အင်တာနက် လိုင်းမမိလို့ သစ်ပင်ပေါ်တက်ပြီး အွန်လိုင်းသင်တန်း တက်နေရတဲ့ ကျောင်းသားတွေ

လိုင်းမမိလို့ သစ်ပင်ပေါ်တက်ပြီး အွန်လိုင်းသင်တန်း တက်နေရတဲ့ ကျောင်းသားတွေ
International-news

အင်တာနက် လိုင်းမမိလို့ သစ်ပင်ပေါ်တက်ပြီး အွန်လိုင်းသင်တန်း တက်နေရတဲ့ ကျောင်းသားတွေ

အိန္ဒိယနိုင်ငံ အိုဒီရှားပြည်နယ်မှာ ပညာရေးဝန်ကြီးဌာနက အွန်လိုင်းသင်တန်းတွေ ဖွင့်ပြီး သင်ကြားမှုတွေကို လုပ်နေရာ အင်တာနက်လိုင်း မကောင်းလို့ ကျောင်းသားတွေက သစ်ပင်အမြင့်တွေပေါ် ကို တက်ပြီး၎င်း တောင်ထိပ်တွေပေါ်ကို တက်ပြီး၎င်း သင်ခန်းစာတွေကို ကြည့်ရှု့ နားထောင် နေရတဲ့အကြောင်း စာသင်ကျောင်း နဲ့ အများပြည်သူ ပညာရေး ဝန်ကြီးက ဆိုပါတယ်။

ကိုဗစ်-၁၉ကြောင့် စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်လို့ အွန်လိုင်းက သင်ကြားမှုတွေကို လုပ်နေရာ လက်တွေ့မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ နေရတယ်လို့ ဆိုပါတယ်။ အိုဒီရှားပြည်နယ်မှာ အွန်လိုင်းအတန်း တက်ဖို့ မှတ်ပုံတင်ထားတဲ့ ကျောင်းသားဦးရေက ၂ သန်းကျော် ရှိပါတယ်။

လိုင်းမမိလို့ သစ်ပင်ပေါ်တက်ပြီး အွန်လိုင်းသင်တန်း တက်နေရတဲ့ ကျောင်းသားတွေ၁

ဒါပေမဲ့ ကျန်တဲ့ ကျောင်းသား ၄ သန်း နီးပါးလောက်က အင်တာနက် အတန်းတွေကို တက်ဖို့ရာ မတတ်နိုင်ဘူး ဖြစ်နေပါတယ်။ သူတို့က မိုဘိုင်းဖုန်းတွေ လက်တော့တွေ ကိုသုံးပြီး သင်ခန်းစာတွေကို လိုက်လံ သင်ကြားဖို့အတွက် မတတ်နိုင်ဘူး ဖြစ်နေပါတယ်။

ပြည်နယ်အတွင်းရှိ နေရာ တော်တော်များများက အင်တာနတ်လိုင်း မမိတဲ့ နေရာတွေ ဖြစ်လို့ အဲ့ဒိနေရာတွေကို လိုင်းမိအောင် အမြန်ဆုံး လုပ်ဆောင်ပေးဖို့ ဝန်ကြီးချုပ် မိုဒီက ဆက်သွယ်ရေး အော်ပရေတာတွေကို မှာကြား ထားပါတယ်။

လိုင်းမမိလို့ သစ်ပင်ပေါ်တက်ပြီး အွန်လိုင်းသင်တန်း တက်နေရတဲ့ ကျောင်းသားတွေ၂

အိန္ဒိယရဲ့ သုံးရောင်ခြယ် အလံအောက်မှာ အားလုံး တန်းတူ ညီတူ ညီမျှမှု ရှိရေးအတွက် ဦးစားပေးလုပ် ဆောင်ရမယ်လို့ သူက ဆိုပါတယ်။ အင်တာနက် လိုင်းမကောင်းတဲ့ အတွက် တိုင်းပြည်မှာ အင်တာနတ် အတန်းတွေကို ဖွင့်တဲ့အခါမှာ တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ ကျောင်းသား သုံးပုံ တစ်ပုံလောက်ပဲ စာသင်ကြားခွင့် ရနေပါတယ်။

ကျန်တဲ့ ၃ပုံ ၂့ပုံ က စာသင်ကြားခွင့် မရတဲ့အပေါ် ပြည်နယ် အစိုးရတွေအနေ နဲ့ အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေပြီး လုပ်ဆောင်ကြဖို့လည်း အကြံပြု ထားပါတယ်။

လိုင်းမမိလို့ သစ်ပင်ပေါ်တက်ပြီး အွန်လိုင်းသင်တန်း တက်နေရတဲ့ ကျောင်းသားတွေ၃

အိုဒီရှားပြည်နယ် က ရာယာဂါဒါ ခရိုင်က ကျောင်းသားတွေ ဆိုရင် လိုင်းမိဖို့ဆိုရင် အနည်ဆုံး ၁၀ မိုင်လောက် လမ်းလျှောက် ရပါတယ်။ ဒါမှမဟုတ် တောင်တွေပေါ်ကို တက်ပြီး တောင်ထိပ်တွေမှာ အင်တာနက်သုံး ရပါတယ်။

အချို့ဒေသက ကလေးတွေဆိုရင် ရေစင်အမြင့်တွေ ပေါ်ကို တက်ပြီး ရေစင်တွေပေါ်မှာ လိုင်းသုံး ရပါတယ်။ အလွယ်ကူဆုံး နည်းကတော့ နီးစပ်ရာ သစ်ပင်အမြင့်တွေ ပေါ်မှာ လင့်စင်တွေထိုးပြီး အင်တာနက် သင်တန်း တွေမှာ သင်ကြား ကြရတာပါပဲ။

မောင်ယဿ, REF: Hindustan times, Photo; shutterlock

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …