အခ်စ္က အေသးအမႊားေလးေတြ ကိုေတာင္ အမွတ္တရ ျဖစ္ေစတယ္ဆိုတဲ့ ေဒးဗစ္ဘက္ခမ္း

အခ်စ္က အေသးအမႊားေလးေတြ ကိုေတာင္ အမွတ္တရ ျဖစ္ေစတယ္ဆိုတဲ့ ေဒးဗစ္ဘက္ခမ္း
Life Style

အခ်စ္က အေသးအမႊားေလးေတြ ကိုေတာင္ အမွတ္တရ ျဖစ္ေစတယ္ဆိုတဲ့ ေဒးဗစ္ဘက္ခမ္း

လြန္ခဲ့တဲ့ ၂၃ ႏွစ္ကာလက ဗစ္တိုးရီးယားနဲ႔ စေတြ႕ခ်ိန္မွာ ဖုန္းနံပါတ္ ေရးေပးခဲ့တဲ့ မီးရထား လက္မွတ္ျဖတ္ပိုင္းေလးကို အခုထိ အမွတ္တရ သိမ္းထားဆဲ ပါလို႔ ေဒးဗစ္ဘက္ခမ္း က တီဗီရႈိး တစ္ခုမွာ ေျပာခဲ့ပါတယ္။ အမွန္တကယ္ ခ်စ္တတ္တဲ့ သူေတြအတြက္ ခ်စ္သူနဲ႔ ပတ္သက္လာရင္ အရာရာက အမွတ္တရေတြ ျဖစ္တတ္ပါတယ္ ။

ခ်စ္သူနဲ႔ ပတ္သတ္တဲ့ အရာေတြမွာ ေသးေသးမႊားမႊား ဆိုတာ မရွိပါဘူး ။ အားလုံးက အမွတ္ရစရာေတြခ်ည္းပါပဲ ။ ဂ်င္မီေဖာ္လြန္ရဲ႕ တူႏိုက္ရႈိး အစီးအစဥ္မွာ ဂ်င္မီက ေဒးဗစ္ဘက္ခမ္း နဲ႔ ေတြ႕ဆုံၿပီး ေရွးေဟာင္းေႏွာင္းျဖစ္ ေတြကို ေျပာျဖစ္ခဲ့ ၾကပါတယ္ ။ အဲ့ဒိအခ်ိန္မွာ ဂ်င္မီက ေဒးဗစ္ဘက္ခမ္း က မိသားစုကို သိပ္ခ်စ္တတ္တာ သတိရမိၿပီး ဗစ္တိုးရီးယားနဲ႔ စေတြ႕ တုန္းက အခ်ိန္ကို ေမးျမန္းျဖစ္ခဲ့ ပါတယ္ ။

ေဒဗစ္ဘက္ခမ္း ( ၄၄ႏွစ္ ) က ၁၉၉၇ တုန္းက သူတို႔ ကစားတဲ့ပြဲကို ဗစ္တိုးရီးယား ( ပို႔ရွ္စပိုက္) က မန္ေနဂ်ာရယ္ အေဖာ္ တစ္ေယာက္ရယ္နဲ႔ လာၾကည့္တယ္လို႔ ဆိုတယ္ ။ ပြဲၿပီးလို႔ ကစားသမား နားေနခန္းထဲကို ဗစ္တိုးရီးယားက လာႏႈတ္ဆက္ေတာ့ ဘတ္ခမ္းက သူမဆီကဖုန္းနံပါတ္ ေတာင္းေတာ့ ဗစ္တိုးရီးယားက သူမ အိတ္ထဲက မီးရထားလက္မွတ္ ျဖတ္ပိုင္းေလးကိုထုတ္ၿပီး ဖုန္နံပါတ္ေရးေပးခဲ့ပါတယ္။ အဲ့ဒိျဖတ္ပိုင္းေလးကို ဘက္ခမ္းက ဒီကေန႔အထိသိမ္းထားတဲ့ အေၾကာင္းေျပာျဖစ္သြား ပါတယ္ ။

“သူမက က်ေနာ္တို႔ လန္ဒန္မွာကစားတဲ့ပြဲတစ္ပြဲကို လာအားေပးတယ္ဗ် ။ အဲ့ဒိအခ်ိန္တုန္းက စပိုက္ဂဲလ္ဆိုတာ နာမည္ႀကီးဗ် ။ က်ေနာ္တို႔ အားလုံးက သူတို႔ကိုသိပါတယ္ ။ က်ေနာ္ကလည္းမန္ယူမွာ နာမည္ေလး တစ္လုံးရေအာင္ ႀကိဳးစား ႐ုန္းကန္ေနရတဲ့ အခ်ိန္ေပါ့ ဗ်ာ ။ က်ေနာ္တို႔အားလုံးက စပိုက္ဂဲလ္ေတြကို အေသအလဲ ႀကိဳက္ေနတဲ့ အခ်ိန္ေပါ့ဗ်ာ ။

နားေနခန္းထဲမွာ သူမနဲ႔ က်ေနာ္တို႔ေတြ အေအး ေသာက္ရင္း တစ္နာရီေလာက္ စကား ေျပာျဖစ္ပါတယ္ ။ က်ေနာ္က ျပန္ခါနီးေလးမွာ ဖုန္းနံပါတ္ေလး ရႏိုင္မလားလို႔ ေမးေတာ့ သူမက က်ေနာ္တို႔ပြဲကို ရထားစီး လာၾကည့္တယ္နဲ႔ တူတယ္ ၊ မီးရထားလက္မွတ္ျဖတ္ပိုင္းေလးမွာ ေရးေပးတယ္ဗ် ။

အဲ့ဒါေလးကို က်ေနာ္ဒီေန႔အထိ သိမ္းထားတုန္းပါပဲ” လို႔ဆိုတယ္ ။ ေနာက္၂ႏွစ္ေလာက္ၾကာေတာ့ သူတို႔၂ေယာက္ခ်စ္ႀကိဳက္သြားၾကၿပီး ယူျဖစ္သြားၾကတယ္ ။ အခုဆိုရင္ ကေလး ၄ေယာက္မွာ အႀကီးေကာင္ ဘ႐ြတ္လင္းေတာင္ အသက္၂၀ရွိေနပါၿပီ ။ အငယ္ဆုံးမေလး ဟာပါက ၈ႏွစ္ရွိေနပါၿပီ ။

ဒီကေန႔အထိ ဘက္ခမ္းက သူ႔မိန္းမကို မ်က္ေစ့ေအာက္က အေပ်ာက္မခံႏိုင္ေအာင္ ခ်စ္ပါတယ္ ။ သားသမီးေတြကိုလည္း တေထြးေထြး တစ္ပိုက္ပိုက္နဲ႔ေနေလ့ရွိပါတယ္။ သူက “က်ေနာ့္ သားသမီးေတြကို အေဖ ဘာေတြ လုပ္ျပခဲ့တယ္ဆိုတာကို သိေစခ်င္တာပဲရွိပါတယ္။က်ေနာ့္ကိုၾကည့္ၿပီး သူတို႔အၿမဲဂုဏ္ယူေနေစခ်င္တာပဲ သိပါတယ္”လို႔ဆိုတယ္။

ေမာင္ယႆ REF: asiaone

Photo;Bang

Unicode

အချစ်က အသေးအမွှားလေးတွေ ကိုတောင် အမှတ်တရ ဖြစ်စေတယ်ဆိုတဲ့ ဒေးဗစ်ဘက်ခမ်း

လွန်ခဲ့တဲ့ ၂၃ နှစ်ကာလက ဗစ်တိုးရီးယားနဲ့ စတွေ့ချိန်မှာ ဖုန်းနံပါတ် ရေးပေးခဲ့တဲ့ မီးရထား လက်မှတ်ဖြတ်ပိုင်းလေးကို အခုထိ အမှတ်တရ သိမ်းထားဆဲ ပါလို့ ဒေးဗစ်ဘက်ခမ်း က တီဗီရှိုး တစ်ခုမှာ ပြောခဲ့ပါတယ်။ အမှန်တကယ် ချစ်တတ်တဲ့ သူတွေအတွက် ချစ်သူနဲ့ ပတ်သက်လာရင် အရာရာက အမှတ်တရတွေ ဖြစ်တတ်ပါတယ် ။

ချစ်သူနဲ့ ပတ်သတ်တဲ့ အရာတွေမှာ သေးသေးမွှားမွှား ဆိုတာ မရှိပါဘူး ။ အားလုံးက အမှတ်ရစရာတွေချည်းပါပဲ ။ ဂျင်မီဖော်လွန်ရဲ့ တူနိုက်ရှိုး အစီးအစဉ်မှာ ဂျင်မီက ဒေးဗစ်ဘက်ခမ်း နဲ့ တွေ့ဆုံပြီး ရှေးဟောင်းနှောင်းဖြစ် တွေကို ပြောဖြစ်ခဲ့ ကြပါတယ် ။ အဲ့ဒိအချိန်မှာ ဂျင်မီက ဒေးဗစ်ဘက်ခမ်း က မိသားစုကို သိပ်ချစ်တတ်တာ သတိရမိပြီး ဗစ်တိုးရီးယားနဲ့ စတွေ့ တုန်းက အချိန်ကို မေးမြန်းဖြစ်ခဲ့ ပါတယ် ။

ဒေဗစ်ဘက်ခမ်း ( ၄၄နှစ် ) က ၁၉၉၇ တုန်းက သူတို့ ကစားတဲ့ပွဲကို ဗစ်တိုးရီးယား ( ပို့ရှ်စပိုက်) က မန်နေဂျာရယ် အဖော် တစ်ယောက်ရယ်နဲ့ လာကြည့်တယ်လို့ ဆိုတယ် ။ ပွဲပြီးလို့ ကစားသမား နားနေခန်းထဲကို ဗစ်တိုးရီးယားက လာနှုတ်ဆက်တော့ ဘတ်ခမ်းက သူမဆီကဖုန်းနံပါတ် တောင်းတော့ ဗစ်တိုးရီးယားက သူမ အိတ်ထဲက မီးရထားလက်မှတ် ဖြတ်ပိုင်းလေးကိုထုတ်ပြီး ဖုန်နံပါတ်ရေးပေးခဲ့ပါတယ်။ အဲ့ဒိဖြတ်ပိုင်းလေးကို ဘက်ခမ်းက ဒီကနေ့အထိသိမ်းထားတဲ့ အကြောင်းပြောဖြစ်သွား ပါတယ် ။

“သူမက ကျနော်တို့ လန်ဒန်မှာကစားတဲ့ပွဲတစ်ပွဲကို လာအားပေးတယ်ဗျ ။ အဲ့ဒိအချိန်တုန်းက စပိုက်ဂဲလ်ဆိုတာ နာမည်ကြီးဗျ ။ ကျနော်တို့ အားလုံးက သူတို့ကိုသိပါတယ် ။ ကျနော်ကလည်းမန်ယူမှာ နာမည်လေး တစ်လုံးရအောင် ကြိုးစား ရုန်းကန်နေရတဲ့ အချိန်ပေါ့ ဗျာ ။ ကျနော်တို့အားလုံးက စပိုက်ဂဲလ်တွေကို အသေအလဲ ကြိုက်နေတဲ့ အချိန်ပေါ့ဗျာ ။

နားနေခန်းထဲမှာ သူမနဲ့ ကျနော်တို့တွေ အအေး သောက်ရင်း တစ်နာရီလောက် စကား ပြောဖြစ်ပါတယ် ။ ကျနော်က ပြန်ခါနီးလေးမှာ ဖုန်းနံပါတ်လေး ရနိုင်မလားလို့ မေးတော့ သူမက ကျနော်တို့ပွဲကို ရထားစီး လာကြည့်တယ်နဲ့ တူတယ် ၊ မီးရထားလက်မှတ်ဖြတ်ပိုင်းလေးမှာ ရေးပေးတယ်ဗျ ။

