
International-news







 



မောင်ယဿ


Unicode

အင်ဒိုသမ္မတ ကတော့ ဂျာမူး မှ ဂျာမူးပဲတဲ့

ကိုဗစ်-၁၉ ရောဂါပြန့်နှံ့လာချိန်မှာ အွန်လိုင်းပေါ်မှာရော လူမှုပတ်ဝန်းကျင်မှာရော ရောဂါနဲ့ ပတ်သက်လို့ တစ်ဦးနဲ့ တစ်ဦး ဗဟုသုတ တွေ မျှဝေကြသလို ဆေးနည်း တွေကိုလည်း မျှဝေနေကြတယ် ။ ကိုဗစ်-၁၉က AIDSလိုမျိုး ကာကွယ်ဆေးတွေ ကုသ ဆေးတွေကို သိပ္ပံ ဓာတ်ခွဲ ခန်းကနေ ရှာမတွေ့ နိုင်ရင်တော့ ဆေးမြီးတိုတွေ တိုင်းရင်းသား ရိုးရာ ဆေးဝါတွေဖက်ကို လှည့်ပြီး လူတွေ ကုသမှု တွေကို လုပ်လာ ကြတော့မှာပါ ။

လက်ရှိမှာတော့ အင်ဒိုနီးရှား နိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒိုက ကတော့ သူတို့ နိုင်ငံက တိုင်းရင်းဆေးတစ်မျိုးမှာ ကိုဗစ်-၁၉ ကိုခံနိုင်ရည် ရှိမယ့် အစွမ်း သတ္တိတွေရှိမယ်လို့ ယုံကြည်ကြောင်းပြောလာပါတယ် ။

သူက ဂျာမူးလို့ခေါ်တဲ့ တိုင်းရင်းဆေးက ကိုဗစ်-၁၉ ကို ခံနိုင်ရည် ရှိမယ်လို့ ထင်တယ် ။ ဘာကြောင့်လည်းဆိုတော့ ဂျာမူးမှာ ဂျင်း စပါးလင် နနွင်း တို့ ပါဝင်တဲ့ အတွက်ကြောင့် တုတ်ကွေးရောဂါပိုး ကိုနိုင်မယ်လို့ သုံးသပ် ထားပါတယ် ။ သဘာဝမှာရတဲ့ ဆေးတွေကို ကြိတ်ပြီး အနှစ်လုပ်ကာ ဆေးအဖြစ် သောက် ကြတာပါ ။ အဲ့ဒိဆေးကို လူသိ နည်းတယ်ဆိုပေမဲ့ ကျနော်တို့ဟင်းတစ်ခွက် ကို ချက်တဲ့ နေရာမှာ မဖြစ်မနေ သုံးတဲ့ ပစ္စည်းတွေပါ ။

ဂျာမူးကတော့ အင်ဒိုနီးရှားမှာ ကျယ်ကျယ် ပြန့်ပြန့် သောက်တဲ့ ဆေးပါ ။ ဂျာမှုးက သာမာန်တုတ်ကွေး ဗိုက်နာတာ နဲ့ ယူရစ် အက်ဆစ်တွေများ နေရင် ထိန်းဖို့ အတွက် ရယ် ရောဂါတော်တော်များများကို ပျောက်ကင်းတယ်လို့ အယူရှိပါတယ်။ နောက်ပြီးအမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တက်လာစေတယ်လို့လည်း ဆိုပါတယ် ။ သူတို့ကတော့ မှော်ဆေး လို့တောင် တင်စားပါတယ် ။

ဂျာမူးက အဖိုးတန် ဆေးဖြစ်ပြီး အင်ဒို ကုမ္ပဏီတော်တော်များများရဲ့ ငွေဖြစ် လွယ်တဲ့ ဆေးလုပ်ငန်း ဖြစ်ပါတယ် ။ သမ္မတကတော့ “ကျနော် ကတော့ လက်ဖက်ရည် သောက်မယ့် အစား ဂျာမူး တစ်ခွက်လောက် သောက်လိုက်တယ် ။ ဧည့်သည်တွေ လာရင်လည်း အဲ့ဒါပဲတိုက်တယ် ။

မနက် နေ့လယ် ည ပိုင်းတွေမှာ ဂျာမူးကိုသောက်ပါတယ် ။ တကယ့်ကို အကာအကွယ်ဖြစ်လို့ ဈေးတွေထဲမှာ ဂျင်းနီနဲ့ နနွင်းက ဈေး၅ဆလောက်တောင်တက်သွားပါတယ် ။ ဈေးတွေတက်သွားပေမဲ့ သူကတော့ နိုင်ငံသားတွေ ဂျာမူးကိုသောက်ဖို့အတွက် တိုက်တွန်းဆဲပါပဲ ။ အင်ဒိုနီရှားမှာက ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ တစ်ယောက်ပဲ ပါသေးတယ် ။

အဲ့ဒိအင်္ဂလိပ်အမျိုးသမီးကြီးက ဘာလီကျွန်မှာနေပြီး သွေးတိုးဆီးချို ရောဂါစုံ ရှိတဲ့သူပါ။ အင်ဒိုသမ္မတ ထောက်ခံတိုင်း ရောဂါပျောက်ဆေးလို့ အောက်မေ့လို့မရပေမဲ့ သူ့နည်းသူ့ဟန်နဲ့ကတော့ အဆင်ပြေနေတာပါပဲ ။

မောင်ယဿ

REF: world of buzz / Photo; gunung sitoli

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …