အခ်ိဳ စြဲျခင္းျပႆနာ

အခ်ိဳ စြဲျခင္းျပႆနာ
International-news

အခ်ိဳ စြဲျခင္းျပႆနာ

သၾကားရဲ႕အခ်ိဳဓာတ္ အရသာဟာ မူးယစ္ေဆ းထက္ပင္ စြဲလမ္း ေစတတ္ေၾကာင္းသင္ ေကာင္းေကာင္း သိပါ ရဲ႕လား ။

သင္တို႔ ကြၽႏ္ုပ္တို႔ရဲ႕ပတ္ဝန္းက်င္မွာ အခ်ိဳ သၾကားပါဝင္တဲ့ အစားအစာ ေတြ အၿမဲ လိုလိုရွိေနတတ္ ပါတယ္ မဟုတ္လား ။

လူ႔ အဖြဲ႕အစည္းမွာ ကိုပဲ သၾကားမစားရ မေနႏိုင္ ျဖစ္တဲ့ စြဲလမ္းျခင္း ကို ျပႆနာလို႔ မျမင္ပဲ လက္ခံ ထားတာမို႔ ေရွာင္က်ဥ္ရန္ ျဖတ္ေတာက္ရန္ ပိုမို ခက္ခဲ ေနတတ္တာပဲ ျဖစ္ပါတယ္ ။

လူ အေတာ္ မ်ားမ်ားဟာ မိမိတို႔မွာ အခ်ိဳ စြဲလမ္းျခင္း ျပႆနာ ရွိေန တာကို သတိ မထားမိ ၾကပါ ။သၾကား အခ်ိဳ စြဲလမ္းမႈ ျပႆနာ သင့္တြင္ ရွိ မရွိ ကို သတ္မွတ္ခ်က္ အခ်ိဳ႕ကေနၿပီး ေယဘုယ် ခန႔္မွန္းလို႔ ရႏိုင္ ပါတယ္ ။

( ၁ )…သင္ဟာ သၾကား ပါဝင္တဲ့ အစားအေသာက္ ေတြကို ပမာဏ တိုးၿပီးစားျဖစ္ ေနပါသလား ။ ပမာအားျဖင့္ တစ္ေန႔ကို အခ်ိဳရည္ တစ္ဘူးေသာက္ ရာက ႏွစ္ဘူး သုံးဘူး အထိ တိုးၿပီး ေသာက္ျဖစ္ ေနပါသလား ။

( ၂ )…..အခ်ိဳ ေလွ်ာ့စားဖို႔ ႀကိဳးစားမယ္ ဆိုတဲ့ စိတ္ သင့္မွာ ျဖစ္ေပၚ ေန ေသာ္လည္း မေအာင္မျမင္ ျဖစ္ေန ပါသလား ။ သၾကား အခ်ိဳစားသုံးျခင္းကို ျဖတ္ေတာက္ဖို႔ ေတြးေတာ ႀကံဆရင္း အခ်ိန္ကုန္ အားအင္ ကုန္လာၿပီလား ။

( ၃ )……ဆီးခ်ိဳ ေသြးခ်ိဳကဲ့သို႔ ေဝဒနာမ်ိဳး ျဖစ္ေနေသာ္လည္း သင္ဟာ အခ်ိဳစားသုံး မႈ ကို မရပ္တန႔္ႏိုင္ ျဖစ္ေနၿပီလား ။

( ၄ )……သင္ဟာ သၾကား အခ်ိဳပါဝင္တဲ့ အစားအေသာက္ ေတြကို ျဖတ္ေတာက္လိုက္ၿပီ ဆိုတဲ့အခါ ေနရထိုင္ရ ကသိကေအာက္ ျဖစ္ေန ပါသလား ။ ထိုသို႔ သၾကားစားသုံးမႈ ကို ႐ုတ္တစ္ရက္ေလွ်ာ့ခ်လိုက္တဲ့ အခါမွာ ေခါင္းကိုက္ျခင္း စိတ္တို စိတ္ဆတ္ လြယ္ျခင္း ႏုံးခ်ိ ႏြမ္းနယ္ျခင္းနဲ႔ ေျခလက္တုန္ယင္ မႈ ျဖစ္ျခင္းတို႔ ပိုခံစားရ ပါသလား ။

အခ်ိဳသၾကားကို ေလွ်ာ့ခ် ျဖတ္ေတာက္ လိုက္တဲ့ အတြက္ ေဖာ္ျပပါ ျပႆနာေတြ ျဖစ္လာ ခဲ့တယ္ ဆိုရင္ သင္ဟာ အခ်ိဳစြဲလမ္းျခင္း ျပႆနာ ျဖစ္ေနၿပီ ဆိုတာ သတိျပဳလိုက္ပါ ၊ အခ်ိဳစြဲလမ္းမႈ ကို ျဖတ္ေတာက္ ၿပီးတဲ့အခါ သင္လိုက္နာ လုပ္ေဆာင္ ရမွာ ေတြကေတာ့….. က်န္းမာေရးနဲ႔ညီၫြတ္မဲ့ အစားအေသာက္ မ်ားကို ေ႐ြးခ်ယ္ စားေသာက္ေပးျခင္း အားကစား ေလ့က်င့္ခန္း ပုံမွန္ လုပ္ျခင္း မူလ အေနအထိုင္အျပဳမူမ်ားကို အေလ့အက်င့္ ေျပာင္းကာ ျပဳလုပ္ျခင္း စတာမ်ိဳးေတြနဲ႔ ေျဖရွင္းႏိုင္ပါတယ္ ။