အဲ့ဒါလေးကို ကျနော်ဒီနေ့အထိ သိမ်းထားတုန်းပါပဲ” လို့ဆိုတယ် ။ နောက်၂နှစ်လောက်ကြာတော့ သူတို့၂ယောက်ချစ်ကြိုက်သွားကြပြီး ယူဖြစ်သွားကြတယ် ။ အခုဆိုရင် ကလေး ၄ယောက်မှာ အကြီးကောင် ဘရွတ်လင်းတောင် အသက်၂၀ရှိနေပါပြီ ။ အငယ်ဆုံးမလေး ဟာပါက ၈နှစ်ရှိနေပါပြီ ။

ဒီကနေ့အထိ ဘက်ခမ်းက သူ့မိန်းမကို မျက်စေ့အောက်က အပျောက်မခံနိုင်အောင် ချစ်ပါတယ် ။ သားသမီးတွေကိုလည်း တထွေးထွေး တစ်ပိုက်ပိုက်နဲ့နေလေ့ရှိပါတယ်။ သူက “ကျနော့် သားသမီးတွေကို အဖေ ဘာတွေ လုပ်ပြခဲ့တယ်ဆိုတာကို သိစေချင်တာပဲရှိပါတယ်။ကျနော့်ကိုကြည့်ပြီး သူတို့အမြဲဂုဏ်ယူနေစေချင်တာပဲ သိပါတယ်”လို့ဆိုတယ်။

မောင်ယဿ REF: asiaone

Photo;Bang

No Comments

Leave a Reply

Your email address will not be published.

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား
Life Style
မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား လူဆိုတာက ထူးဆန်းပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ အပြည့်စုံ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ လူ့စိတ် ဆိုတာကလည်း တော်တော် ဆန်းကျယ်ပါတယ်။ အဲ့ဒိထဲမှာ ပြည့်ပြည့်စုံစုံ လူတွေက ပိုဆိုးပါတယ်။ ငှက်ကလေးတွေ သင်တို့ကားမှာ ငှက်သိုက်လာဖွဲ့ ရင် နှင်မထုတ်ပါနဲ့။ သူတို့ကို အနှောက်အယှက် မပေးပါနဲ့။ လောလောဆယ် တော့ ဒူဘိုင်း အိမ်ရှေ့မင်းသား က သူစီးနေတဲ့ မာစီဒီးကားပေါ်မှာ ငှက်မိသားစုတစ်စုက အသိုက်လာဖွဲ့ လို့ အဲ့ဒိကားကို မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတဲ့အကြောင်း လိုင်းပေါ် တင်လိုက်လို့ သူ့ကို လူတွေက ဝိုင်း ချီးကျုးနေကြပါတယ်။ နောက်ပြီး သူရဲ့ကြင်နာမှု …

''မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ''
Life Style
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ
Life Style
ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ အသက်၇၀ ကျော်ပြီ ဆိုရင် ကမ္ဘာ အနှံ့မှာ ရှိတဲ့ သူတွေက သူတို့ကိုယ် သူတို့ အိုသွားပြီဆိုတဲ့ အတွေး နဲ့ အရာရာ လေကန်ထိုင်းမှိုင်းပြီး နာကျင်လာတယ်လို့ ခံစားနေကြပါတယ်။ အညောင်အညာတွေ ရှိပြီးတော့ အနှိပ် အနင်း မလွတ်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ဇရာနောက်က လိုက်လာတဲ့ နာကျင်မှုကို ခံစားနေကြ ရပါတယ်။ အများစုက ကျောနဲ့ ခါး နာလာတယ်။ ဒူးမကောင်းတော့ဘူးနဲ့ အချို့ဆိုရင် တင်ပါးစုံရိုး ကျိုးတဲ့အထိ ဖြစ်ကြပါတယ်။ အသားအရေတွေ တွဲကျလာတာကိုလည်း စိတ်မသက်မသာ ခံစားနေ ကြရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ဟန်ကျိုးက ၇၀ကျော် …