
အချစ်သစ်နဲ့ မွှေ့လျော်နေပြီ ဖြစ်တဲ့ ဒီမီလိုဗာတို
ဒစ္စနေကနေ မွေးထုတ်ပေးလိုက်တဲ့ ဆယ်လီတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒီမီလိုဗာတိုက ခံစားချက် အစွန်းရောက်တတ်သူပါ။ စိတ်အစွန်းရောက်သူတွေ က ဘဝကို ရုန်းကန်တဲ့ အခါမှာ အောင်မြင်မှုကို မရောက်မချင်း ကြိတ်မှိတ် သည်းခံခဲ့ရတော့ လွတ်ပြီ ဆိုတာနဲ့ ပေါက်ကွဲ ထွက်တော့တာပါပဲ။
အစားအသောက် အနေအထိုင်နဲ့ မူးယစ်ဆေးဝါတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေမိတော့တဲ့ အဆင့်ထိကို ရောက်ခဲ့ပါတယ်။ နာလံထစခန်းမှာ အချိန်ယူ ကုသမှု တွေ လုပ်ပြီးချိန်မှာတော့ သူမက ကိုယ်စိတ်နဲ့ကိုယ် ကပ်မိ လာပါတော့ တယ်။
တဖြည်းဖြည် အနယ်ထိုင်လာတဲ့ ဒီမီလိုဗာတိုက ဒီနှစ်ထဲမှာ မက်စ် အာရစ်ချ် နဲ့ တွေ့ခဲ့ပါတယ်။ ဒီနေ့ဆိုရင် သူတို့ရဲ့ ချစ်သူသက်တမ်း ၅လပြည့်ပြီဖြစ်လို့ အကြင်နာတွေ ဝေဖြာနေကြတဲ့ သူတို့ရဲ့ ဓာတ်ပုံတွေကို လိုင်းပေါ် တင်လိုက်ကြပါတယ်။
သူတို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကလည်း ဟောလီးဝုဒ်အသိုင်းအဝိုင်းမှာ ပြောစရာတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ကွာရင်တိုင်း အတူတူ ဝင်ကြ၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူသက်တမ်း ၄လ ကျော်လာပြီဖြစ်လို့ စေ့စပ်လိုက်ကြပါတယ်။ သူတို့တွေကို ကိုဗစ်ကာလ ချစ်သူများလို့တောင် ပြောရမှာပါ။
ဒီနှစ် မတ်လထဲမှာ အွန်လိုင်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် စာတွေ အပြန်အလှန် ပို့ ကြရင်းနဲ့ ရင်းနှီးနေခဲ့ကြတာပါ။ အမေရိကန် မဂ္ဂဇင်းကတော့ သူတို့ ၂ယောက် ကိုဗစ်ကာလအတွင်းမှာပဲ ချိန်းတွေ့ ခဲ့ကြတယ်လို့ ဖောက်သည် ချခဲ့ပါတယ်။ အဲ့ဒိနောက်ပိုင်းမှာ သူတို့ ဘယ်လိုမှ မခွဲနိုင်အောင် ဖြစ်ခဲ့ကြတယ်နဲ့ တူပါတယ်လို့လည်း ပြောပါတယ်။
မတ်လထဲမှာ လိုင်းပေါ်မှာ စာတွေအပြန်အလှန်ပို့ ဧပြီလထဲမှာ ကယ်လီဖိုးနိးယားက လိုဗာတိုရဲ့ အိမ်မှာ ကွာရင်တိုင်း အတူတူဝင်ပြီး ခွဲနေရမယ်ဆိုတဲ့ ကိုဗစ်-၁၉ ရှောင်တိမ်းဖို့ နည်းလမ်းကို ၂ယောက်တွဲပြီး ခွဲနေကြတာပါ။ သူတို့ရဲ့မိသားစုတွေကတောင် အဲ့လောက် မြန်မြန်ကြီး ချစ်သူတွေ ဖြစ်သွားမယ်လို့တောင် မထင်ခဲ့ကြပါဘူး။
သူတို့ကတော့ တကယ့် နှစ်ရှည်လများ တွဲခဲ့ကြတဲ့ ချစ်သူတွေလိုပဲ ထင်နေကြတယ်။ အာရစ်ချ်က လိုဗာတိုကို ဇူလိုင် ၂၃ မှာ လက်ထပ်ခွင့်တောင်းခဲ့တယ်။ အဲ့ဒိအကြောင်းကို လိုဗာတို ကသူမရဲ့ အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။
“သူက ကျမကို ချစ်နေပြီလို့ ကျမ ထင်တယ်။ ကျမကလည်း သူ့ကိုတွေ့ကတည်းက ချစ်နေမိတာပါ။ ကျမက အချစ်ကို ရူးဖူးတယ်။ အဲ့ဒိ ခံစားချက်ထက် ပိုနေတယ်လို့ တင်တယ်။
သူနဲ့ မိသားစုတစ်ခုကို တည်ထောင်ထား မယ်ဆိုရင် စိတ်ချမ်းသာရမှာပဲ ဆိုတဲ့ အတွေးနဲ့ကို သူ့ကိုချစ်မိနေတာပါ”လို့ ရေးတင်ခဲ့ပါတယ်။ အခုတော့ ဒီမီလိုဗာတိုက ချစ်သူ အချစ်ထက် မိသားစုအချစ်လို အချစ်မျိုးကို တွေ့ခဲ့ပြီနဲ့ တူပါတယ်။
မောင်ယဿ, REF; Hollywood life, Photo : instargram
Zawgyi
အခ်စ္သစ္နဲ႔ ေမႊ႕ေလ်ာ္ေနၿပီ ျဖစ္တဲ့ ဒီမီလိုဗာတို
ဒစၥေနကေန ေမြးထုတ္ေပးလိုက္တဲ့ ဆယ္လီေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဒီမီလိုဗာတိုက ခံစားခ်က္ အစြန္းေရာက္တတ္သူပါ။ စိတ္အစြန္းေရာက္သူေတြ က ဘဝကို ႐ုန္းကန္တဲ့ အခါမွာ ေအာင္ျမင္မႈကို မေရာက္မခ်င္း ႀကိတ္မွိတ္ သည္းခံခဲ့ရေတာ့ လြတ္ၿပီ ဆိုတာနဲ႔ ေပါက္ကြဲ ထြက္ေတာ့တာပါပဲ။
အစားအေသာက္ အေနအထိုင္နဲ႔ မူးယစ္ေဆးဝါေတြေၾကာင့္ ကိုယ့္ကိုယ္ကို သတ္ေသမိေတာ့တဲ့ အဆင့္ထိကို ေရာက္ခဲ့ပါတယ္။ နာလံထစခန္းမွာ အခ်ိန္ယူ ကုသမႈ ေတြ လုပ္ၿပီးခ်ိန္မွာေတာ့ သူမက ကိုယ္စိတ္နဲ႔ကိုယ္ ကပ္မိ လာပါေတာ့ တယ္။
တျဖည္းျဖည္ အနယ္ထိုင္လာတဲ့ ဒီမီလိုဗာတိုက ဒီႏွစ္ထဲမွာ မက္စ္ အာရစ္ခ်္ နဲ႔ ေတြ႕ခဲ့ပါတယ္။ ဒီေန႔ဆိုရင္ သူတို႔ရဲ႕ ခ်စ္သူသက္တမ္း ၅လျပည့္ၿပီျဖစ္လို႔ အၾကင္နာေတြ ေဝျဖာေနၾကတဲ့ သူတို႔ရဲ႕ ဓာတ္ပုံေတြကို လိုင္းေပၚ တင္လိုက္ၾကပါတယ္။
