ့ကြဲလြဲတာေတြအမ်ားႀကီးရွိတယ္ဆိုတာသိရတယ္။

အဲ့‌ေတာ့တရားခံတ‌ေယာက္ကို သံသယရွိရင္ သံသယနဲ႔တန္တဲ့ အက်ိဳးကိုခံစားခိုင္းရမွာအခုကသံသယရွိတာကိုအျပစ္ရွိတယ္ဆိုၿပီးခ်လိုက္တယ္ အရမ္းအျပစ္ရွိတယ္လို႔ မေပၚလြင္တာကို အျပစ္ရွိတယ္ဆိုၿပီး ခ်လိုက္တဲ့အေပၚ နည္းနည္းေျဖေလိာ့ေစခ်င္တယ္ ဒါေၾကာင့္သူ႔အတြက္ ျဖစ္ႏိုင္တဲ့ကာလတခုကို ေျဖေလ်ာ့ေပးဖို႔အသနားခံတာပါ။အသနားခေရးမ႑ိဳင္ကိုမီးေမာင္းထိုးျပသလိုအျဖစ္မွန္ကိုေျပာျပတာပါ။

အခုအမႈကိုၾကည့္ရင္ တရားလိုကႏိုင္ငံေတာ္ဘက္ကျဖစ္ေနတယ္ ။ႏိုင္ငံေတာ္ဆိုတဲ့ေအာက္ကအဖြဲ႕အစည္းကရဲတပ္ဖြဲ႕ေပါ့။ေကာင္မေလးက နစ္နာသူ လိုျဖစ္သြားတာ။အဲ့ေတာ့ေကာင္မေလးကဘယ္ေလာက္ပဲေက်ေအးပါေစ သူေက်ေအးခြင့္မရွိဘူး။သူေက်းေအးမႈက ခံစားမႈကိုထုတ္ျပတာေလာက္ပဲရတယ္။ဆုံးျဖတ္တာက ဟိုကဆုံးျဖတ္တာကိုး။‌

အဲ့ေတာ့ေကာင္မေလးၿပီးရင္‌ေတာင္မၿပီးတဲ့အဆင့္လို ျဖစ္သြားခဲ့တာေလ။အခုအမႈကို မုဒိန္းမႈ လို႔တက္လိုက္တဲ့အေပၚက်ေတာ့လည္းသူတို႔ က သမီးရည္းစားမက လင္မယားမက် ေနတာလို႔သိရတယ္‌ေလ။မုဒိန္းမႈဆိုတာမ်ိဳးက ဥပမာတက္စီသမားကေကာင္မေလးကိုဓါးေထာက္ၿပီးလုပ္တာမ်ိဳး။

ကေလးကိုတစိမါးတေယာက္ကလုပ္တာမ်ိဳးလဲမဟုတ္ဘူးေလ။သူရဲ႕ေရွ႕ေန ဦးေက်ာ္ဇင္ဦးေျပာအရ ေဆးစာအရဆို ေဆးစာမွာအေျဖက no ဆိုၿပီး ထြက္ထားပါတယ္တဲ့ ။noလို႔ထြက္ထား တာကိုyesလုပ္တာမ်ိဳးခံရေတာ့ ။အခုဆိုသူက႐ိုက္ႏွက္မႈအျပင္မုဒိန္းမႈပါပါေတာ့သူအမဲစက္နဲေရွ႕ကိုဘယ္လိုရပ္တည္မလဲေပါ့။သူလုပ္ခဲတယ္မလုပ္ခဲ့တာကိုအကိုတို႔မသိဘူး။

မိန္းကေလးခံစားရတာကိုလည္းကိုယ္ခ်င္းစာပါတယ္။အခုဆိုသူ႔မိသယးစုလည္းအခက္အခဲရွိေနတယ္ေပါ့။အခုလိုလုပ္တာ လူမိုက္အားေပးတာမဟုတ္ပါဘူးသူေနာက္မိုက္ရင္လည္းအားလုံးကဝိုင္းထိန္းမွာပါ။ဒါေၾကာင့္သူ႔အနာဂတ္လွဖို႔ဝိုင္းႀကိဳးစားမယ္ တရားသူႀကီးလည္းသူအနာဂတ္လွဖို႔ႀကိဳးစားေစခ်င္ပါတယ္ ။”လို႔ကိုႏိုင္ေဇာ္က အသနားခံစာတင္သြင္းတာနဲ႔ပတ္သတ္ၿပီးေျပာပါတယ္။

လက္ရွိတြင္ အဆိုေတာ္ အစၥဏီအတြက္ အသနား ခံစာ တင္သြင္းသူ ဂီတ အႏုပညာရွင္ေပါင္း ၄၀ ေက်ာ္ ရွိေၾကာင္း သိရပါတယ္။ အဆိုေတာ္အစၥဏီ အေနနဲ႔ အယူခံ ကိုဇန္နဝါရီလ၃၁ရက္က အယူခံဝင္ခဲ့ေၾကာင္းသိရပါတယ္။

အဆိုေတာ္အစဏီက ေမာ္ဒယ္ စူးရွထက္(ေခၚ) မဇာျခည္ေဌး ကို မတရား သားမယား ျပဳက်င့္ခဲ့သည္ဟုဆိုကာ မုဒိန္းမႈ ၊ တုံးေသာလက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ ၊ ခြၽန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈ တို႔ေၾကာင့္ဇန္နဝါရီလ (၇)ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီးတာေမြၿမိဳ႕နယ္ရွိ တာေမြတရား႐ုံး၌အဆိုေတာ္အစၥဏီအား ပုဒ္မ ၃၇၆ ,၃၂၅ ,၃၂၄ ျပစ္ဒဏ္ (၇)ႏွစ္အမိန႔္ခ်မွတ္လိုက္ေၾကာင္း သိရွိရပါသည္။

ေရးသူအမည္ ဝါးဝါးေလး

ဓာတ္ပုံ – ႏိုင္ေဇာ္ fb acc

Unicode

အဆိုတော်အစ္စဏီ အတွက် ဂီတ အနုပညာရှင်များ စု‌ပေါင်းကာမှ အသနားခံစာတင် မည်

လက်ရှိ ပြစ်ဒဏ်ကျခံနေသောအဆိုတော် အစ္စဏီ အတွက် အယူခံ မကြားနာမှီ အချိန်အတွင်း ဂီတ အနုပညာရှင်များက အသနားခံစာတင်သွင်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။

အသနားခံစာ တင်သွင်းရသည်မှာ အစ္စဏီ၏ မိသားစုများမှ အကူအညီ တောင်းခံလာခြင်းကြောင့်ဖြစ်ပြီး အဆိုတော် အစ္စဏီ ၏အမှုကိစ္စ မှာ ချမှတ်လိုက်သောပြစ်ဒဏ် က အစ္စဏီရဲ့ အနာဂတ်နဲ့ မိသားစုဝင်များအတွက် ကြီးမား‌သောနစ်နာမှုကို အကိုခံစားရစေတာကြောင့် အသနားခံ စာတင်ပြခြင်း ဖြစ်ကြောင်းကိုနိုင်ဇော် ( lazy club)ကပြောပါတယ်။

” အကိုတို့ အခုလိုအသနားခံစာ တင်ပြတာက သူ့မိသားစုကလည်း အကူအညီတောင်းတယ်။ အကိုတိုဘက်ကလည်း သူနဲ့ ပတ်သက်ပြီးတကယ် သံယောဇဉ် ရှိတယ်။နောက်ပီးလူသားချင်းစာနာနားလည်မှုနဲ့သူရဲ့အနာဂတ်လှပဖို့ လုပ်ပေးတာပါ။သူကောင်မ‌လေးအ‌ပေါ်မှာနှိက်စက်ခဲ့တယ်ဆိုတာကိုမငြင်းပါဘူး။ကောင်မလေးဘက်က သူခံစားခဲ့ရတာကို ကျေအေးပေးလိုက်တာ‌ အကိုတို့လေးစားတယ်။အခုက သူခံနေရတဲ အပြစ်ဒဏ်ကိုလျော့ပေါ့ပေးစေချင်လိုပါ။‌ပြောချင်တာကကွင်းလုံးကျွတ်လွတ်‌ပေးဖို့မဟုတ်ပါဘူးထိုက်သင်တဲ့ပြစ်ဒဏ်မျိုး‌လျော့‌ပေးဖို့ပါ။

သူ့မှာလည်းအနာဂတ်ရှိသလို ဒီ၂နှစ်ဆိုတဲ့ကာလမှာ သူဆိုရင်ရ င်ရုံးချိန်းနဲ့အချုပ်နဲ့ နောက်သူ့မိသားစုဆိုရင်လည်းသူအတွက် သွားရလာရ နဲ့အလုပ်ပျက် ငွေကုန်အချိန်ကုန်လေ။သူမိသားစုလည်းသူ့ပြစ်ဒဏ်ကိုရောခံနေရတယ်။ အကိုတို့ဆိုလိုတာပြီးသွားတဲ့ အမှုကို မှားတယ်မှန်တယ်မပြောပါဘူး။ သူ့အတွက်တရားမျှမျှတတ လုပ်ပေးဖို့ပါ။သူ့ရှေ့နေနဲ့ပြောကြည့်တော့ မုဒိန်း မှုနဲ့ထွက်လာတယ်။ ဆေးစစ်အဖြေနဲ့ တိုက်ကြည်တော့ကွဲလွဲတာတွေအများကြီးရှိတယ်ဆိုတာသိရတယ်။

အဲ့‌တော့တရားခံတ‌ယောက်ကို သံသယရှိရင် သံသယနဲ့တန်တဲ့ အကျိုးကိုခံစားခိုင်းရမှာအခုကသံသယရှိတာကိုအပြစ်ရှိတယ်ဆိုပြီးချလိုက်တယ် အရမ်းအပြစ်ရှိတယ်လို့ မပေါ်လွင်တာကို အပြစ်ရှိတယ်ဆိုပြီး ချလိုက်တဲ့အပေါ် နည်းနည်းဖြေလေိာ့စေချင်တယ် ဒါကြောင့်သူ့အတွက် ဖြစ်နိုင်တဲ့ကာလတခုကို ဖြေလျော့ပေးဖို့အသနားခံတာပါ။အသနားခရေးမဏ္ဍိုင်ကိုမီးမောင်းထိုးပြသလိုအဖြစ်မှန်ကိုပြောပြတာပါ။

အခုအမှုကိုကြည့်ရင် တရားလိုကနိုင်ငံတော်ဘက်ကဖြစ်နေတယ် ။နိုင်ငံတော်ဆိုတဲ့အောက်ကအဖွဲ့အစည်းကရဲတပ်ဖွဲ့ပေါ့။ကောင်မလေးက နစ်နာသူ လိုဖြစ်သွားတာ။အဲ့တော့ကောင်မလေးကဘယ်လောက်ပဲကျေအေးပါစေ သူကျေအေးခွင့်မရှိဘူး။သူကျေးအေးမှုက ခံစားမှုကိုထုတ်ပြတာလောက်ပဲရတယ်။ဆုံးဖြတ်တာက ဟိုကဆုံးဖြတ်တာကိုး။‌

အဲ့တော့ကောင်မလေးပြီးရင်‌တောင်မပြီးတဲ့အဆင့်လို ဖြစ်သွားခဲ့တာလေ။အခုအမှုကို မုဒိန်းမှု လို့တက်လိုက်တဲ့အပေါ်ကျတော့လည်းသူတို့ က သမီးရည်းစားမက လင်မယားမကျ နေတာလို့သိရတယ်‌လေ။မုဒိန်းမှုဆိုတာမျိုးက ဥပမာတက်စီသမားကကောင်မလေးကိုဓါးထောက်ပြီးလုပ်တာမျိုး။

ကလေးကိုတစိမါးတယောက်ကလုပ်တာမျိုးလဲမဟုတ်ဘူးလေ။သူရဲ့ရှေ့နေ ဦးကျော်ဇင်ဦးပြောအရ ဆေးစာအရဆို ဆေးစာမှာအဖြေက no ဆိုပြီး ထွက်ထားပါတယ်တဲ့ ။noလို့ထွက်ထား တာကိုyesလုပ်တာမျိုးခံရတော့ ။အခုဆိုသူကရိုက်နှက်မှုအပြင်မုဒိန်းမှုပါပါတော့သူအမဲစက်နဲရှေ့ကိုဘယ်လိုရပ်တည်မလဲပေါ့။သူလုပ်ခဲတယ်မလုပ်ခဲ့တာကိုအကိုတို့မသိဘူး။

မိန်းကလေးခံစားရတာကိုလည်းကိုယ်ချင်းစာပါတယ်။အခုဆိုသူ့မိသယးစုလည်းအခက်အခဲရှိနေတယ်ပေါ့။အခုလိုလုပ်တာ လူမိုက်အားပေးတာမဟုတ်ပါဘူးသူနောက်မိုက်ရင်လည်းအားလုံးကဝိုင်းထိန်းမှာပါ။ဒါကြောင့်သူ့အနာဂတ်လှဖို့ဝိုင်းကြိုးစားမယ် တရားသူကြီးလည်းသူအနာဂတ်လှဖို့ကြိုးစားစေချင်ပါတယ် ။”လို့ကိုနိုင်ဇော်က အသနားခံစာတင်သွင်းတာနဲ့ပတ်သတ်ပြီးပြောပါတယ်။

လက်ရှိတွင် အဆိုတော် အစ္စဏီအတွက် အသနား ခံစာ တင်သွင်းသူ ဂီတ အနုပညာရှင်ပေါင်း ၄၀ ကျော် ရှိကြောင်း သိရပါတယ်။ အဆိုတော်အစ္စဏီ အနေနဲ့ အယူခံ ကိုဇန်နဝါရီလ၃၁ရက်က အယူခံဝင်ခဲ့ကြောင်းသိရပါတယ်။

အဆိုတော်အစဏီက မော်ဒယ် စူးရှထက်(ခေါ်) မဇာခြည်ဌေး ကို မတရား သားမယား ပြုကျင့်ခဲ့သည်ဟုဆိုကာ မုဒိန်းမှု ၊ တုံးသောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု ၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု တို့ကြောင့်ဇန်နဝါရီလ (၇)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ရှိ တာမွေတရားရုံး၌အဆိုတော်အစ္စဏီအား ပုဒ်မ ၃၇၆ ,၃၂၅ ,၃၂၄ ပြစ်ဒဏ် (၇)နှစ်အမိန့်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

ရေးသူအမည် ဝါးဝါးလေး

ဓာတ်ပုံ – နိုင်ဇော် fb acc

No Comments

Leave a Reply

Your email address will not be published.

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

ဆယ္လ္မန္ခန္း ရဲ႕ တိုက္ဂါး ၃ အေျခအေနေကာင္းရင္ စက္တင္ဘာ ထဲမွာ ျပသမယ္
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

ဂလိုက္ဒါစီးၿပီး ဒရမ္တီးသူ အြန္လိုင္းေပၚမွာ ၾကည့္ရွဳသူမ်ား
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …