အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

မောင်ယဿ (ဇူလိုင် ၂၇ )

ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။

ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။

အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ တစ်နေရာ တည်းမှာပဲ အရပ်သား ၆၂ ဦး အစုလိုက် အပြုံလိုက်သေခဲ့ရပါတယ်။ အဲ့ဒိကိစ္စက စစ်ရာဇဝတ်မှု မြောက်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ က ဆိုထားတာပါ။

အီဂျစ်ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် အပစ်ရပ်နိုင်ခဲ့ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ပြဿနာနဲ့ အကျတ်အတည်း ဖြေရှင်းရေးဌာန ဒါရိုက်တာ ဂယ်ရီဆင်ပဆန်က “ အစ္စရေးတွေက ဂါဇာကမ်းမြှောင်မှာ ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေ စစ်တပ်ရဲ့ ပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေတဲ့ နေရာတွေ ကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

“ အစ္စရေးစစ်တပ်ဖက်ကရော ဟားမတ်တွေ ဖက်ကရော နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရဲ့ စုံစမ်းစစ်ဆေးတွေကို စိတ်လိုလက်ရ မရှိပါဘူး။ ပါလက်စတိုင်းတွေကလည်း အစ္စရေး အရပ်သားတွေကို ရောကတ်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဝန်မခံခဲ့ပါဘူး။

ဒီမှာက အရပ်သားသေဆုံးမှုတွေရှိနေတယ်။ ICC အနေနဲ့ အဲ့ဒိကိစ္စကို သေသေချာချာ ဂရုစိုက်ပေးစေချင်တယ်”လို့ ဆိုပါတယ်။

“ICC အရာရှိတွေအနေနဲ့ ၂ဖက်စလုံး အရပ်သားတွေကို တရားလက်မဲ့ ပစ်ခဲ့ကြတယ်ဆိုတာကို စုံစမ်းစစ်ဆေးသင့်ပါတယ်။ ဂါဇာကို အစ္စရေးတို့ ဗုံးကျဲခဲ့တာရော ၊ အစ္စရေးလူနေရပ်ကွက်ထဲကို ပါလက်စတိုင်း တွေ ရောကတ်နဲ့ ပစ်ခဲ့တာကိုရောပေါ့”

ဂါဇာ ကျန်းမာရေးဝန်ကြီးကတော့ ကလေးသူငယ် ၆၀၀ အပါအဝင် လူ ၆၀၀၀ကျော်ဒဏ်ရာရခဲ့တဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု ကို ပြစ်တင် ဝေဖန်ထားပါတယ်။ အဲ့လိုပဲ ပါလက်စတိုင်းတွေ ရောကတ်နဲ့ အလုံးရေ ၄၄၀၀ ပစ်ခဲ့လို့ အစ္စရေးတွေလည်း ထိခိုက်ဒဏ်ရာရမှု ရာနဲ့ချီရှိခဲ့တယ်လို့ ပြန်လည်ပြစ်တင်ခဲ့ပါတယ်။

REF: UPI,Photo Credit  UPI

Zawgyi


အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

မောင်ယဿ (ဇူလိုင် ၂၇ )




အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို1




အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို2



REF: UPI
Photo UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
International-news
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ မောင်ယဿ ( စက်တင်ဘာ ၁၄ ) စပိန်နိုင်ငံ တူဒီလားမြို့ မှာ ရုပ်အဆိုးဆုံ ခရမ်းချဉ်သီး ပြိုင်ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒိပြိုင်ပွဲကို တူဒီလာက လယ်သမားဒါဇင်နဲ့ ချီပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ လယ်သမားတွေပြတဲ့ ရုပ်ဆိုးဆိုး ခရမ်းချဉ်သီးတွေကို မြို့နေတော်တော်များများ က လာကြည့်ပြီး မဲပေးကြပါတယ်။ အနိုင်ရသွားတဲ့သူကိုလည်း ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတော်တော်များများ ချီးမြှင့်ပါတယ်။ “ ဘယ်သူကတော့ဗျာ ၊ ရုပ်ဆိုးတဲ့ အသီးတွေ မျိုးတွေ ကို စိုက်မလဲဗျာ။ အဲ့ပြဿနာကို သယ်လာတာက ပျားတွေဗျ။ သူတို့က ဝတ်မှုံကူးတယ်ဗျာ ၊ အဲ့ဒိမှာ ဘာတွေ ထူးထူးဆန်းဆန်း …

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ မောင်ယဿ ( စက်တင်ဘာ ၁၄ ) ၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။ မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။ အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။ နေရာဖယ်ရှား …