အချက်အပြုတ် အစီအစဉ်ကို ပုံစံတစ်မျိုးနဲ့ ပြမယ့် ဆယ်လီနာဂိုးမက်ဇ်

Cele News

အချက်အပြုတ် အစီအစဉ်ကို ပုံစံတစ်မျိုးနဲ့ ပြမယ့် ဆယ်လီနာဂိုးမက်ဇ်

ဟောလီးဝုဒ်က ဆယ်လီဆယ်လီနာဂိုးမက်ဇ်လို့ ပြောလိုက်တာနဲ့ ဂျက်စတင်ဘီဘာ ကို တန်းပြီး ပြေးမြင် တော့တာပါပဲ။

ဆယ်ကျော်သက် စုံတွဲရဲ့ နာမည် ကျော်ကြားမှုတွေက သူတို့ကို ကိုယ်ခြေလှမ်းပေါ် ကိုယ်လျှောက်အောင် တွန်းအား ပေးလိုက်သလို ဖြစ်သွားပြီး နောက်မှာ ကတ္တီပါလမ်းခွဲရဲ့ လက်ကျန် ကာလ အလွန်မှာတော့ ကိုယ်ပိုင်ဟန်တွေ ကိုယ့်စတိုင်တွေနဲ့ ကိုယ်လမ်းကိုယ် လျှောက်ဖြစ်ခဲ့ကြပါတယ်။

လတ်တလော ကိုဗစ်ကာလမှာ ဆယ်လီနာဂိုးမက်ဇ်တစ်ယောက် HBO MAX ရုပ်သံအစီအစဉ်နဲ့ တွဲပြီး မီးဖိုချောင်ထဲက ချက်ပြုတ်တဲ့ အစီအစဉ်ကို ထုတ်လွှင့်ပေးသွားမှာပါ။ ကမ္ဘာပေါ်မှာ မီးဖိုချောင်ထဲက ချက်ပြုတ်တဲ့ အစီအစဉ်တွေ အများကြီး ရှိပါတယ်။

အချက်အပြုတ် အစီအစဉ်ကို ပုံစံတစ်မျိုးနဲ့ ပြမယ့် ဆယ်လီနာဂိုးမက်ဇ်1

ဒါတွေနဲ့ လုံးဝမတူဘဲ ပုံစံတစ်မျိုး အရသာတစ်မျိုး ထွက်အောင် ပရိသတ်ကို ဖျော်ဖြေနိုင်ဖို့အတွက် ဆယ်လီနာဂိုးမက်ဇ်က ကြိုးစားထားပါတယ်။

ဆယ်လီနာက ချက်ရ ပြုတ်ရတာကို ကြိုက်ပါတယ်။ သူမက ကိုယ်တိုင် ချက်ပြုတ်ရတာကို ဝါသနာပါပေမဲ့ မီးဖိုချောင်ထဲက လက်တွေ့ လုပ်ငန်းပိုင်းမှာ အားနည်းမှု ရှိပါတယ်။

အချက်အပြုတ် အစီအစဉ်ကို ပုံစံတစ်မျိုးနဲ့ ပြမယ့် ဆယ်လီနာဂိုးမက်ဇ်2

အစားအသောက်တွေကို ချက်ပြုတ် ပြင်ဆင်မှု ပိုင်းမှာလည်း ပိုပြီး အတွေ့အကြုံ မရှိပါဘူး။ အဲ့တော့ သူမက မီးဖိုချောင် အစီအစဉ်ကို ဘယ်လို ပြမယ်လို့ ပြင်ဆင်ထားလဲဆိုရင် ဆယ်လီနာ + စားဖိုမှူး ၁၀ ယောက်ဆိုပြီး လုပ်လိုက်ပါတယ်။

အချက်အပြုတ် အစီအစဉ်ကို ပုံစံတစ်မျိုးနဲ့ ပြမယ့် ဆယ်လီနာဂိုးမက်ဇ်3

ကမ္ဘာကျော် စားဖိုမှူး ဆယ်ဦးကို ခေါ်ပြီး သူမနဲ့အတူ မီးဖိုချောင်ထဲမှာ တွဲပြီး ချက်ပြုတ်ပြမှာပါ။ သူမက မီးဖိုချောင်ထဲမှာ အိမ်ထောင်သည် အမျိုးသမီးတွေ ကျူးလွန်တတ်တဲ့ အမှားတွေကို ဟာသဖောက်ပြီး ပြမှာပါ။ ချက်ပြုတ်ခြင်း ဆိုင်ရာ အယူအဆတွေ မီးဖိုချောင်သုံး ပစ္စည်းတွေကို ဘယ်လို ကိုင်တွယ် ရမယ်ဆိုတာကို စားဖိုးမှူးတွေက သူမကို ပြသပေးမှာပါ။

အချက်အပြုတ် အစီအစဉ်ကို ပုံစံတစ်မျိုးနဲ့ ပြမယ့် ဆယ်လီနာဂိုးမက်ဇ်4

ဘယ်လိုပစ္စည်းတွေကို ဘယ်လို သုံးရမယ်ဆိုတာတွေကို လမ်းညွှန် ပြသပေးမဲ့ အစီအစဉ်ပါပဲ။ တကယ့် မီးဖိုချောင်ပိုင်းဆိုင်ရာ သင်ခန်းစာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်ရမယ့် အစီအစဉ်တစ်ခုကို ဆယ်လီနာက ဇာတ်ညွှန်ရေးပြီး တင်ပြမှာပါ သြဂုတ်လ ၁၃ရက်နေ့ ကနေစပြီး HBO လိုင်းမှာကြည့်လို့ ရပါပြီ။ “ ကျမကတော့ အိမ်က မီဖိုချောင် တစ်ခုလုံးကိုတော့ မီးရှို့ လိုက်ပါပြီ”လို့ ဟာသဖောက် လိုက်ပါတယ်။

မောင်ယဿ, REF: CNN, PHOTO: cnn

Zawgyi











No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …