”အချစ် အိမ်ထောင်ရေးနဲ့ စိတ်ခံစားချက်”
Life Style
”အချစ် အိမ်ထောင်ရေးနဲ့ စိတ်ခံစားချက်”
ဒီဘက်ခေတ်မှာ ယောကျ်ားမိန်းမ အတော်များများဟာ အိမ်ထောင်ရေးအပေါ်ကို ယုံကြည်သက်ဝင်မှု နည်းပါးလာပြီး အိမ်ထောင်မပြုပဲ အချစ်ကို အချစ်သက်သက်နဲ့ တည်ဆောက်ချင် လာကြတာကို တွေ့မြင်လာရပါတယ်။
ဒါကလည်း တစ်ကယ့်တစ်ကယ်တော့ အပြစ်အကြီးကြီးလို့ မဆိုသာပါ။ ဘာကြောင့်လည်းလို့ဆိုရင် ခေတ်စနစ်အရ ယောကျ်ားမိန်းမတန်းတူ အလုပ်လုပ်ကြရပြီး တန်းတူ ငွေကြေး ရှာဖွေနေနိုင်ကြမှု အပေါ်မှာ များစွာ မူတည်နေတယ်လို့ မြင်မိပါတယ်။
ထက်မြက်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ လွှမ်းမိုးမှုကို မခံချင်ကြသလို မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသားများကလည်း ဘယ်လို သြဇာလွှမ်းမိုးမှုမျိုးကိုမှ မလိုလားနိုင်ကြတော့တာကြောင့်ပဲလို ထင်ပါတယ်။
''အချစ် အိမ်ထောင်ရေးနဲ့ စိတ်ခံစားချက်''1
အချစ်မရှိတော့တာဖြင့် မဟုတ်ကြသလို အချစ်ကို မလိုလားတာမျိုး sex ကို စိတ်မဝင်စားတာမျိုးလည်း မဟုတ်ပြန်ပါဘူးလို့ သုံးသပ်မိပါတယ်။ ခေတ်အခြေအနေအရ အိမ်ထောင်မှုတစ်ခု ထူထောင်ဖို့ရာ အခက်အခဲနဲ့ လိုအပ်ချက်များစွာဟာ အမျိုးသား အမျိုးသမီး စုံတွဲတို့အတွက် ဘဝရဲ့ အရေးတကြီး စိန်ခေါ်မှုအပိုင်းတွေ ဖြစ်လာတာကို တွေ့မြင်လာရပါတယ်။
Living together နေထိုင်မှုတွေ ပိုမိုအားကောင်းလာခဲ့ပြီး အတိအလင်း အိမ်ထောင်မပြုပဲ အတိအလင်းချစ် အတိအလင်းတွဲတာမျိုး မဟုတ်ပြန်တော့ပဲ ကိုယ့်နားလည်းမှုနဲ့ကိုယ် Silent တွဲတာမျိုးတွေလည်း များစွာ တွေ့မြင်လာကြရပါတယ်။
ဘယ်သို့ပင် ဆိုစေကာမူ ဖိုနှင့်မ ဆန့်ကျင်ဘက်ဟူသည်မှာ သွေးမတော်သားမစပ် သံယောဇဉ်မျိုး ဖြစ်သည့်အတွက် နှစ်နှစ်ကာကာ ချစ်ကြဖို့တော့ဖြင့် အထူး လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသူ ဖိုနဲ့မကြားတွင် ချစ်ခြင်းတရားဖြင့် sexကို တည်ဆောက်နိုင်ဖို့သည် အရေးကြီးသည့် အချက်ပင်တည်း။
သို့မဟုတ်ပါက အလုပ်သဘောနှင့် စက်ရုပ်သဘောသာ ဆောင်လျှက် တစ်ဦးအပေါ်တစ်ဦး ယုံကြည်ထားသည့် တည်ဆောက်မှု ပျက်ပျယ်နိုင်ကာ လူသားစစ်စစ်တို့၏ သဘောသဘာဝများ ပျောက်ဆုံးသွားနိုင်ပါသည်။
အိမ်ထောင်သည်များ ဒါမှမဟုတ် စုံတွဲများအနေနဲ့ တစ်ဦးအပေါ်တစ်ဦး နားလည်ခြင်းများဖြင့်လက်တွဲကြပြီး ဖေးမ စာနာစိတ်များဖြင့် မပြောင်းမလဲသောစိတ် တစ်သဘောတည်းထားရှိကာ  ချစ်ကြမည်ဆိုလျှင် သက်ဆုံးတိုင် တွဲလက်များ ခိုင်မြဲနိုင်မည်သာ ဖြစ်ပါတယ်။
Sex ကို ဆေးပညာအရ အံအားသင့်ဖွယ်ရာ ညွှန်းဆိုထားမှုတစ်ခုမှာ…..
အိမ်ထောင်သည်များကြား အတူခံစား နေထိုင်ကြသူများကြား မကြာခဏဆိုသလို sex ကိစ္စပြုလုပ်ခြင်းကြောင့် အောက်ပါ ကျန်းမာခြင်းရဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်တယ်လို့ ဆိုထားပါတယ်။
၁. စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။
၂. သွေးတိုး ကျဆင်းစေပါတယ်။
၃. ကိုယ်ခံစွမ်းအားစနစ်ကို ပိုမိုကောင်းမွန် တိုးတက်စေပါတယ်။
၄. ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။
၅. ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။
၆. နှလုံးသွေးကြောကျန်းမာရေး ကောင်းမွန်စေပါတယ်။
၇. ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် တိုးစေပါတယ်။
၈. စိတ်ဓာတ်ကြံ့ခိုင် သန်မာစေပါတယ်။
၉. ကိုက်ခဲမှု သက်သာစေပါတယ်။
၁၀. အမျိုးသားများကို ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုလျော့ကျစေပါတယ်။
၁၁. တင်ပါးဆုံတစ်ဝှိုက် ကြွက်သားတွေကို သန်စွမ်းစေပါတယ်။
၁၂. နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။
အချစ်ကြောင့်ပဲဖြစ်စေ အိမ်ထောင်ရေးကြောင့်ပဲဖြစ်စေ စိတ်တူသဘောတူ ဆက်ဆံကြဖို့သာ အရေးကြီးပါတယ် ဆိုတဲ့အကြောင်း နှစ်ဦးနှစ်ဘက် ကြည်ဖြူတဲ့ ဆက်ဆံရေးကို တည်ဆောက်ရင်း ကျန်းမာသာယာ ကောင်းမွန်တဲ့ သဘာဝတရားကြီးကို ပိုင်ဆိုင်ရရှိနိုင်ကြပါစေ။
# စန္ဒီမြင့်မိုရ်
Zawgyi
ဒီဘက်ခေတ်မှာ ယောက်ျားမိန်းမ အတော်များများဟာ အိမ်ထောင်ရေးအပေါ်ကို ယုံကြည်သက်ဝင်မှု နည်းပါးလာပြီး အိမ်ထောင်မပြုပဲ အချစ်ကို အချစ်သက်သက်နဲ့ တည်ဆောက်ချင် လာကြတာကို တွေ့မြင်လာရပါတယ်။
''အချစ် အိမ်ထောင်ရေးနဲ့ စိတ်ခံစားချက်''2
၎. ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။
# စန္ဒီမြင့်မိုရ်
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ......''''
Knowledge
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.”
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.” ချစ်သူတွေကြားမှာ နမ်းခြင်းဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်း သိကြပါတယ်။သို့သော် အနမ်းနဲ့ ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကိုတော့ သိကောင်းမှသိမှာမို့ အချစ်နဲ့ပတ်သက်ပြီး သုတေသန ပြုရာမှာ ကမ္ဘာကျော်တဲ့ ဒေါက်တာဝီလျံစတိုင်းဘတ်ရဲ့ လေ့လာချက် တစ်ချို့ကို ပြောပြချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်ဟာ ၇ ချက်ရှိပြီး ဆိုးကျိုးဟာ ၄ မျိုးရှိပါတယ်တဲ့။ အနမ်းရဲ့ကောင်းခြင်း များ…. ၁…ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတဲ့အချိန်မှာ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်က ကြွက်သားမျှင်တွေကို လှူပ်ရှားလာအောင် ဦးနှောက်က လှူံဆော်ပေးလိုက်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးလွတ်ကြောတွေ စီးဆင်းမှူ …
Life Style
“အင်စတာဂရမ်ကို မဖွင့်ရဲဘူလို့ ဆိုတဲ့ ဇာဟာ”
အင်စတာဂရမ်ကို မဖွင့်ရဲဘူလို့ ဆိုတဲ့ ဇာဟာ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဝီလ်ဖရိုင်း ဇာဟာက သူ အင်စတာဂရမ်ကို ဖွင့်လိုက်တာနဲ့ လူမျိုးရေးခွဲခြားမှု မက်ဆေ့တွေ အများကြီး တက်လာနေလို့ သူ့မှာ အင်စတာဂရမ်ကို ဖွင့်ရမှာ ကြောက်နေတယ်လို့ ဆိုလာပါတယ်။ အမေရိကန် ကေသုံးလုံး ဂိုဏ်းတံဆိပ်တွေနဲ့ ၁၂နှစ်သား အရွယ်ကောင်လေးက သူ့ရဲ့ မက်ဆေ့ထဲကို ဝင်ရောက်ပြီး ခြိမ်းခြောက်စာတွေပို့လို့ ပြီးခဲ့တဲ့ လက ဖမ်းဆီးအရေးယူ ခံရပြီးနောက်မှာ သူ့ရဲ့ မက်ဆေ့ဘောက်စ် ထဲကို လူမျိုးရေး ခွဲခြားတဲ့ စာတွေ အများကြီး ရောက်လာနေပါတယ်။ သူ့အနေနဲ့ သည်းမခံနိုင်လောက်အောင် ကို လူမျိုးရေး နှိမ်ချမှု အသားအရောင် ခွဲခြားမှု စကားလုံးတွေ နဲ့ တိုက်ခိုက်နေလို့ …
ရင်သွေးအတွက် ဒူးထောက် တောင်းပန်ခဲ့တဲ့ ကိုယ်ဝန်ဆောင် နွားမကြီး
Life Style
ရင်သွေးအတွက် ဒူးထောက် တောင်းပန်ခဲ့တဲ့ ကိုယ်ဝန်ဆောင် နွားမကြီး ( ရုပ်သံ )
ရင်သွေးအတွက် ဒူးထောက် တောင်းပန်ခဲ့တဲ့ ကိုယ်ဝန်ဆောင် နွားမကြီး ( ရုပ်သံ ) တိရစ္ဆာန်တွေမှာလည်း သူတို့ အသိနဲ့ သူတို့ ရှိတယ် ဆိုတာကို ကျနော်တို့ သိပြီးသားပါ ။ သူတို့ ပြောချင်တဲ့ စကားတွေကို အမူအယာ တွေကို ကြည့်ပြီး ကျနော်တို့က လိုက်နားလည် ရပေမဲ့ တစ်ခါတစ်လေ သူတို့က လူတွေ သုံးတဲ့ အပြုအမူ တွေကို လိုက်လုပ်တဲ့ အခါမှာတော့ အံ့အားသင့် ရတာပေါ့ ။ ငဲ့ညှာပါ သနားပါတို့ စာနာပါတို့ ဆိုတာ တွေကတော့ ခံစား သိနား လည်ဖို့ အလွယ်ဆုံး ဘာသာ စကား ပါပဲ ။ …