အင်္ဂလန်မှာ ကျန်းမာရေး စောင့်ရှောက်ဖို့ ဝင်ငွေခွန် ကို ၁.၂၅% တိုးကောက်ဖို့ ဝန်ကြီးချုပ် စီစဉ်နေ

အင်္ဂလန်မှာ ကျန်းမာရေး စောင့်ရှောက်ဖို့ ဝင်ငွေခွန် ကို ၁.၂၅% တိုးကောက်ဖို့ ဝန်ကြီးချုပ် စီစဉ်နေ
International-news

အင်္ဂလန်မှာ ကျန်းမာရေး စောင့်ရှောက်ဖို့ ဝင်ငွေခွန် ကို ၁.၂၅% တိုးကောက်ဖို့ ဝန်ကြီးချုပ် စီစဉ်နေ

မောင်ယဿ ( စက်တင်ဘာ ၈ )

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တိုင်းပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ဖို့နဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ အတွက် ဝင်ငွေခွန်ကို ၁.၂၅% တိုးကောက်ဖို့အတွက် စီစဉ်နေတယ်လို့ မနေ့က လုပ်တဲ့အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၂၂ ဧပြီလကနေစပြီး ဝင်ငွေရှိတဲ့ မည်သည့်လုပ်သားမဆို နဲ့ အစုရှယ်ယာရှင်တွေ အားလုံး ဝင်ငွေထဲက ၁.၂၅% ကို အပို အခွန်အဖြစ်ပေးဆောင်ရမယ်လို့ ဆိုလိုက်ပါတယ်။

အာမခံကြေးကိုလည်းတိုးမြှင့်ပြီး သီးခြားအခွန်ကို ၂၀၂၃ မှာလည်းကောက်ဦးမှာလိုကလည်းပြောပါတယ်။

အဲ့ဒိလို့အခွန်ကောက်လိုက်မယ်ဆိုရင် တွက်ချက်မှု အရ နောက် ၃နှစ်အတွင်း မှာ အစိုးရကဘီလီယံ ၅၀ လောက် ရရှိနိုင်ပါတယ်။

အဲ့ဒိပမာဏကို ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေ အတွက်သာ သီးသန့်သုံးဖို့အတွက် ချန် ထားမယ်လို့လည်း ဆိုပါတယ်။ ဒီနေ့တော့ ပါလီမန်မှာ ဝန်ကြီးချုပ်ရဲ့အကြံပြုချက်ကို မဲခွဲဆုံးဖြတ်ဖို့အတွက် တိုင်ပင်နေပါပြီ။

“ အခုဖြစ်ပေါ်နေတဲ့ ကိုဗစ်ကပ်ရောဂါအတွက် ကျနော်တို့ ငွေကြေးကို အခက်အခဲမရှိသုံးသွားတယ်လို့ ကျနော်ပြောရင် မှားသွားမယ်။ ကျနော်တို့ တတ်နိုင်သလောက်ကြိုးစားလုပ်နေရတယ်။

တကယ်လို့များ ကပ်ရောဂါက ဘယ်လောက်ကြာမယ်ဆိုတာ မသိသေးတော့ ကျနော်တို့လက်ထဲက ပိုက်ဆံ ဘယ်လောက်ထိ တောင့်ခံနိုင်မယ်ဆိုတာ မှန်းလို့မရဘူးဖြစ်နေတယ်။ အဲ့တော့ ကျနော်က အရန်ပိုက်ဆံ ရှိအောင် အခွန်တိုးကောက်ဖို့ လုပ်တာပါ” လို့ ဆိုလိုက်ပါတယ်။

“ လူမှုရေးလုပ်ငန်းတွေ မပါဘဲ ဘယ်ကျန်းမာရေးလုပ်မှ အသက် မဝင်နိုင်ဘူး။ ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် ကိုပြောတာနော်။ ကျနော်က လူမှုရေး လုပ်ငန်းတွေအတွက် ပိုက်ဆံသုံးဖို့လိုနေတယ်။

ကျန်းမာရေးပြဿနာဖြစ်လို့ ကျန်းမာရေးအတွက်ငွေသုံးတယ်ဆိုပေမဲ့ နောက်ဆက်တွဲ လူမှုရေးလုပ်ငန်းတွေအတွက် က ဘတ်ဂျက်မရှိဘူး။ ဒါကြောင့် အဲ့ဒိအတွက် သီးခြားသုံလို့ ရမယ့် အခွန်ကောက်တာပါ” လို့ ဆိုပါတယ်။

အင်္ဂလန်အခွန်စနစ်မှာက တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၃၂၀၀၀ ကျော်ဝင်ရင် ဝင်ငွေခွန်ဆောင်ရပါတယ်။

REF: upIယPhoto:Credit  UPI

Zawgyi


မောင်ယဿ ( စက်တင်ဘာ ၈ )











REF: upI
Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
International-news
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ မောင်ယဿ ( စက်တင်ဘာ ၁၄ ) စပိန်နိုင်ငံ တူဒီလားမြို့ မှာ ရုပ်အဆိုးဆုံ ခရမ်းချဉ်သီး ပြိုင်ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒိပြိုင်ပွဲကို တူဒီလာက လယ်သမားဒါဇင်နဲ့ ချီပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ လယ်သမားတွေပြတဲ့ ရုပ်ဆိုးဆိုး ခရမ်းချဉ်သီးတွေကို မြို့နေတော်တော်များများ က လာကြည့်ပြီး မဲပေးကြပါတယ်။ အနိုင်ရသွားတဲ့သူကိုလည်း ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတော်တော်များများ ချီးမြှင့်ပါတယ်။ “ ဘယ်သူကတော့ဗျာ ၊ ရုပ်ဆိုးတဲ့ အသီးတွေ မျိုးတွေ ကို စိုက်မလဲဗျာ။ အဲ့ပြဿနာကို သယ်လာတာက ပျားတွေဗျ။ သူတို့က ဝတ်မှုံကူးတယ်ဗျာ ၊ အဲ့ဒိမှာ ဘာတွေ ထူးထူးဆန်းဆန်း …

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ မောင်ယဿ ( စက်တင်ဘာ ၁၄ ) ၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။ မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။ အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။ နေရာဖယ်ရှား …