အစာအိမ္နာနဲ႔ ေ႐ြးခ်ယ္ရာ အစားအစာ

အစာအိမ္နာနဲ႔ ေ႐ြးခ်ယ္ရာ အစားအစာ
Health

အစာအိမ္နာနဲ႔ ေ႐ြးခ်ယ္ရာ အစားအစာ

အစာအိမ္နာ ျဖစ္တတ္တဲ့ သူေတြ အစာအိမ္ ေရာင္တတ္တဲ့ သူေတြ အစားအစာကို ေ႐ြးခ်ယ္တတ္ဖို႔ လိုပါတယ္ ။

အမွ်င္ဓာတ္ မ်ားေသာ အစားအစာ

အခြံမာသီး ၊ အေစ့အဆန္ ၊ ပဲသီး ၊ ဘယ္ရီသီးနဲ႔ အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္ ေတြဟာ အစာေခ် လမ္းေၾကာင္း စနစ္ တစ္ခုလုံးကို အက်ိဳးျပဳ တယ္လို႔ ဆိုထား ပါတယ္ ။ ပန္းေဂၚဖီ စိမ္းမွာဆိုရင္ အမွ်င္ဓာတ္ အျပင္ ဆာဖိုရာဇိန္းလို႔ ေခၚတဲ့ H.pylon ပိုးေသေစတဲ့ ဓာတ္ေပါင္း ပါဝင္မူွ ျမင့္မား တာေၾကာင့္ အစာအိမ္ က်န္းမာေရးအတြက္ အထူးေကာင္းမြန္ ေစပါတယ္ ။

က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီပါ အစားအစာ

အစာအိမ္ ေရာင္ရမ္းသူ ေတြ အတြက္ ဆိုရင္ အဆီပါတဲ့ အစားအစာ ေတြကို စားသုံးရန္ မသင့္ေသာ္လည္း က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီပါ အစားအစာ ေတြကိုေတာ့ စားသုံးေပးရမွာ ျဖစ္ပါတယ္ ။ ဆယ္လ္မြန္ငါး ၊ ဆာဒင္းငါး ၊ သစ္ၾကားသီး စတာေတြမွာ အိုမီဂါ ၃ ဖက္တီး အက္ဆစ္
ပါဝင္ တာေၾကာင့္ အစာအိမ္ ေရာင္ရမ္းမူွကို ေလ်ာ့က်ေစ ပါတယ္ ။ ေထာပတ္သီး ၊ သံလြင္ဆီနဲ႔အခြံမာ အေစ့အဆန္ တို႔ဟာလည္း က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီပါ အစားအစာ ေတြပဲ ျဖစ္ပါတယ္ ။

ဟင္းသီးဟင္း႐ြက္ ေဖ်ာ္ရည္

ဟင္းသီးဟင္း႐ြက္ ေဖ်ာ္ရည္ေတြမွာ အာဟာရဓာတ္ ပါဝင္ၿပီး အစာအိမ္ အက္ဆစ္ ထြက္တာကိုေလ်ာ့က် ေစကာ အစာအိမ္နံရံ အနာကို က်က္ေစပါတယ္လို႔ ဆိုထား ပါတယ္ ။

အဆီနည္း ပ႐ိုတင္းပါ အစားအစာမ်ား

ပ႐ိုတင္းက အစာအိမ္ ေရာင္ရမ္းမူွ ကို ျပန္လည္ ျပဳျပင္ေပး ႏိုင္ပါတယ္ ။ အဆီနည္း ပ႐ိုတင္းျဖစ္ဖို႔ေတာ့ ဂ႐ုျပဳ ရမွာျဖစ္တယ္ ။ အဆီနည္း ပ႐ိုတင္း ပါဝင္တဲ့ အစားအစာ ေတြကေတာ့ ၾကက္သား ၊ ၾကက္ဥ ၊ ဘဲဥ ၊ တူနာငါး နဲ႔ ပဲသီး စတာေတြပဲ ျဖစ္ပါတယ္ ။

ဖေလဗႏြိဳက္ ပါဝင္မူွ မ်ားတဲ့ အစားအစာ

H.pylon ပိုးက ဘက္တီးရီးယား ပိုးတစ္မ်ိဳး ျဖစ္ၿပီး ဖေလဗႏြိဳက္က အဲ့ဒီ ဘက္တီးရီးယား ေတြကို ဟန႔္တား ေပးႏိုင္တဲ့ အစြမ္းရွိပါတယ္ ။ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီ ၊ တ႐ုပ္နံနံ စတာေတြမွာဖေလဗႏြိဳက္ ပါဝင္ပါတယ္ ။ ပ်ားရည္ ၊ ဂ်င္း ၊ နႏြင္း တို႔ကလည္း ဘက္တီးရီးယား ေတြကိုတြန္းလွန္ ေပးႏိုင္ပါတယ္ ။ အစာအိမ္ အတြက္ စိတ္မပ်က္ဖို႔ အစားအစာကို ေ႐ြးခ်ယ္ စားသုံးစို႔…. ။

