အင်စတာဂရမ်ရဲ့ ဆင်ဆာပိုင်းမှာ လူမျိုးရေးဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး စွတ်စွဲပြစ်တင်မှုတွေရှိနေ

International-news

အင်စတာဂရမ်ရဲ့ ဆင်ဆာပိုင်းမှာ လူမျိုးရေးဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး စွတ်စွဲပြစ်တင်မှုတွေရှိနေ

ညိုမီနိကိုလပ် ဝီလီယံ ရဲ့ ကိုယ်တစ်ပိုင်းပုံကို ရိုက်ပြီးတဲ့ အချိန်မှာ ဓာတ်ပုံဆရာက ပုံကောင်းတစ်ပုံ ရပြီဖြစ်လို့ ပျော်နေပါတယ်။ သဘာဝ အလင်းရောင်အောက်မှာ ရေချိုး နေချိန်မှာ မျက်လုံးလေးကို ပိတ်ထားပြီး ရင်သားတွေကို ပိုက်ထားတဲ့ သူမရဲ့ဟန်က လောကအပူတွေကို ဆေးချနေတဲ့ ဟန်မျိုးဖြစ်နေလို့ ဓာတ်ပုံဆရာ ကျေနပ်နေတာပါ။

အဲ့ဒီပုံကို ရိုက်ပြီး နောက်မှာတော့ ညိုမီက သူမရဲ့ အင်စတာဂရမ်မှာ မေ့မျောသွားစေမဲ့အလှ ပန်ချီကားလို ချိပ်ဆွဲ ထားရမယ် ဆိုပြီး ပုံစာရေးကာ တင်လိုက်ပါတယ်။ နာရီ သိပ်မကြာလိုက်ပါဘူး။ အင်စတာဂရမ်က သူမရဲ့ပုံကို ဖျက်ပစ်လိုက်ပြီး သူမရဲ့ အကောင့်ကို ပိတ်လို့ရတယ် ဆိုပြီး သတိပေးစာ ပေါ်လာပါတော့တယ်။

အင်စတာဂရမ်ရဲ့ ဆင်ဆာပိုင်းမှာ လူမျိုးရေးဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး စွတ်စွဲပြစ်တင်မှုတွေရှိနေ၁

“ အင်စတာဂရမ်မှာ ကိုယ်လုံးတီး အဖြူမ ပိန်ပိန်တွေကို နေ့တိုင်း သန်းနဲ့ချီပြီး တွေ့နေရတယ်။ ကျမလို အမဲမ ၀၀ ကိုယ်တစ်ပိုင်းပုံကို သူတို့က တားမြစ်တယ်ဆိုတော့ ကျမတုန်လှုပ် သွားပါတယ်။ သူတို့ လုပ်ပုံက ကျမကို ပါးစပ်ပိတ်ထား လို့ ပြောတယ်လို့ ခံစားရပါတယ်”လို့ ညိုမီက ဆိုပါတယ်။ ညိုမီရဲ့ ပရိသတ်တွေက တော့ တော်တော် အားကိုးရပါတယ်။

ရာပေါင်းမျာစွာသော အကောင့်တွေက သူမရဲ့ပုံကို အင်စတာဂရမ်မှာ ဝိုင်းတင်ကြပါတယ်။ သူတို့က အင်စတာဂရမ်ရဲ့ ဆင်ဆာကိစ္စက မှားယွင်မှုတွေ လုပ်နေတယ် ဒီပလက်ဖောင်းကို ကိုင်နေတဲ့ ဝန်ထမ်းတွေမှာ လူမျိုးရေး ခွဲခြားမှုတွေ အသားအရောင် ဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး လိုင်းပေါ်မှာ တိုက်ခိုက်မှုတွေ လုပ်လာကြပါတယ်။

သန်းထောင်နဲ့ချီတဲ့ အင်စတာဂရမ် အသုံးပြုသူတွေကို ဆင်ဆာဖြတ်ဖို့အတွက် စောင့်ကြည့်နေတဲ့ ဝန်ထမ်း ၁၅၀၀၀ကျော်က သူတို့ရဲ့ ပေါ်လစီမှာ လူမျိုးရေးခွဲခြားမှု မရှိဘူးလို့ ဆိုပေမဲ့ ဘက်လိုက်မှုတွေ ရှိနေတာ ကတော့ အမှန်ပါပဲ။

စီအီးအို အဒမ်မော့စ္စရီ က အင်စတာဂရမ်မှာ ဆင်ခြင်သုံးသပ်မှုပိုင်း ဆိုင်ရာမှာ ဘက်လိုက်မှုတွေ ရှိနေတယ်ဆိုတာကို သိထားကြောင်း၊ လူမဲတွေကို ဖိနှိတ်သလို ဖြစ်နေလား ကျနော်တို့ရဲ့ ပေါ်လစီကို ထိခိုက်မှု ရှိနေသလား ၊ သာတူညီမျှမှု ရှိရဲ့လား ဆိုတာကို အမြဲ သုံးသပ်ဖို့အတွက် ဝန်ထမ်းတွေကို အမြဲပြောပါတယ်လို့ ဆိုတယ်။

လူတွေရဲ့ လိုအင်ဆန္ဒတွေက ပြည့်စုံသွားတယ်ဆိုတာ မရှိဘူးလေ။ ဒါကြောင့် အရင်ဆုံး ကျနော်တို့ရဲ့ ပေါ်လစီနဲ့ ကိုက်ညီမှု ရှိသလားဆိုတာကို ဦးစားပေး ကြည့်ခိုင်းပါတယ်။ ပြီးမှ လူမဲတွေနဲ့ အခြားသော လူ့အဖွဲ့ အစည်းတွေကို ထိခိုက်မှု ရှိသွားမလား ဆိုတာကို ကြည့်ခိုင်းတဲ့ နေရာမှာ ပထမဆုံး ပေါ်လစီနဲ့ ညှိသွားတဲ့ပို့စ်တွေ အဖျက်ခံ လိုက်ရတာပါလို့လည်း ဆိုပါတယ်။

သူတို့က ဘယ်လိုရှင်းရှင်း အင်စတာဂရမ်မှာ ဘက်လိုက်မှုတွေ ရှိနေတယ် ဆိုတာကို ပို့စ်တင်ပြီး အဖျက်ခံရတဲ့သူတွေက လိုင်းပေါ်ကနေ ဘာဖြစ်လို့ ဖျက်တာလဲဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းခံ နေရပါတယ်။ လူဖြူမတွေရဲ့ မပေါ့တပေါ် ပုံတွေကို ညိုမီရဲ့ ကိုယ်တစ်ပိုင်းပုံနဲ့ ယှဉ်တွဲ တင်ပြီး ဘာဖြစ်လို့လဲလို့ မေးနေကြပါတယ်။

မောင်ယဿ, REF: the guardians, Photo; digital social contract

Zawgyi











No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …