
အကျပ်အတည်းကာလထဲမှာ ထုတ်တဲ့ တေလာဆွစ်ရဲ့ Folklore အယ်လ်ဘမ် ဘာကြောင့် နံပါတ် ၁ ဖြစ်ခဲ့ရတာလဲ
အမေရိကန် ဘီလ်ဘုတ် အကောင်းဆုံး အယ်လ်ဘမ်၂၀၀ မှာ တေလာဆွစ်ရဲ့ Folklore အယ်လ်ဘမ်က နံပါတ် ၁ နေရာကို ချိတ်ခဲ့ပါတယ်။ ၂၀၂၀ ဇူလိုင်လ၂၄ ရက်နေ့မှာ အယ်လ်ဘမ်ကို ထုတ်လိုက်တယ်။ အမေရိကားက ကိုဗစ် ကပ်ရောဂါ ကာလအတွင်းမှာ သူမရဲ့ အယ်လ်ဘမ်ကို ရဲရဲ ကြီး ထုတ်လိုက်တာကိုက ချီးကျူးစရာ ကောင်းပါတယ်။
အော်တာနေးတစ်နဲ့ အင်ဒီ သီချင်းအမျိုးအစားတွေက ပရိသက်ကို ငြီးငွေ့ သွားစေနိုင်ပေမဲ့ လေးနတ်တဲ့ အဓိပ္ပါယ်တွေကြောင့် နားထောင်ရင်း နဲ့ တေလာဆွစ်ရဲ့ ဘဝနဲ့ဆိုင်တဲ့ အဘိဓမ္မာတွေကို ဖတ်ရှု့ လိုက်ရသလို ဖြစ်နေတယ်။
သီချင်းတွေက တစ်ခေါက် နားထောင်တယ်။ ဘဝ အဓိပ္ပါယ်နဲ့ ဘဝ သစ္စာကို ရေးရေးလေး မြင်လိုက်ရတယ်။ ဒါကြောင့် နောက်တစ်ခေါက် နားထောင်ပြီး တေလာဆွစ် ဘာပြောချင်တာလဲ ဆိုတာကို ပြန်နားထောင် ရပါတယ်။
သီချင်းတစ်ပုဒ် နားထောင်ပြီးတိုင်း သူမပြောချင်တဲ့ ရုန်းကန်မှု ကြားက လွတ်မြောက်မှု တစ်ခုကို လှမ်းမြင်မြင် နေရပါတယ်။ ဒါကြောင့် သူမရဲ့ အယ်လ်ဘမ်က ဘီလ်ဘုတ်မှာ နံပါတ် ၁ ဖြစ်တာ မအံ့သြော် မိတော့ပါဘူး။
Exile သီချင်းက စုံတွဲ ဆိုထားတာပါ။ ပတ်ဝန်းကျင်က အမနာပ အသံတွေကို ဘယ်လို ရင်ဆိုင်ကြမယ် ဆိုပြီး ပြောပြတဲ့ ဟန်ပါ။ မင်းက ငါ့မြို့လေး ဖြစ်ခဲ့တယ်ဆိုရင် မင်းကိုမြင်ရဖို့ မင်းကိုစွန့်ပြီး ငါမြို့ပြင်ကို ထွက်ခဲ့ ရပါတယ်တဲ့။
The last great American dynasty သီချင်းက ရိုဒီကျွန်းပေါ်က အမျိုးသမီးတစ်ယောက်ရဲ့ ရုန်းကန်နိုင်မှု စွမ်းအားကို တွေ့မြင်ကြရမှာပါ။ seven သီချင်းမှာဆိုရင် ကောင်မငယ်လေး တစ်ယောက်ရဲ့ အချစ်ကို မြင်ရမှာပါ။
မိန်းမငယ်လေး တစ်ယောက်က အချစ်ကို ခံစားမိလိုက်တဲ့ ခံစားချက်ကို ဖော်ကျူးတာပါ။ နားထောင်ရင်းနဲ့ကို ကြေကွဲစရာ ဖြစ်လာတာပါ။ Epiphany သီချင်းဆိုရင် ကိုဗစ်ရောဂါသည်တွေကို ကုသနေတဲ့ ဆရာဝန်တစ်ယောက်ကို မြင်တွေ့ရမှာပါ။
တစ်စုံတစ်ယောက်က သမီး တစ်စုံတစ်ယောက်က အမေ သူတို့ ၂ဦး အားတင်းဖို့ လက်ချင်း ကိုင်ထားတာတောင် ပလက်စတစ် တွေက ခြားထားသေးတယ်။ ချစ်တယ်ဆိုတဲ့ စကားကို ပြောဖို့တောင် နှုတ်ခမ်းတွေ စေ့ထားရတယ်။
မိနစ်၂၀လောက် အိပ်မောကျပေမဲ့ အိမ်မက်ထဲမှာ ဒီရောဂါကြီးက ပါလာတယ်။ မျက်တစ်ခတ်စာ စိတ်သက်ရာရမှုလေးအတွက် မင်းမြင်ရတဲ့ အရာတွေကို မြင် ပါစေတဲ့။
Folklore က အယ်လ်ဘမ်တစ်ချပ်လုံး ကောင်းမွန်တဲ့ စာသားတွေ ပြည့်နှပ် နေပါတယ်။ နားထောင်မိလို့ ဘဝရဲ့ လွတ်မြောက်စရာ အတွေးတစ်ချက် ရခဲ့ရင်တောင် တန်ဖိုးရှိပါတယ်လို့ တေလာဆွစ်က ဆိုပါတယ်။
မောင်ယဿ, Ref; UPI , Photo; Upi
Zawgyi
အက်ပ္အတည္းကာလထဲမွာ ထုတ္တဲ႕ ေတလာဆြစ္ရဲ႕ Folklore အယ္လ္ဘမ္ ဘာေၾကာင့္ နံပါတ္ ၁ ျဖစ္ခဲ့ရတာလဲ
အေမရိကန္ ဘီလ္ဘုတ္ အေကာင္းဆုံး အယ္လ္ဘမ္၂၀၀ မွာ ေတလာဆြစ္ရဲ႕ Folklore အယ္လ္ဘမ္က နံပါတ္ ၁ ေနရာကို ခ်ိတ္ခဲ့ပါတယ္။ ၂၀၂၀ ဇူလိုင္လ၂၄ ရက္ေန႔မွာ အယ္လ္ဘမ္ကို ထုတ္လိုက္တယ္။ အေမရိကားက ကိုဗစ္ ကပ္ေရာဂါ ကာလအတြင္းမွာ သူမရဲ႕ အယ္လ္ဘမ္ကို ရဲရဲ ႀကီး ထုတ္လိုက္တာကိုက ခ်ီးက်ဴးစရာ ေကာင္းပါတယ္။
ေအာ္တာေနးတစ္နဲ႔ အင္ဒီ သီခ်င္းအမ်ိဳးအစားေတြက ပရိသက္ကို ၿငီးေငြ႕ သြားေစႏိုင္ေပမဲ့ ေလးနတ္တဲ့ အဓိပၸါယ္ေတြေၾကာင့္ နားေထာင္ရင္း နဲ႔ ေတလာဆြစ္ရဲ႕ ဘဝနဲ႔ဆိုင္တဲ့ အဘိဓမၼာေတြကို ဖတ္ရႈ႕ လိုက္ရသလို ျဖစ္ေနတယ္။
သီခ်င္းေတြက တစ္ေခါက္ နားေထာင္တယ္။ ဘဝ အဓိပၸါယ္နဲ႔ ဘဝ သစၥာကို ေရးေရးေလး ျမင္လိုက္ရတယ္။ ဒါေၾကာင့္ ေနာက္တစ္ေခါက္ နားေထာင္ၿပီး ေတလာဆြစ္ ဘာေျပာခ်င္တာလဲ ဆိုတာကို ျပန္နားေထာင္ ရပါတယ္။
သီခ်င္းတစ္ပုဒ္ နားေထာင္ၿပီးတိုင္း သူမေျပာခ်င္တဲ့ ႐ုန္းကန္မႈ ၾကားက လြတ္ေျမာက္မႈ တစ္ခုကို လွမ္းျမင္ျမင္ ေနရပါတယ္။ ဒါေၾကာင့္ သူမရဲ႕ အယ္လ္ဘမ္က ဘီလ္ဘုတ္မွာ နံပါတ္ ၁ ျဖစ္တာ မအံ့ေၾသာ္ မိေတာ့ပါဘူး။
Exile သီခ်င္းက စုံတြဲ ဆိုထားတာပါ။ ပတ္ဝန္းက်င္က အမနာပ အသံေတြကို ဘယ္လို ရင္ဆိုင္ၾကမယ္ ဆိုၿပီး ေျပာျပတဲ့ ဟန္ပါ။ မင္းက ငါ့ၿမိဳ႕ေလး ျဖစ္ခဲ့တယ္ဆိုရင္ မင္းကိုျမင္ရဖို႔ မင္းကိုစြန႔္ၿပီး ငါၿမိဳ႕ျပင္ကို ထြက္ခဲ့ ရပါတယ္တဲ့။
The last great American dynasty သီခ်င္းက ႐ိုဒီကြၽန္းေပၚက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ႐ုန္းကန္ႏိုင္မႈ စြမ္းအားကို ေတြ႕ျမင္ၾကရမွာပါ။ seven သီခ်င္းမွာဆိုရင္ ေကာင္မငယ္ေလး တစ္ေယာက္ရဲ႕ အခ်စ္ကို ျမင္ရမွာပါ။
မိန္းမငယ္ေလး တစ္ေယာက္က အခ်စ္ကို ခံစားမိလိုက္တဲ့ ခံစားခ်က္ကို ေဖာ္က်ဴးတာပါ။ နားေထာင္ရင္းနဲ႔ကို ေၾကကြဲစရာ ျဖစ္လာတာပါ။ Epiphany သီခ်င္းဆိုရင္ ကိုဗစ္ေရာဂါသည္ေတြကို ကုသေနတဲ့ ဆရာဝန္တစ္ေယာက္ကို ျမင္ေတြ႕ရမွာပါ။
တစ္စုံတစ္ေယာက္က သမီး တစ္စုံတစ္ေယာက္က အေမ သူတို႔ ၂ဦး အားတင္းဖို႔ လက္ခ်င္း ကိုင္ထားတာေတာင္ ပလက္စတစ္ ေတြက ျခားထားေသးတယ္။ ခ်စ္တယ္ဆိုတဲ့ စကားကို ေျပာဖို႔ေတာင္ ႏႈတ္ခမ္းေတြ ေစ့ထားရတယ္။
မိနစ္၂၀ေလာက္ အိပ္ေမာက်ေပမဲ့ အိမ္မက္ထဲမွာ ဒီေရာဂါႀကီးက ပါလာတယ္။ မ်က္တစ္ခတ္စာ စိတ္သက္ရာရမႈေလးအတြက္ မင္းျမင္ရတဲ့ အရာေတြကို ျမင္ ပါေစတဲ့။
Folklore က အယ္လ္ဘမ္တစ္ခ်ပ္လုံး ေကာင္းမြန္တဲ့ စာသားေတြ ျပည့္ႏွပ္ ေနပါတယ္။ နားေထာင္မိလို႔ ဘဝရဲ႕ လြတ္ေျမာက္စရာ အေတြးတစ္ခ်က္ ရခဲ့ရင္ေတာင္ တန္ဖိုးရွိပါတယ္လို႔ ေတလာဆြစ္က ဆိုပါတယ္။
ေမာင္ယႆ, Ref; UPI , Photo; Upi
No Comments