စႏၵီျမင့္မိုရ္

Unicode

အစာအိမ်နာနဲ့ ရွေးချယ်ရာ အစားအစာ

အစာအိမ်နာ ဖြစ်တတ်တဲ့ သူတွေ အစာအိမ် ရောင်တတ်တဲ့ သူတွေ အစားအစာကို ရွေးချယ်တတ်ဖို့ လိုပါတယ် ။

အမျှင်ဓာတ် များသော အစားအစာ

အခွံမာသီး ၊ အစေ့အဆန် ၊ ပဲသီး ၊ ဘယ်ရီသီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေဟာ အစာချေ လမ်းကြောင်း စနစ် တစ်ခုလုံးကို အကျိုးပြု တယ်လို့ ဆိုထား ပါတယ် ။ ပန်းဂေါ်ဖီ စိမ်းမှာဆိုရင် အမျှင်ဓာတ် အပြင် ဆာဖိုရာဇိန်းလို့ ခေါ်တဲ့ H.pylon ပိုးသေစေတဲ့ ဓာတ်ပေါင်း ပါဝင်မူှ မြင့်မား တာကြောင့် အစာအိမ် ကျန်းမာရေးအတွက် အထူးကောင်းမွန် စေပါတယ် ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီပါ အစားအစာ

အစာအိမ် ရောင်ရမ်းသူ တွေ အတွက် ဆိုရင် အဆီပါတဲ့ အစားအစာ တွေကို စားသုံးရန် မသင့်သော်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီပါ အစားအစာ တွေကိုတော့ စားသုံးပေးရမှာ ဖြစ်ပါတယ် ။ ဆယ်လ်မွန်ငါး ၊ ဆာဒင်းငါး ၊ သစ်ကြားသီး စတာတွေမှာ အိုမီဂါ ၃ ဖက်တီး အက်ဆစ်
ပါဝင် တာကြောင့် အစာအိမ် ရောင်ရမ်းမူှကို လျော့ကျစေ ပါတယ် ။ ထောပတ်သီး ၊ သံလွင်ဆီနဲ့အခွံမာ အစေ့အဆန် တို့ဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီပါ အစားအစာ တွေပဲ ဖြစ်ပါတယ် ။

ဟင်းသီးဟင်းရွက် ဖျော်ရည်

ဟင်းသီးဟင်းရွက် ဖျော်ရည်တွေမှာ အာဟာရဓာတ် ပါဝင်ပြီး အစာအိမ် အက်ဆစ် ထွက်တာကိုလျော့ကျ စေကာ အစာအိမ်နံရံ အနာကို ကျက်စေပါတယ်လို့ ဆိုထား ပါတယ် ။

အဆီနည်း ပရိုတင်းပါ အစားအစာများ

ပရိုတင်းက အစာအိမ် ရောင်ရမ်းမူှ ကို ပြန်လည် ပြုပြင်ပေး နိုင်ပါတယ် ။ အဆီနည်း ပရိုတင်းဖြစ်ဖို့တော့ ဂရုပြု ရမှာဖြစ်တယ် ။ အဆီနည်း ပရိုတင်း ပါဝင်တဲ့ အစားအစာ တွေကတော့ ကြက်သား ၊ ကြက်ဥ ၊ ဘဲဥ ၊ တူနာငါး နဲ့ ပဲသီး စတာတွေပဲ ဖြစ်ပါတယ် ။

ဖလေဗနွိုက် ပါဝင်မူှ များတဲ့ အစားအစာ

H.pylon ပိုးက ဘက်တီးရီးယား ပိုးတစ်မျိုး ဖြစ်ပြီး ဖလေဗနွိုက်က အဲ့ဒီ ဘက်တီးရီးယား တွေကို ဟန့်တား ပေးနိုင်တဲ့ အစွမ်းရှိပါတယ် ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ တရုပ်နံနံ စတာတွေမှာဖလေဗနွိုက် ပါဝင်ပါတယ် ။ ပျားရည် ၊ ဂျင်း ၊ နနွင်း တို့ကလည်း ဘက်တီးရီးယား တွေကိုတွန်းလှန် ပေးနိုင်ပါတယ် ။ အစာအိမ် အတွက် စိတ်မပျက်ဖို့ အစားအစာကို ရွေးချယ် စားသုံးစို့…. ။

စန္ဒီမြင့်မိုရ်

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …