
International-news








မောင်ယဿ ref;odd news

Unicode

အစာ မကျွေးလို့ တိုက်ခိုက်လာတဲ့ ရှဉ့်တွေ

အမေရိကား မြို့ကြီး တွေက ပန်းခြံ တွေမှာ ခိုတွေ ရှဉ့်တွေ ငန်းတွေ ဘဲတွေကို အစာမကျွေးဖို့အတွက် လှုတ်ရှားမှုတွေ လုပ်လာ ကြတဲ့အခါ လူတွေကို ရှဉ့်တွေက အစာအတွက တိုက်ခိုက်မှုတွေ လုပ်လာကြပါတယ် ။

နယူးယောက်ခ် ရော်ကီဖဲလား ပန်းခြံနဲ့ ဘတ်တရီ ပန်းခြံက ရှဉ့်လေးတွေ က ပေါင်မုန့်တွေ ဟော့ဒေါ့တွေ စားလာတဲ့ သူတွေကို တွေ့ရင် ပန်းခြံ ခြံစည်းရိုး ပေါ်ကနေ လူတွေကို အသံပေး ခြောက်လှန့် ကြပါတယ် ။

လူတွေက လန့်ပြီး လွတ်ကျ သွားတဲ့ မုန့်တွေကို ကောက်ယူပြီး စားသုံးကြ ပါတယ် ။ အရင်က လူတွေ ကျွေးမွေး နေတာကို စားလာပြီး နောက်မှာ အခု အစာ မရတော့တဲ့ အတွက် သူတို့က အစာ မရှာတတ်တော့ ပါဘူး ။ အစာ ရှာတဲ့ နည်းလမ်းကတော့ လူတွေဆီကနေ လုယူတဲ့ နည်းပါပဲ ။

သူတို့ ဗိုက်ဆာတဲ့ အခါ လူတွေကို ကြည့်တယ် ။ လူတွေက သူတို့ကို ဂရုမစိုက်တော့တဲ့ အခါ အကြမ်းဖက် လုပ်ငန်းတွေကို လုပ်လာ ကြတော့တာ ပါပဲ ။ လတ်တလော ပန်းခြံ လုံခြုံရေး ပြုလုပ် ထားတဲ့မှတ်တမ်း အရ တစ်နှစ်ကို အကြိမ် ၃၀ ထက် မနည်း ရှဉ့်တွေက လူတွေကို တိုက်ခိုက်ပြီး အစာ လုယူတယ်လို့ သိရပါတယ် ။

ဒါ့အပြင် ရော်ကီ ဖဲလားပန်းခြံ မှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ရှဉ့် တိုက်ခိုက်မှု ၃ကြီမ်ဖြစ်ပွား ခဲ့တယ ်။ သူတို့က တိုက်ခိုက်မှုတွေကို ကလေးကစားကွင်း ထဲမှာ လုပ်ကြတယ် ။ ကလေးတွေ ကို တိုက်ခိုက် ရတာ ပိုလွယ်တဲ့ အတွက် ကြောင့်ပါပဲ ။ အခုလို ဆောင်းရာသီကာလမျိုးမှာ ရှဉ့်တွေ အတွက် အစားအစာ ခက်ခဲလာတဲ့ အတွက် ပိုမို တိုက်ခိုက်ခံရဖွယ် ရှိနေတယ်လို့ ပန်းခြံစောင့်က ဆိုတယ် ။

အခုဆိုရင် ပန်းခြံထဲကို လာတဲ့ မိသားစု တွေမှာ မိခင် တွေက သူတို့ရဲ့ရင်သွေး တွေကို စောင့်ကြည့် နေရပါတယ် ။ ဒါ့အပြင် အစားအစာ တွေကို ထည့်စရာတွေနဲ့ ဖွတ်ထားရပါတယ် လို့လည်း ဆိုတယ် ။

မောင်ယဿ ref;odd news

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …