
Sport







Unicode

အင်္ဂလန်ကစားသမားတွေဆိုရင် နာဖို့သာပြင်ပေတော့

ပြီးခဲ့တဲ့ စနေနေ့က အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့ တို့ကစားတဲ့ပွဲမှာ ၁-၁ ဂိုးနဲ့ သရေကျခဲ့ပါတယ်။ အဲဗာတန်အသင်းက အိမ်ကွင်းမှာ ကစားကွက် အသာနဲ့ ဖိကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ၁ဂိုးသွင်းယူပြီး ဧည့်သည်အသင်းကို မလှုတ်နိုင်အောင် ဖိကစားထားပြီး ဦးဆောင်နေပါတယ်။ ဒုတိယပိုင်း စပြီးနောက်ပိုင်းမှာ အဲဗာတန်ဂိုးသမား ပစ်ဖိုဒ့်က အမှားတွေကို လုပ်လာခဲ့ပါတယ်။ ဘောလုံးတွေကို ဖမ်းတဲ့နေရာမှာ မသေမချာတွေ လုပ်တော့တာပါပဲ ဘောလုံးကို ပြတ်ပြတ်သားသား မရှင်းထုတ်နိုင်လို့ နောက်တန်းနဲ့ တစ်ဖက်အသင်း ရှေ့တန်းတို့ ထိခိုက်မိတဲ့အထိ ဖြစ်လာပါတယ်။ နောက်တော့ သူပိတ်ထားတဲ့ ထောင့်ကိုပဲ ခရစ္စတယ်ပဲလေ့ ရှေ့တန်းတိုက်စစ်မှူး ကန် ထည့်တာ ပေါင်ကြားထဲက ဝင်ပြီး ဂိုး ပေးလိုက်ရပါတယ်။ ပွဲက သရေကျသွားပြီး အိမ်ကွင်း အဖိုတန် ၃မှတ် မရလိုက်ပါဘူး။

ပွဲပြီးတော့ အင်္ဂလန်ပရိသက်တွေက ပစ်ဖို့ဒ်ကို အော်ဟစ်ပြီး ဝေဖန် တိုက်ခိုက်တော့တာပါပဲ။ အင်္ဂလန်အသင်း လက်ရွေးစင် ဂိုးသမားဖြစ်သူ ပစ်ဖို့ဒ်က အင်္ဂလန်ဘောလုံးသမား ဖြစ်ရတာမလွယ်ပါဘူးလို့ ညည်းတွားလာပါတယ်။ “အင်္ဂလန်ဘောလုံး ပရိသတ်တွေက အပြောပက် စက်ပါတယ်။ အာမနာတမ်းကို ဝေဖန် တိုက်ခိုက်ပါတယ်။ အဲ့ဒီအတွက် နာကျင်ရပါတယ်”လို့ သူကဆိုတယ်။ စိတ်ပျက်စရာ ကောင်း တဲ့ သူ့အမှားအတွက် သူဝန်ခံခဲ့ပါတယ်။ ပစ်ဖို့ဒ် (၂၅နှစ်) က ပြီးခဲ့တဲ့ ကမ္ဘာဖလားပွဲတုန်းကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ ရဖူးပါတယ်။ အထူးသဖြင့် မန်ယူနဲ့ အင်္ဂလန်ကစားသမားဟောင်း ဂယ်ရီနဗီးလ် လို ရုပ်သံ အစီအစဉ်ကြေညာသူတွေက သူ့ဆိုရင် ပြစ်ပြစ်နှစ်နှစ်ကို ဝေဖန်လေ့ရှိပါတယ်။

“သူလည်း အင်္ဂလန်အသင်းမှာ ကစားဖူးတဲ့ လူတစ်ယောက်ပါပဲ။ သူပြောနေပုံက သူ့တုန်းက အမှားတစ်ခုမှ မလုပ်ဖူး သလိုပါပဲ”လို့ ဂယ်ရီနဗီးလ်ရဲ့ ဝေဖန်မှုနဲ့ ပတ်သက်လို့ ပြောပါတယ်။ “အင်္ဂလန် လက်ရွေးစင်ဖြစ်ပြီ ဆိုတာနဲ့ အဝေဖန်ခံရဖို့က အရင်ဆုံး ကြုံတွေ့ရမှာပါ။ ကျနော်လည်း အကောင်းဆုံး လုပ်နေတာပဲလေ။ ကြည့်ရင်တော့ လွယ်လွယ်လေးပေါ့။ အမှားတစ်ခုလုပ်မိတာနဲ့ လူတွေရဲ့ မုန်းတီးခြင်းကို ခံရတော့တာပါပဲ။ အရင်တုန်းက ဂိုးသမား ဂျိုးဟတ်တုန်းကလည်း ဒီလိုပါပဲ။ နာကျင်ရပါတယ်ဗျာ” လို့ သူကဆိုတယ်။

အင်္ဂလန်လက်ရွေးစင် ဂိုးသမားတော်တော်များများက ပေါင်ကြားထဲက ဂိုသွင်းခံရတာကတော့ အမှန်ပါပဲ။ ဒေဗစ်ဆီးမင်း ကအစ အခု ပစ်ဖို့ဒ်အထိ ပေါင်ကြားထားက ဂိုးသွင်းခံရပြီဆိုတာနဲ့ အင်္ဂလန်ပရိသတ်က ပြစ်ပြစ်နှစ်နှစ် ဝေဖန်လေ့ရှိပါတယ်။

မောင်ယဿ REF: Goal .com photo :daily sun

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။ ၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။ မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ …