အင်ဒိုထောင်တွေမှာ ဆေးပြားတွေကို ပဲပြားဟင်းတွေထဲ ထည့်ပြီး သယ်ကြ

အင်ဒိုထောင်တွေမှာ ဆေးပြားတွေကို ပဲပြားဟင်းတွေထဲ ထည့်ပြီး သယ်ကြ
International-news

အင်ဒိုထောင်တွေမှာ ဆေးပြားတွေကို ပဲပြားဟင်းတွေထဲ ထည့်ပြီး သယ်ကြ

နိုင်ငံတကာမှာ မူးယစ်ဆေးဝါးကို နှိမ်နင်း နေတဲ့ ကြားက မှောင်ခိုတွေကလည်း မူးယစ်ဆေးဝါးကို ပုံစံအမျိုးမျိုး နဲ့ သယ်ယူ ပို့ဆောင်နေကြပါတယ်။ ဘယ်လောက်တောင် တင်းကျပ်ပါတယ် ဆိုတဲ့ နေရာမဆို ပိုက်ဆံသာပေး မူးယစ်ဆေးဝါးကို ရောက်အောင် သယ်ပေးနိုင်တဲ့ သူတွေ ရှိပါတယ်။

အဲ့ဒါကြောင့်လည်း နေရာစုံမှာ ပုံစံမျိုးစုံနဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိနေပါတယ်။ အခုလည်း အင်ဒိုနီးရှားက ထောင်တစ်ခုထဲကို မူယစ်ဆေးဝါး သယ်ပို့ပုံက တို့ဟူးတုံးတွေထဲကို ထည့်မြုပ်ပြီး သယ်ယူနေတာကို ထောင်ဝန်ထမ်းတွေက ဖမ်းဆီး ရမိပါတယ်။

မူယစ်ဆေးဝါးကို ဖမ်းမိတယ် ဆိုတာကလည်း ပုံမှန်အားဖြင့် ဖမ်းမိလေ့ မရှိပါဘူး။ အဲ့ဒိလောကသား အချင်းချင်း ဝေစုမတည့်လို့ ရန်ဖြစ်ရင်းနဲ့ကမှ တစ်ယောက် နဲ့ တစ်ယောက် ချောက်ချရင်းနဲ့မှ ဖမ်းမိလေ့ ရှိတာပါ။

အင်ဒိုထောင်တွေမှာ ဆေးပြားတွေကို ပဲပြားဟင်းတွေထဲ ထည့်ပြီး သယ်ကြ1

အင်ဒိနီးရှားထောင်တစ်ခုမှာ ထောင်သားတွေအတွက် အပြင်ကနေ ပို့ပေးတဲ့ တို့ဟူးဟင်း ပဲပြားတွေ ရှိပါတယ်။ ထောင်ဝန်ထမ်းတွေလည်း အဲ့ဒိတို့ဟူး ဟင်းတွေ ပဲပြားဟင်းတွေကို စားနေကျ ဖြစ်တဲ့အတွက် ဘယ်သူမှ အရေးတယူ စစ်ဆေးတယ် ဆိုတာကို မရှိပါဘူး။ အဲ့လိုနဲ့ ထောင်သားအချင်းချင်း ပြဿနာတက်ရာမှ မူးယစ်ဆေးဝါးတွေ အကြောင်း ပါလာပါတယ်။

ထောင်ဝန်ထမ်းတွေက တို့ဟူးနဲ့ ပတ်သက်ပြီး နားစွန်နားဖျား ကြားလို့ ထောင်ထဲကို သွင်းတဲ့ တို့ဟူးတုံးတွေကို စစ်ဆေးကြည့်ရာ အချို့ အမှတ်အသား လုပ်ထားတဲ့ တို့ဟူးတွေမှာ ဆေးလုံးနဲ့ ဆေးပြားတွေကို ပလက်စတစ် နဲ့ ထုတ်ပြီး ထည့်ထားတာကို တွေ့လိုက်ရပါတယ်။

အဲ့ဒါနဲ့ ထောင်တွင်း ရှာဖွေမှုတွေကို ဆက်လုပ်တဲ့ နေရာမှာတော့ ပဲပြားတုံး ဟင်းတွေမှာလည်း မူးယစ်ဆေးဝါး တွေကို ထည့်သွင်းပြီး မှောင်ခိုလုပ်နေကြတယ် ဆိုတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ထောင်အာဏါပိုင်တွေ ကတော့ အဲ့ဒိကိစ္စကို ဆက်လက်စစ်ဆေး အရေးယူမှုတွေကို လုပ်နေပါတယ်။

မောင်ယဿ, REF: world of buzz, Photo; twitter

Zawgyi









No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …