အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် စက်ဘီးစီးပြီ

International-news

အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် စက်ဘီးစီးပြီ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြီးနောက် လွတ်မြောက်လာတဲ့ အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အစိုးရအဖွဲ့အတွင်း အဝလွန်နေသူများအတွက် ကိုယ်အလေးချိန် လျှော့ချရန် စက်ဘီးစီးဖို့ တိုက်တွန်းတဲ့အနေနဲ့ စက်ဘီးစီး နေပါပြီ။

နောက်ပြီး ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်တဲ့ ဗျူဟာအဖြစ် စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းကို အားပေးနေပါတယ်။ ကိုယ်လက်ကြံ့ ခိုင်ရေး စီမံချက်အနေနဲ့ အင်္ဂလန်ကျွန်းရဲ့ နေရာအနှံ့အပြားမှာ စက်ဘီးလမ်းတွေကို မိုင်ထောင်ပေါင်းများစွာ လုပ်ပေးဖို့အတွက် လည်း အစီအစဉ် ဆွဲနေပါတယ်။

“ လူတွေ ကိုယ်လက်ကြံ့ ခိုင်ပြီး ကျန်းမာနေမှ ရောဂါပိုး ကူးစက်ဝင်ရောက်မှု နည်းမှာပါ။ လေရဲ့အရည်အသွေးကို တိုးတက်စေပြီး ယာဉ်ကြောကျပ်တည်းမှု ကိုလည်း ဖြေရှင်းရာ ကျပါတယ်။

အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် စက်ဘီးစီးပြီ1

ကျနော်တို့ ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ကျနော်တို့ရဲ့ ကျန်းမာရေး အတွက်က စက်ဘီးစီးတာနဲ့ လမ်းလျှောက်တာက အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်” လို့ သူကဆိုတယ်။

ပိုမိုကျန်းမာပြီး တက်ကြွတဲ့ နိုင်ငံသားတွေကို ဂျွန်ဆင် အစိုးရက စည်းရုံးမှု လုပ်ကာ ဘီး၂ဘီးနဲ့ခရီးသွားတဲ့ ကိစ္စကို ပြည်သူတွေ စိတ်ဝင်စားလာအောင် လုပ်ဆောင်နေပါတယ်။ အိန္ဒိယ နိုင်ငံထုတ် ဟီးရိုး စက်ဘီးကို မန်ချက်စတာမှာ ပြန်လည် တပ်ဆင်မှုတွေလုပ်ပြီး တိုင်းပြည်အနှံ့ ရောင်းချသွားဖို့အတွက် ကုမ္ပဏီနဲ့ သဘောတူညီမှု လုပ်နေပါတယ်။

တိုင်းပြည် အခြေခံအဆောက်အအုံ တည်ဆောက်ဖို့နဲ့ နိုင်ငံသားတွေရဲ့ အရည်အသွေး မြှင့်တင်မှု တွေက ကျန်းမာတဲ့ လေ့ကျင့်ခန်းတွေနဲ့ တွဲဖက်တည်ဆောက်ဖို့ မဟာဗျူဟာကျ လုပ်ဆောင်နေပါတယ်။

ဟီးရိုး စက်ဘီးကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ၂ပတ်အတွင်း မှာ အင်္ဂလန်သားတွေ စက်ဘီးစီးလို့ရအောင် လုပ်ပေးမှာပါလို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ရဲ့ တိုက်ခိုက်မှုက ကျန်းမာရေးအရေးကြီးတယ်ဆိုတဲ့ အတွေးမျိုး ဝင်လာအောင် စက်မှုနိုင်ငံတစ်နိုင်ငံကို ပြောင်းလဲပေး လိုက်နိုင်တာပါပဲ။

စက်ဘီးတွေ လျှပ်စစ်စက်ဘီးတွေ ကို အပိုပစ္စည်းတွေနဲ့ ပြုပြင်တပ်ဆင်တဲ့ နည်းတွေကိုပါ ကျယ်ကျယ်ပြန့် ပြန့် ဖြစ်အောင် လုပ်ပေးသွားဖို့အတွက် အစီအစဉ်ရှိပါတယ်လို့ ၎င်းကဆိုပါတယ်။

မောင်ယဿ, REF:news indian express, Photo;the tribune

Zawgyi





အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် စက်ဘီးစီးပြီ2







No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …