
International-news






မောင်ယဿ


Unicode

အင်္ဂလန်က ဒေတာတွေအရ အသားမဲတဲ့ သူတွေက အသားဖြူတဲ့ သူတွေထက် ၃ဆ ပိုမို သေဆုံး

အင်္ဂလန်ကျွန်း အပါအဝင် ဗြိတိန် တစ်နိုင်ငံလုံးရဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှု တိုင်းတာချက် အရ အသားအရောင် ရှိတဲ့သူတွေက အသားဖြူသူတွေထက် ၃ဆ ပိုမို သေဆုံးပြီး မူဆလင်နဲ့ ဂျူးဘာသာ ဝင်တွေက ဘာသာမဲ့ တွေထက် ၂ဆခွဲ ပိုမို သေဆုံးတာကို တွေ့ရှိ ခဲ့ရပါတယ် ။

ကော်ရိုနာဗိုင်းရက် ရောဂါဖြစ်ပွားမှု ရေချိန်အမြင့်ဆုံး မတ်လ ကနေ မေလလယ် အထိ တိုင်းတာချက်အရ ဗြိတိနိုင်ငံသား အမျိုးသား တစ်သိန်းမှာ မူဆလင် ၁၉၉ ယောက်က ကော်ရိုနာဗိုင်းရက်ကြောင့်သေဆုံး ခဲ့ပြီး ဘာသာမဲ့ က ၈၁ ယောက် သေဆုံးတယ်လို့ သိရပါတယ် ။ ကိုဗစ်ရောဂါကြောင့် သေဆုံးသူစာရင်းကို ပြုစုတဲ့ အမျိုးသား စာရင်းအင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ဂျူးတွေက ၁၈၉ ဦးသေဆုံးက ၎င်းနောက်ကို ဟင်ဒူ ၁၅၅ယောက် သေဆုံးခဲ့ပါတယ် ။

ဆစ်ခ်လူမျိုး ၁၂၉ ဦးသေဆုံးပြီး ဗုဒ္ဓဘာသာက ၁၁၃ ဦးသေဆုံးခဲ့ပါတယ် ။ ခရစ်ယာန်တွေက ၉၃ သီးသေဆုံးခဲ့ပါတယ် ။ စာရင်းဇယားတွေရဲ့ ဖော်ပြချက်အရ ဘာသာမဲ့ တွေက ကိုးကွယ်ဘာသာရှိတဲ့သူတွေထက် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နည်းတာကို တွေ့ရပါတယ် ။ အလားတူ စာရင်းဇယား အရ ဗြိတိန်နိုင်ငံသား အမျိုးသမီးတွေမှာတော့ မူဆလင် အမျိုးသမီးတွေက လူ၁သိန်းမှာ ၉၉ယောက်သေဆုံးပါတယ် ။ ၎င်းရဲ့နောက်မှာတော့ ဂျူးအမျိုး သမီးတွေက ၉၄ယောက် ၊ ဟင်ဒူတွေက ၉၃ယောက်၊ ဆစ်ခ်တွေက ၆၉ယောက်၊ ဗုဒ္ဓဘာသာတွေက ၅၇ယောက် ၊ခရစ်ယာန်တွေက ၅၅ယောက်နဲ့ ဘာသာမဲ့ တွေက ၄၈ယောက် သေဆုံးတာကိုတွေ့ ရပါတယ် ။

နောက်ထပ်လေ့လာမှုအရ အသားမဲတဲ့ သူတွေက အသားဖြူသူတွေထက် ၃ဆ ပိုမိုသေဆုံးပြီး အာရှနွယ်ဖွား အသားညိုသူတွေရဲ့ သေဆုံးမှုကတော့ အချိုးမညီတာကို တွေ့ရပါတယ် ။ အချို့နေရာတွေမှာ အာရှသားတွေ သေဆုံးမှု များသလောက် အချို့နေရာတွေမှာသေဆုံးမှု မရှိသလောက်ကို တွေ့ရပါတယ် ။ မတ်လ၂ရက်နေ့ကနေ မေလ၁၅ရက်အတွင်း ပြုစု ထားသောစာရင်းမှာ လူတစ်သိန်းမှာ လူမဲ အမျိုးသား၂၅၆ဦးသေဆုံးပြီး လူဖြူ ၈၇ဦးပဲသေဆုံးတာရယ် လူမဲအမျိုးသမီး ၁၁၉ဦးသေဆုံးကာ လူဖြူအမျိုးသမီး၅၂ဦးသာသေဆုံးတာ ကို တွေ့ရ ပါတယ် ။ အဲ့ဒိစာရင်းကို အင်္ဂလန်က ဆေးရုံ ၂၆၀ ကနေ ပြုစုထားတဲ့စာရင်းကိုအခြေပြုပြီး ဖော်ပြခဲ့တာပါ ။

မောင်ယဿ

REF: daily mail / Photo; daily mail

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …