အင္ဂ်လီနာဂ်ိဳလီ ကိုယ္ပြားလို႔ ေျပာတာကို မႀကိဳက္တဲ့ အီရွာဂုပတာ

အင္ဂ်လီနာဂ်ိဳလီ ကိုယ္ပြားလို႔ ေျပာတာကို မႀကိဳက္တဲ့ အီရွာဂုပတာ
International-news

အင္ဂ်လီနာဂ်ိဳလီ ကိုယ္ပြားလို႔ ေျပာတာကို မႀကိဳက္တဲ့ အီရွာဂုပတာ

စိတ္ဝင္စားစရာ ေကာင္းတဲ့ အခ်က္က ေဟာလီးဝုဒ္က စူပါစတား အင္ဂ်လီနာဂ်ိဳလီနဲ႔ တူလို႔ သူမကို ဂ်ိဳလီ ကိုယ္ပြားရယ္လို႔ တင္စား ေျပာတဲ့ အေပၚ သူမအေနနဲ႔ ဘယ္လိုမွ မႏွစ္သက္ေၾကာင္း နဲ႔ စိတ္ပ်က္ ရေၾကာင္း ဆိုလာပါတယ္ ။ သူမကို ႐ုပ္တူတယ္ ဆိုၿပီး ေျပာေတာ့ သူမရဲ႕ ပုံရိပ္ က်ဆင္းေၾကာင္း တစ္ေယာက္နဲ႔ တစ္ေယာက္ ႐ုပ္ဆင္ တာကို အသက္ေမြး လမ္းေၾကာင္း မွာတင္စားၿပီး ေျပာေတာ့ လုပ္ရကိုင္ရတာ ခက္ၾကာင္း ဆိုပါတယ္ ။

ေလာ့ခ္ေဒါင္းခ်ထားတဲ့ ကာလမွာ ႐ုပ္ရွင္ လုပ္ငန္းေတြ ရပ္တန႔္ ထားေတာ့ ေဘာလီးဝုဒ္ စတားေတြက လိုင္းေပၚ ကေန ပရိသက္နဲ႔ ထိေတြ႕မႈ ပိုမိုရလာၿပီး သူတို႔ ေျပာလိုတာေတြ ေျပာခ်င္တာေတြကို ပရိသတ္ေတြကို ေျဖေဖ်ာ္ ေနပါတယ္ ။ ဝိုင္ဖိုင္ကလည္း ေကာင္း ဆိုရွယ္ မီဒီယာေတြကလည္း ပြင့္လင္းမႈေတြ ရွိေတာ့ ပရိသတ္ေတြ အတြက္ အဆင္ေျပ ပါတယ္ ။ စတားေတြ ကလည္း သူတို႔ရဲ႕ နစၥဓူ၀ ကိစၥေလးေတြက အစ အလႉလုပ္ တာေရာ က်န္တဲ့ စကားေျပာ ေဆြးေႏြးမႈေတြေရာ လိုင္းေပၚ တင္ၿပီး ေျပာၾက ပါတယ္ ။

အီရွာဂူပတာ ဆိုတာ ေဘာလီးဝုဒ္က မင္းသမီး ေမာ္ဒယ္တစ္ေယာက္ ျဖစ္ပါတယ္ ။ ၂၀၀၇ ရဲ႕ ႏိုင္ငံတကာ မယ္ဆု ကို ရထားတဲ့သူျဖစ္ၿပီး ၂၀၁၂ မွာ ႐ုပ္ရွင္ေလာက ထဲကို ဝင္ေရာက္ ခဲ့ပါတယ္ ။ သူမ ႐ုပ္ရွင္ေလာကထဲကို ဝင္လာၿပီးေနာက္ ပရိသတ္က ဂ်ိဳလီနဲ႔ တူတယ္ဆိုၿပီး ေျပာရင္းက ႐ုပ္ရွင္ထုတ္လုပ္သူ ေတြက သူမကို သူတို႔ ႐ုပ္ရွင္ေၾကာ္ျငာတဲ့ အခါမွာ အင္ဂ်လီနာ ကိုယ္ပြားလို႔ ေျပာၿပီး ေၾကာ္ျငာ ၾကပါတယ္ ။

အဲ့ဒိအေပၚ သူမစိတ္ပ်က္ရ ေၾကာင္း အင္တာဗ်ဴးမွာေျပာပါတယ္ ။ သူမရဲ႕အင္တာဗ်ဴးမွာ “ ဟုတ္ပါတယ္ ။ က်မကို ဂ်ိဳလီနဲ႔ တူတယ္လို႔ ေျပာၾကတာ အမွန္ပါပဲ ။ ႐ိုး႐ိုးသားသား ေျပာရရင္ အဲ့လို ေျပာၾကတဲ့အခ်ိန္ထိ က်မ သူမရဲ႕႐ုပ္ရွင္ေတြကို မၾကည့္ဖူး ပါဘူး ။ အဲ့ဒိလို ေျပာမွ ၂ပတ္ေလာက္ၾကာေအာင္ ၾကည့္ျဖစ္ပါတယ္ ။ ေကာလိပ္က ေၾကာ္ျငာ တစ္ခုမွာ က်မကို သူနဲ႔ ယွဥ္တြဲၿပီး ပိုစတာ ကပ္ထားတာကို ေတြ႕ေတာ့ စိတ္မေကာင္း ျဖစ္မိပါတယ္ ။

႐ုပ္ရွင္ လုပ္ငန္းတစ္ခုထဲမွာ ျဖစ္ေပမဲ့ ေလွ်ာက္တဲ့ လမ္းေၾကာင္း ပုံခ်င္းက မတူတာကို သူမရဲ႕ အရိပ္ လာလႊမ္း ေနပါတယ္ ။ က်မက ပရိသတ္ကို ကြဲကြဲျပားျပားပဲ ျမင္ေစ ခ်င္ပါတယ္ ။ ေနာက္ၿပီး က်မကလည္း သူမရဲ႕ ဟန္ေတြကို တတ္ႏိုင္ သေလာက္ စိတ္ထဲ မွာေမ့ပစ္ရတဲ့ အလုပ္တစ္ခုက ပိုေနပါတယ္ ။

က်မက က်မဟာ အေမနဲ႔ပဲ တူတယ္လို႔ပဲ စိတ္ထဲ အၿမဲေအာင့္ေမ့ ေနရပါတယ္ ။ ဘယ္လိုပဲ ဂ်ိဳလီနဲ႔ မတူေအာင္ သ႐ုပ္ေဆာင္ေဆာင္ ပရိသတ္ကေတာ့ တူတယ္လို႔ပဲ ေျပာေန ၾကပါတယ္ ။ ဂ်ိဳလီက လိင္ ဆြဲေဆာင္မႈ အားေကာင္းတဲ့ မင္းသမီးတစ္လက္ပါ ။ က်မက အဲ့လိုမ်ိဳး နာမည္ႀကီးခ်င္တာမဟုတ္ပါဘူး ။ အေမက ေမြးတဲ့ အေမ့သမီး တစ္ေယာက္ အျဖစ္နဲ႔ ပဲ ရွင္သန္ ခ်င္ပါတယ္”လို႔ ဆိုပါတယ္ ။

ေမာင္ယႆ

REF: Bollywood life photo; social news XYZ

Unicode

အင်ဂျလီနာဂျိုလီ ကိုယ်ပွားလို့ ပြောတာကို မကြိုက်တဲ့ အီရှာဂုပတာ

စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က ဟောလီးဝုဒ်က စူပါစတား အင်ဂျလီနာဂျိုလီနဲ့ တူလို့ သူမကို ဂျိုလီ ကိုယ်ပွားရယ်လို့ တင်စား ပြောတဲ့ အပေါ် သူမအနေနဲ့ ဘယ်လိုမှ မနှစ်သက်ကြောင်း နဲ့ စိတ်ပျက် ရကြောင်း ဆိုလာပါတယ် ။ သူမကို ရုပ်တူတယ် ဆိုပြီး ပြောတော့ သူမရဲ့ ပုံရိပ် ကျဆင်းကြောင်း တစ်ယောက်နဲ့ တစ်ယောက် ရုပ်ဆင် တာကို အသက်မွေး လမ်းကြောင်း မှာတင်စားပြီး ပြောတော့ လုပ်ရကိုင်ရတာ ခက်ကြာင်း ဆိုပါတယ် ။

လော့ခ်ဒေါင်းချထားတဲ့ ကာလမှာ ရုပ်ရှင် လုပ်ငန်းတွေ ရပ်တန့် ထားတော့ ဘောလီးဝုဒ် စတားတွေက လိုင်းပေါ် ကနေ ပရိသက်နဲ့ ထိတွေ့မှု ပိုမိုရလာပြီး သူတို့ ပြောလိုတာတွေ ပြောချင်တာတွေကို ပရိသတ်တွေကို ဖြေဖျော် နေပါတယ် ။ ဝိုင်ဖိုင်ကလည်း ကောင်း ဆိုရှယ် မီဒီယာတွေကလည်း ပွင့်လင်းမှုတွေ ရှိတော့ ပရိသတ်တွေ အတွက် အဆင်ပြေ ပါတယ် ။ စတားတွေ ကလည်း သူတို့ရဲ့ နစ္စဓူ၀ ကိစ္စလေးတွေက အစ အလှူလုပ် တာရော ကျန်တဲ့ စကားပြော ဆွေးနွေးမှုတွေရော လိုင်းပေါ် တင်ပြီး ပြောကြ ပါတယ် ။

အီရှာဂူပတာ ဆိုတာ ဘောလီးဝုဒ်က မင်းသမီး မော်ဒယ်တစ်ယောက် ဖြစ်ပါတယ် ။ ၂၀၀၇ ရဲ့ နိုင်ငံတကာ မယ်ဆု ကို ရထားတဲ့သူဖြစ်ပြီး ၂၀၁၂ မှာ ရုပ်ရှင်လောက ထဲကို ဝင်ရောက် ခဲ့ပါတယ် ။ သူမ ရုပ်ရှင်လောကထဲကို ဝင်လာပြီးနောက် ပရိသတ်က ဂျိုလီနဲ့ တူတယ်ဆိုပြီး ပြောရင်းက ရုပ်ရှင်ထုတ်လုပ်သူ တွေက သူမကို သူတို့ ရုပ်ရှင်ကြော်ငြာတဲ့ အခါမှာ အင်ဂျလီနာ ကိုယ်ပွားလို့ ပြောပြီး ကြော်ငြာ ကြပါတယ် ။

အဲ့ဒိအပေါ် သူမစိတ်ပျက်ရ ကြောင်း အင်တာဗျူးမှာပြောပါတယ် ။ သူမရဲ့အင်တာဗျူးမှာ “ ဟုတ်ပါတယ် ။ ကျမကို ဂျိုလီနဲ့ တူတယ်လို့ ပြောကြတာ အမှန်ပါပဲ ။ ရိုးရိုးသားသား ပြောရရင် အဲ့လို ပြောကြတဲ့အချိန်ထိ ကျမ သူမရဲ့ရုပ်ရှင်တွေကို မကြည့်ဖူး ပါဘူး ။ အဲ့ဒိလို ပြောမှ ၂ပတ်လောက်ကြာအောင် ကြည့်ဖြစ်ပါတယ် ။ ကောလိပ်က ကြော်ငြာ တစ်ခုမှာ ကျမကို သူနဲ့ ယှဉ်တွဲပြီး ပိုစတာ ကပ်ထားတာကို တွေ့တော့ စိတ်မကောင်း ဖြစ်မိပါတယ် ။

ရုပ်ရှင် လုပ်ငန်းတစ်ခုထဲမှာ ဖြစ်ပေမဲ့ လျှောက်တဲ့ လမ်းကြောင်း ပုံချင်းက မတူတာကို သူမရဲ့ အရိပ် လာလွှမ်း နေပါတယ် ။ ကျမက ပရိသတ်ကို ကွဲကွဲပြားပြားပဲ မြင်စေ ချင်ပါတယ် ။ နောက်ပြီး ကျမကလည်း သူမရဲ့ ဟန်တွေကို တတ်နိုင် သလောက် စိတ်ထဲ မှာမေ့ပစ်ရတဲ့ အလုပ်တစ်ခုက ပိုနေပါတယ် ။

ကျမက ကျမဟာ အမေနဲ့ပဲ တူတယ်လို့ပဲ စိတ်ထဲ အမြဲအောင့်မေ့ နေရပါတယ် ။ ဘယ်လိုပဲ ဂျိုလီနဲ့ မတူအောင် သရုပ်ဆောင်ဆောင် ပရိသတ်ကတော့ တူတယ်လို့ပဲ ပြောနေ ကြပါတယ် ။ ဂျိုလီက လိင် ဆွဲဆောင်မှု အားကောင်းတဲ့ မင်းသမီးတစ်လက်ပါ ။ ကျမက အဲ့လိုမျိုး နာမည်ကြီးချင်တာမဟုတ်ပါဘူး ။ အမေက မွေးတဲ့ အမေ့သမီး တစ်ယောက် အဖြစ်နဲ့ ပဲ ရှင်သန် ချင်ပါတယ်”လို့ ဆိုပါတယ် ။

မောင်ယဿ

REF: Bollywood life photo; social news XYZ

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
International-news
လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို ေလ့လာမႈ အသစ္တစ္ခုက ေသြးလႉတဲ့ လူငယ္ေတြမွာ ႏွစ္ရွည္လမ်ား သံဓာတ္ခ်ိဳ႕တဲ့ျခင္းေတြ ျဖစ္ေပၚတတ္လို႔ ေသြးလႉၿပီးတဲ့ေနာက္မွာ သံဓာတ္ အားျဖည့္ေဆးေတြ ေသာက္သုံးရန္လိုတယ္လို႔ သတိေပးထားပါတယ္ ။ အေမရိကားမွာ ဆိုရင္ ၁၆ ႏွစ္က ၁၈ႏွစ္ အတြင္း လူငယ္ေတြက ေသြးလႉတဲ့ သူအမ်ားဆုံး အုပ္စုေတြ ျဖစ္ပါတယ္ ။ ၂၀၁၆ ကေန ၂၀၁၈ အထိ ေသြး ပထမဆုံးလႉတဲ့ လူငယ္ ၃၁၀၀၀ ေက်ာ္ကို ေလ့လာမႈ ျပဳခဲ့ရာ ၁၀ ေယာက္မွာ ၁ ေယာက္ သံဓာတ္ခ်ိဳ႕တဲ့ မႈ လကၡဏါ ေတြကို ခံစား ေနရတယ္လို႔ …

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့
International-news
ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့ ၂၀၁၉ ဒီဇင္ဘာ လေလာက္က စၿပီး ကမာၻ႔ ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္-၁၉ က ျပန႔္ႏွံ႔မႈ ေတြ စတင္ ခဲ့ပါတယ္ ။ ဗိုင္းရက္ရဲ႕ သဘာဝက ထူးျခားလြန္းလို႔ ႏိုင္ငံတိုင္းမွာ ေရာဂါ ျပန္ႏွံ႔မႈကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ ေနခဲ့ရပါတယ္ ။ ၂၀၂၀ ႏွစ္ဦးပိုင္းကေနစၿပီး ေရာဂါျပန္ႏွံ႔ ေနတာက ဒီေန႔အထိ ျဖစ္ေနတုန္းပါပဲ ။ တိုင္းျပည္ေတြ စီးပြားေရး က်ပ္တည္းမႈေတြ ျဖစ္ေန ခ်ိန္မွာ ႐ုပ္ရွင္မင္းသမီးေတြ အဆိုေတာ္ေတြရဲ႕ အြန္လိုင္း အေကာင့္ေတြ ေဖာက္ထြင္းခံ ေနရပါတယ္ ။ အခုဆိုရင္ က်န္းမာေရး ဆိုင္ရာအခ်က္အလက္ေတြကိုပါ ေဖာက္ထြင္း …