သူတို႔ ၂ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းကလည္း ေဟာလီးဝုဒ္အသိုင္းအဝိုင္းမွာ ေျပာစရာတစ္ခုလို ျဖစ္ခဲ့ပါတယ္။ ကြာရင္တိုင္း အတူတူ ဝင္ၾက၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္သူသက္တမ္း ၄လ ေက်ာ္လာၿပီျဖစ္လို႔ ေစ့စပ္လိုက္ၾကပါတယ္။ သူတို႔ေတြကို ကိုဗစ္ကာလ ခ်စ္သူမ်ားလို႔ေတာင္ ေျပာရမွာပါ။
ဒီႏွစ္ မတ္လထဲမွာ အြန္လိုင္းေပၚမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ စာေတြ အျပန္အလွန္ ပို႔ ၾကရင္းနဲ႔ ရင္းႏွီးေနခဲ့ၾကတာပါ။ အေမရိကန္ မဂၢဇင္းကေတာ့ သူတို႔ ၂ေယာက္ ကိုဗစ္ကာလအတြင္းမွာပဲ ခ်ိန္းေတြ႕ ခဲ့ၾကတယ္လို႔ ေဖာက္သည္ ခ်ခဲ့ပါတယ္။ အဲ့ဒိေနာက္ပိုင္းမွာ သူတို႔ ဘယ္လိုမွ မခြဲႏိုင္ေအာင္ ျဖစ္ခဲ့ၾကတယ္နဲ႔ တူပါတယ္လို႔လည္း ေျပာပါတယ္။
မတ္လထဲမွာ လိုင္းေပၚမွာ စာေတြအျပန္အလွန္ပို႔ ဧၿပီလထဲမွာ ကယ္လီဖိုးနိးယားက လိုဗာတိုရဲ႕ အိမ္မွာ ကြာရင္တိုင္း အတူတူဝင္ၿပီး ခြဲေနရမယ္ဆိုတဲ့ ကိုဗစ္-၁၉ ေရွာင္တိမ္းဖို႔ နည္းလမ္းကို ၂ေယာက္တြဲၿပီး ခြဲေနၾကတာပါ။ သူတို႔ရဲ႕မိသားစုေတြကေတာင္ အဲ့ေလာက္ ျမန္ျမန္ႀကီး ခ်စ္သူေတြ ျဖစ္သြားမယ္လို႔ေတာင္ မထင္ခဲ့ၾကပါဘူး။
သူတို႔ကေတာ့ တကယ့္ ႏွစ္ရွည္လမ်ား တြဲခဲ့ၾကတဲ့ ခ်စ္သူေတြလိုပဲ ထင္ေနၾကတယ္။ အာရစ္ခ်္က လိုဗာတိုကို ဇူလိုင္ ၂၃ မွာ လက္ထပ္ခြင့္ေတာင္းခဲ့တယ္။ အဲ့ဒိအေၾကာင္းကို လိုဗာတို ကသူမရဲ႕ အင္စတာဂရမ္မွာတင္ခဲ့ပါတယ္။
“သူက က်မကို ခ်စ္ေနၿပီလို႔ က်မ ထင္တယ္။ က်မကလည္း သူ႔ကိုေတြ႕ကတည္းက ခ်စ္ေနမိတာပါ။ က်မက အခ်စ္ကို ႐ူးဖူးတယ္။ အဲ့ဒိ ခံစားခ်က္ထက္ ပိုေနတယ္လို႔ တင္တယ္။
သူနဲ႔ မိသားစုတစ္ခုကို တည္ေထာင္ထား မယ္ဆိုရင္ စိတ္ခ်မ္းသာရမွာပဲ ဆိုတဲ့ အေတြးနဲ႔ကို သူ႔ကိုခ်စ္မိေနတာပါ”လို႔ ေရးတင္ခဲ့ပါတယ္။ အခုေတာ့ ဒီမီလိုဗာတိုက ခ်စ္သူ အခ်စ္ထက္ မိသားစုအခ်စ္လို အခ်စ္မ်ိဳးကို ေတြ႕ခဲ့ၿပီနဲ႔ တူပါတယ္။
ေမာင္ယႆ, REF; Hollywood life, Photo : instargram
No Comments