သင့္ရဲ႕ ႂကြက္သားေတြကို ေလ့က်င့္ေပး သကဲ့သို႔ အရသာခံ အာ႐ုံကိုလည္း ေလ့က်င့္ေပးလို႔ ရပါတယ္ ။ အခ်ိဳ သၾကားစားသုံးမႈ ေနရာမွာ သစ္သီးဝလံ စားသုံးျခင္း နဲ႔လည္းအစားထိုး ႏိုင္ပါတယ္ ။ ဒီလို အခ်ိဳ သၾကားေတြ ျဖတ္ၿပီးၿပီဆိုရင္ သင္ဟာ အခ်ိဳ တစ္ခုခု ျပန္စားမိတဲ့ အခါ ဘာေၾကာင့္ဒီလို အစားအေသာက္ ေတြကို စြဲစြဲလမ္းလမ္း ရွိခဲ့တာပါလည္း လို႔ ေတြးေနမိမွာအမွန္ပါ ။

မိမိ ကိုယ္ကိုယ္ အႏိုင္ယူျခင္းျဖင့္ က်န္းမာ ေစႏိုင္ပါၿပီ ။

စႏၵီျမင့္မိုရ္

Unicode

အချို စွဲခြင်းပြဿနာ

သကြားရဲ့အချိုဓာတ် အရသာဟာ မူးယစ်ဆေ းထက်ပင် စွဲလမ်း စေတတ်ကြောင်းသင် ကောင်းကောင်း သိပါ ရဲ့လား ။

သင်တို့ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်မှာ အချို သကြားပါဝင်တဲ့ အစားအစာ တွေ အမြဲ လိုလိုရှိနေတတ် ပါတယ် မဟုတ်လား ။

လူ့ အဖွဲ့အစည်းမှာ ကိုပဲ သကြားမစားရ မနေနိုင် ဖြစ်တဲ့ စွဲလမ်းခြင်း ကို ပြဿနာလို့ မမြင်ပဲ လက်ခံ ထားတာမို့ ရှောင်ကျဉ်ရန် ဖြတ်တောက်ရန် ပိုမို ခက်ခဲ နေတတ်တာပဲ ဖြစ်ပါတယ် ။

လူ အတော် များများဟာ မိမိတို့မှာ အချို စွဲလမ်းခြင်း ပြဿနာ ရှိနေ တာကို သတိ မထားမိ ကြပါ ။သကြား အချို စွဲလမ်းမှု ပြဿနာ သင့်တွင် ရှိ မရှိ ကို သတ်မှတ်ချက် အချို့ကနေပြီး ယေဘုယျ ခန့်မှန်းလို့ ရနိုင် ပါတယ် ။

( ၁ )…သင်ဟာ သကြား ပါဝင်တဲ့ အစားအသောက် တွေကို ပမာဏ တိုးပြီးစားဖြစ် နေပါသလား ။ ပမာအားဖြင့် တစ်နေ့ကို အချိုရည် တစ်ဘူးသောက် ရာက နှစ်ဘူး သုံးဘူး အထိ တိုးပြီး သောက်ဖြစ် နေပါသလား ။

( ၂ )…..အချို လျှော့စားဖို့ ကြိုးစားမယ် ဆိုတဲ့ စိတ် သင့်မှာ ဖြစ်ပေါ် နေ သော်လည်း မအောင်မမြင် ဖြစ်နေ ပါသလား ။ သကြား အချိုစားသုံးခြင်းကို ဖြတ်တောက်ဖို့ တွေးတော ကြံဆရင်း အချိန်ကုန် အားအင် ကုန်လာပြီလား ။

( ၃ )……ဆီးချို သွေးချိုကဲ့သို့ ဝေဒနာမျိုး ဖြစ်နေသော်လည်း သင်ဟာ အချိုစားသုံး မှု ကို မရပ်တန့်နိုင် ဖြစ်နေပြီလား ။

( ၄ )……သင်ဟာ သကြား အချိုပါဝင်တဲ့ အစားအသောက် တွေကို ဖြတ်တောက်လိုက်ပြီ ဆိုတဲ့အခါ နေရထိုင်ရ ကသိကအောက် ဖြစ်နေ ပါသလား ။ ထိုသို့ သကြားစားသုံးမှု ကို ရုတ်တစ်ရက်လျှော့ချလိုက်တဲ့ အခါမှာ ခေါင်းကိုက်ခြင်း စိတ်တို စိတ်ဆတ် လွယ်ခြင်း နုံးချိ နွမ်းနယ်ခြင်းနဲ့ ခြေလက်တုန်ယင် မှု ဖြစ်ခြင်းတို့ ပိုခံစားရ ပါသလား ။

အချိုသကြားကို လျှော့ချ ဖြတ်တောက် လိုက်တဲ့ အတွက် ဖော်ပြပါ ပြဿနာတွေ ဖြစ်လာ ခဲ့တယ် ဆိုရင် သင်ဟာ အချိုစွဲလမ်းခြင်း ပြဿနာ ဖြစ်နေပြီ ဆိုတာ သတိပြုလိုက်ပါ ၊ အချိုစွဲလမ်းမှု ကို ဖြတ်တောက် ပြီးတဲ့အခါ သင်လိုက်နာ လုပ်ဆောင် ရမှာ တွေကတော့….. ကျန်းမာရေးနဲ့ညီညွတ်မဲ့ အစားအသောက် များကို ရွေးချယ် စားသောက်ပေးခြင်း အားကစား လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်း မူလ အနေအထိုင်အပြုမူများကို အလေ့အကျင့် ပြောင်းကာ ပြုလုပ်ခြင်း စတာမျိုးတွေနဲ့ ဖြေရှင်းနိုင်ပါတယ် ။

သင့်ရဲ့ ကြွက်သားတွေကို လေ့ကျင့်ပေး သကဲ့သို့ အရသာခံ အာရုံကိုလည်း လေ့ကျင့်ပေးလို့ ရပါတယ် ။ အချို သကြားစားသုံးမှု နေရာမှာ သစ်သီးဝလံ စားသုံးခြင်း နဲ့လည်းအစားထိုး နိုင်ပါတယ် ။ ဒီလို အချို သကြားတွေ ဖြတ်ပြီးပြီဆိုရင် သင်ဟာ အချို တစ်ခုခု ပြန်စားမိတဲ့ အခါ ဘာကြောင့်ဒီလို အစားအသောက် တွေကို စွဲစွဲလမ်းလမ်း ရှိခဲ့တာပါလည်း လို့ တွေးနေမိမှာအမှန်ပါ ။

မိမိ ကိုယ်ကိုယ် အနိုင်ယူခြင်းဖြင့် ကျန်းမာ စေနိုင်ပါပြီ ။

စန္ဒီမြင့်မိုရ်

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
International-news
လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို ေလ့လာမႈ အသစ္တစ္ခုက ေသြးလႉတဲ့ လူငယ္ေတြမွာ ႏွစ္ရွည္လမ်ား သံဓာတ္ခ်ိဳ႕တဲ့ျခင္းေတြ ျဖစ္ေပၚတတ္လို႔ ေသြးလႉၿပီးတဲ့ေနာက္မွာ သံဓာတ္ အားျဖည့္ေဆးေတြ ေသာက္သုံးရန္လိုတယ္လို႔ သတိေပးထားပါတယ္ ။ အေမရိကားမွာ ဆိုရင္ ၁၆ ႏွစ္က ၁၈ႏွစ္ အတြင္း လူငယ္ေတြက ေသြးလႉတဲ့ သူအမ်ားဆုံး အုပ္စုေတြ ျဖစ္ပါတယ္ ။ ၂၀၁၆ ကေန ၂၀၁၈ အထိ ေသြး ပထမဆုံးလႉတဲ့ လူငယ္ ၃၁၀၀၀ ေက်ာ္ကို ေလ့လာမႈ ျပဳခဲ့ရာ ၁၀ ေယာက္မွာ ၁ ေယာက္ သံဓာတ္ခ်ိဳ႕တဲ့ မႈ လကၡဏါ ေတြကို ခံစား ေနရတယ္လို႔ …

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့
International-news
ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့ ၂၀၁၉ ဒီဇင္ဘာ လေလာက္က စၿပီး ကမာၻ႔ ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္-၁၉ က ျပန႔္ႏွံ႔မႈ ေတြ စတင္ ခဲ့ပါတယ္ ။ ဗိုင္းရက္ရဲ႕ သဘာဝက ထူးျခားလြန္းလို႔ ႏိုင္ငံတိုင္းမွာ ေရာဂါ ျပန္ႏွံ႔မႈကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ ေနခဲ့ရပါတယ္ ။ ၂၀၂၀ ႏွစ္ဦးပိုင္းကေနစၿပီး ေရာဂါျပန္ႏွံ႔ ေနတာက ဒီေန႔အထိ ျဖစ္ေနတုန္းပါပဲ ။ တိုင္းျပည္ေတြ စီးပြားေရး က်ပ္တည္းမႈေတြ ျဖစ္ေန ခ်ိန္မွာ ႐ုပ္ရွင္မင္းသမီးေတြ အဆိုေတာ္ေတြရဲ႕ အြန္လိုင္း အေကာင့္ေတြ ေဖာက္ထြင္းခံ ေနရပါတယ္ ။ အခုဆိုရင္ က်န္းမာေရး ဆိုင္ရာအခ်က္အလက္ေတြကိုပါ ေဖာက္ထြင္း …