
International-news







မောင်ယဿ

REF: euro news / Photo; Ap

Unicode

အင်္ဂလန်မှာ စာလာသင်တဲ့ ဥရောပ ကျောင်းသားတွေ ပိုက်ဆံပိုပေးရမယ်

ယူကေ အစိုးရက ၂၀၂၁ စာသင်နှစ်အတွက် အင်္ဂလန်က တက္ကသိုလ်တွေမှာ စာလာသင်ဖို့ရာ ဆန္ဒရှိတဲ့ ကျောင်းသားတွေအနေနဲ့ ကျောင်းလခနဲ့ အထွေထွေ ကုန်ကျစရိတ်တွေ ပိုမို ပေးဆောင်ရမယ်လို့ အတည်ပြုလိုက် ပါတယ် ။ အကြောင်းကတော့ ယူကေက ဥရောပသမဂ္ဂ ကနေ ခွဲထွက်ပြီဖြစ်တဲ့ အတွက်ကြောင့် လို့ပါပဲ ။

အီးယူ ကျောင်းသားတွေအားလုံး ၂၀၂၁-၂၂ စာသင်နှစ်မှာ ပိုမို ကုန်ကျစရာတွေ ရှိပါတယ် ။ လက်ရှိ ဘွဲ့ ကြို ကျောင်းသားတွေ အတွက် တစ်နှစ် ကုန်ကျစရိတ်က ပေါင် ၉၂၅၀ ဖြစ်ပါတယ် ။ လာမဲ့ စာသင်နှစ်မှာ ပေါင် ၁၀၀၀၀ ကျခံဖွယ်ရာ ရှိနေပါတယ်လို့ ယူကေ ပညာရေးဌာနက ဆိုပါတယ် ။ တက်ရောက်မယ့် တက္ကသိုလ်တွေရဲ့ အမျိုးအစားပေါ်မူတည်ပြီး နိုင်ငံတကာ ကျောင်းသားတွေ ကတော့ ပေါင် ၁၀၀၀၀ ကနေ ပေါင် ၃၈၀၀၀ အတွင်း ကျခံဖွယ်ရာ ရှိနေပါ တယ် ။

အီးယူ ကနေ ယူကေ ခွဲထွက်တဲ့ ကိစ္စက ဇန်နဝါရီလကတည်းက သဘောတူညီမှု ရပြီး ဖြစ်ပေမဲ့ လာမယ့် ဒီဇင်ဘာလ အထိ ကြားကာလအဖြစ် ထားရှိကာ နိုင်ငံသား အခွင့်အရေး ကိစ္စ ဆက်လက် ဆွေးနွေး သွားမှာ ဖြစ်ပါတယ် ။ လက်ရှိကတော့ ပညာရေး စရိတ် တိုးမြင့်မှု ကို အိုင်ယာလန် နိုင်ငံသားတွေ ကလွဲလို့ ကျန်တဲ့ နိုင်ငံသားတွေ အကုန် ကျခံရမှာဖြစ်ပါတယ် ။

ပညာရေး ဒါရိုက်တာ နစ်ဟီလ်တန် က “ အခုလိုပညာရေးစရိတ် တိုးမြင့်သွားတယ် ဆိုတာက သိပ် အံ့သြစရာကြီး မဟုတ်ပါဘူး ။ အရင်က ကျနော်တို့က အီးယူ ကျောင်းသားတွေကို ပညာရေး စရိတ် ၆၀ % ကို သာ ကျခံ စေခဲ့တာပါ ။ ယူကေက ဥရောပက ခွဲထွက်လိုက်ပြီဆိုတော့ ဥရောပ ကျောင်းသားတွေကို အရင်က လျှော့ပေးထားတဲ့ ကုန်ကျစရိတ် တွေကို ကျခံစေတဲ့ သဘော လောက်ပါပဲ ။ ထပ်ပြီးတိုးလိုက်တာတော့ မဟုတ်ပါဘူး ။

ဥရောပကျောင်းသားတွေ အတွက် ပညာသင်စရိတ် လျှော့ပေးတယ်ဆိုတာ စိတ်ဓာတ်ရေး ရာပိုင်းရော ဥပဒေပိုင်း ဆိုင်ရာမှာ အားနည်းချက် ဖြစ်စေပါတယ် ။ ကျန်တဲ့ နိုင်ငံတွေ က ကျောင်းသားတွေ အတွက် အဲ့ဒိကိစ္စ ကို တွက်ကပ် လာစရာရှိနေနိုင်ပါတယ်”လို့ဆိုတယ် ။ သူကတော့ ဒီလို ပညာရေး စရိတ် တိုးမြင့်သွားတာ က အင်္ဂလန် တက္ကသိုလ်တွေကို လာရောက်စာသင် နေတဲ့ ကျောင်သားတွေ အတွက် သေးငယ်တဲ့ အခက်အခဲလေးပါလို့ ဆိုပါတယ် ။

မောင်ယဿ

REF: euro news / Photo; Ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …