အင်ဒိုနီးရှား လူငယ်ဆရာဝန် ၁၀၀ ကိုဗစ်-၁၉ ကြောင့်သေဆုံး

အင်ဒိုနီးရှား လူငယ်ဆရာဝန် ၁၀၀ ကိုဗစ်-၁၉ ကြောင့်သေဆုံး
International-news

အင်ဒိုနီးရှား လူငယ်ဆရာဝန် ၁၀၀ ကိုဗစ်-၁၉ ကြောင့်သေဆုံး

အသက် ၂၈နှစ်ကနေ ၃၉ နှစ်အတွင်းရှိ အင်ဒိုနိးရှား လူငယ်ဆရာဝန် ၁၀၀ က တိုင်းပြည်အတွင်း ပြန့်နှံ့ လျက်ရှိတဲ့ ကိုဗစ်-၁၉ ရောဂါပိုးကို ကုသပေးရင်နဲ့ သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန် ကြေညာချက်အရ သိရပါတယ်။

သြဂုတ်လ ၃၁ရက်နေ့ မနေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ ဆေးပညာရှင်အသင်းရဲ့ ထုတ်ပြန်ချက်မှာလည်း ကိုဗစ်-၁၉ ကို တိုက်ခိုက်ရင် အသက်စွန့် သွားရတဲ့ လူငယ် ဆရာဝန်တွေရဲ့ အမည်စာရင်း ပါရှိပါတယ်။

ဆေးပညာရှင် အသင်းဥက္ကဋ် ဌဖြစ်သူ ဖီကီ က ဆေးရုံတွေနဲ့ ဆရာဝန်တွေအတွက် ကျန်းမာရေး ဆိုင်ရာ အထောက်အကူ ပစ္စည်းတွေ ပိုမို လိုအပ်နေတဲ့ အကြောင်းကို အစိုးရ သိစေချင်လို့ ဒီအမည် စာရင်းကို ထုတ်ပြန် ကြေညာရတာ ဖြစ်ကြောင်း ဆိုပါတယ်။ ဆေးပညာရှင်တွေက လုံလောက်တဲ့ ဆေးဝါးနဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ အများကြီး လိုအပ် နေပါတယ်။

အင်ဒိုနီးရှား လူငယ်ဆရာဝန် ၁၀၀ ကိုဗစ်-၁၉ ကြောင့်သေဆုံး1

အဲ့ဒိပစ္စည်းတွေ မရှိရင် ကျန်းမာရေး ဝန်ထမ်း အရေအတွက် နည်းပါး လာနိုင်တဲ့အတွက် ကိုဗစ်-၁၉ ကို တိုက်ဖို့ အခက်အခဲ ပိုဖြစ်လာပြီး အသေအပျောက်တွေ ပိုလာနိုင်တယ်လို့ လည်း ဆိုပါတယ်။

“ ရောဂါပိုး ကူးစက်မှုနှုန်းက ဆေးရုံတွေမှာ ဖြစ်ဖို့ အလားအလာ ပိုနေတယ်။ ဆေးရုံတွေမှာ အကာအကွယ်တွေ နည်းလာတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အခက်အခဲ ပိုဖြစ်လာနိုင်တဲ့အတွက် ဆေးရုံတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အထူးသီးသန့် ပေါ်လစီတစ်ခု ရှိသင့်နေပါပြီ” လို့ သူက ဆိုပါတယ်။

ဆရာဝန်တွေကို မောပန်းနွမ်းနယ်စေတဲ့ အချိန်စာရင်းတွေကို မဆွဲမိအောင် လုပ်ပေးရပါမယ်။ သူတို့တွေကို ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ မဖြစ်ပေါ်အောင် တာဝန် ခွဲပေးသင့်ပါတယ် ။ ဖိအားတွေကြောင့် ဆရာဝန်တွေမှာ ပိုပြီး ရောဂါကူးစက်မှုနှုန်း မြင့်နေတယ် လို့လည်း သူက ဆိုပါသေးတယ်။

အင်ဒိုနီးရှား လူငယ်ဆရာဝန် ၁၀၀ ကိုဗစ်-၁၉ ကြောင့်သေဆုံး2

ဒါတွေကို တိုင်ပြည်မှာ တာဝန်ရှိတဲ့ သူတွေအကုန်လုံး သိဖို့ လိုအပ်နေပါတယ်။ ရောဂါးပိုး တစ်ခု ပြန့်နှံ့လာပြီ ဆိုတာနဲ့ ဆရာဝန်တွေရဲ့ တာဝန်ပဲလို့ သက်မှတ်လို့ မရပါဘူး။ ပြည်သူတွေ နဲ့ အာဏါပိုင် အဖွဲ့အစည်းတွေ လည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း လိုအပ်တာတွေကို လုပ်ဖို့အတွက် ဘတ်ဂျတ်တောင်း ဖို့ ဝန်လေးနေလို့ မရပါဘူး။

လုပ်သင့် လုပ်ထိုက်တာ ပြောသင့် ပြောထိုက်တာတွေကို ပြောပြီး တောင်းသင့် တောင်းထိုက်တာတွေကို တောင်းမှ အသေအပျောက်ကို လျှော့ချလို့ရမှာ လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပြီး ရောဂါဖြစ်ပွားနေသူ ၁၇၄ ၇၉၆ ဦးရှိနေပြီး သေဆုံးသူ ၇၄၁၇ ဦးရှိနေပါပြီ။ အရှေ့တောင်အာရှ မှာ ကူစက်မှု အများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်နေပါတယ်။

အင်ဒိုနီးရှား လူငယ်ဆရာဝန် ၁၀၀ ကိုဗစ်-၁၉ ကြောင့်သေဆုံး3

မောင်ယဿ, REF: world of buzz, Photo; jakata post

Zawgyi











No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …