
International-news



 







Unicode

အင်ဒီယာဂန္ဒီရဲ့ မြေးကို ပြည်နယ် အစိုးရက ခြိမ်းခြောက်မှု ပြုလုပ်

“ကျမက အင်ဒီယာဂန္ဒီရဲ့ မြေးပါ ။ ကျမရဲ့ တာဝန်က အမှန်တရား တွေကို ပြောဖို့ပဲ ။ ကျမက အတိုက်ခံ ပါတီရဲ့ ခေါင်းဆောင်တွေလို အမည်မဖော်လိုတဲ့ ပြောခွင့်ရ မဟုတ်ပါဘူး ။ ကျမက ပြည်သူတွေရဲ့ ကိုယ်စား စကားပြော မယ့် သူပါ”လို့ ပြောသွားသူ ကတော့ အိန္ဒိယကွန်ဂရက် အထွေထွေ အတွင်းရေးမှူး ပရီရန်ကာဂန္ဒီဗာဒရာ ပါပဲ ။

ပရီရန်ကာ ဂန္ဒီဗာဒရာဆိုတာက အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ခေါင်းဆောင်ကြီး နေရူးရဲ့ မျိုးဆက်ဖြစ်ပြီး အင်ဒီယာဂန္ဒီရဲ့ မြေးဖြစ်ပါတယ် ။ ဖခင် ရာဂျစ်ဂန္ဒီရဲ့ နိုင်ငံရေး မျိုးဆက်ကို လက်ခံထားသူလည်း ဖြစ်ပါတယ် ။ သူမက အိန္ဒိယတစ်နိုင်လုံး ကိုယ်စားပြု အမျိုးသား ကွန်ဂရက်ရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ အပြင် အက်တာ ပရာဒက်ပြည်နယ်အရှေ့ပိုင်းရဲ့ ပြည်သူ့တာဝန်ခံလည်း ဖြစ်ပါတယ် ။

သူမက ပြည်နယ်အတွင်းက အစိုးရဌာနတွေရဲ့ စံလွဲမှုတွေကို ပြောလွန်းလို့ သူမကို ပြည်နယ်အစိုးရက ခြိမ်းခြောက်မှုတွေ ပြုလုပ်လို့ သူမက အထက်ပါအတိုင်း ပြောကြားခဲ့တာပါ ။
အဘွားဖြစ်သူ အင်ဒီယာဂန္ဒီနဲ့ အဖေဖြစ်သူ ရာဂျစ်ဂန္ဒီ တို့က နိုင်ငံရေး သမားတွေရဲ့ လုပ်ကြံမှုကြောင့် သေနတ် နဲ့ ပစ်ခံရတာရယ် ၊ အသေခံ ဗုံးခွဲတာတွေကို ခံခဲ့ရပါတယ်။ သူမက အဲ့ဒါကို ရည်စူးပြီး သူမကို ခြိမ်းခြောက်မှုတွေကို မကြောက်ဘူးလို့ ဒီကနေ့ (သောကြာနေ့)မှာ ရည်ညွှန်းပြောခဲ့တာပါ ။

သူမက အက်တာပရဒက် ပြည်နယ်က အစိုးရဌာနတွေ အသုံးမကျဘူးလို့ ပြောတာကို အစိုးရပိုင်းက မကျေမနပ် ဖြစ်ကာ ခြိမ်းခြောက်မှုတွေ ပြု လာတယ်လို့ ဆိုပါတယ် ။ “ကျမက ပြည်သူ့ ဝန်ထမ်းပါ ။ ကျမက ပြည်နယ်အတွင်း ပြည်သူတွေရဲ့စကားသံကို သူတို့ ကိုယ်စား ပြောရမှာ ကကျမရဲ့ တာဝန်ပါပဲ ။ အစိုးရ ဌာနတွေ ရဲ့ လုပ်ပုံ ကိုင်ပုံ မှားနေတာကို သူတို့ရှေ့ မှာဖော်ထုတ် ပြ ရမှာပဲ ။ နောက်ပြီး ကျမက ပြည်နယ်အစိုးရရဲ့ ဝါဒဖြန့်ပေးဖို့အတွက် အရုပ်တစ်ရုပ်မဟုတ်ပါဘူး ။

ပြည်နယ်အစိုးရ က ကျမကိုခြိမ်းခြောက်ဖို့ လုပ်နေရင်းနဲ့ အချိန်တွေ ဖြုန်းနေပါတယ် ။ ကျမက အစိုးရဌာနတွေကို လိုက်လံ စစ်ဆေးတာကို သူတို့ရဲ့ အမှားတွေ မမြင်ရအောင် ဖုံးဖိ ကာကွယ်ရင်း အချိန်တွေ ဖြုန်းနေပါတယ်”လို့ သူမကဆိုတယ် ။ အခုလို အမှန်တရားတွေကို ပြောတာနဲ့ ပတ်သက်လို့ သူတို့က ကျမကို ကြိုက်သလို အရေးယူလို့ရပါတယ် ။ ကျမက အမှန်တရားအတွက် ရှေ့ဆက်တိုးရမှာပါပဲ ။ ကျမက အင်ဒီယာဂန္ဒီရဲ့ မြေးပါ ။ အတိုက်အခံ ပါတီတစ်ခုရဲ့ မပြောရဲတဲ့ ခေါင်းဆောင်တစ်ယောက်လို ပါးစပ်ပိတ်နေမှာ မဟုတ်ဘူး”လို့ သူမက ဆိုခဲ့ပါတယ် ။

ဒီအပတ်အတွင်းမှာ အက်တာပရာဒက် ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ရောဂါပြန့်နှံ့မှုတွေ အရှိန်နဲ့တိုးပြီး ကူးစက်မှုများလို့ အစိုးရရဲ့ အစီအမံတွေ ညံ့ဖျင်းမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ် ။ အစိုးရက သူမကို ၂၄နာရီအတွင်း ပြည်နယ်က ထွက်သွားခိုင်း နေပါတယ် ။

မောင်ယဿ REF: Zeenews photo;Decann mail

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …