အက်ရှေးကူမား ရဲ့တွဲဖက်သရုပ်ဆောင် ကာတီကရှာဟို ကုန်စိမ်း ရောင်းစားနေပြီ … … …

အက်ရှေးကူမား ရဲ့တွဲဖက်သရုပ်ဆောင် ကာတီကရှာဟို ကုန်စိမ်း ရောင်းစားနေပြီ ... ... ...
International-news

unicode

အက်ရှေးကူမား ရဲ့တွဲဖက်သရုပ်ဆောင် ကာတီကရှာဟို ကုန်စိမ်း ရောင်းစားနေပြီ

ကော်ရိုနာဗိုင်းရက် ပြန်နှံ့ မှုနဲ့ အသေအပျောက် ကမ္ဘာ့ အဆင့် ၄ ရှိ အိန္ဒိယမှာ ဘောလီဝုဒ်ရုပ်ရှင်လုပ်ငန်း တစ်ခုလုံးပျက်စီးသွား ပြီး နောက်မှာတော့ ရုပ်ရှင်သရုပ်ဆောင်တွေက သူတို့ရဲ့ အသက်ရှင်ရပ်တည်မှုအတွက် အလုပ်မျိုးစုံ လုပ်ကိုင် ရှာဖွေ စားသောက်နေရပါတယ် ။

ကာတီကရှာဟိုဆိုတာက ဘောလီးဝုဒ်ရဲ့ နာမည်ကြီး တစ်ဦးဖြစ်တဲ့ အက်ရှေးကူးမားနဲ့ ဆော်ယာဗန်ရှိဆိုတဲ့ ရုပ်ရှင်ကားထဲမှာတွဲဖက်သရုပ်ဆောင် ခဲ့တဲ့ ဇာတ်ပို့ တစ်ဦးဖြစ်ပါတယ် ။

ဘောလီးဝုဒ်ရဲ့ နာမည်ကျော် ရဲကားတွေဖြစ်တဲ့ အေဂျေ ဒီဗန်ရဲ့ ဆင်ခမ်းနဲ့ ရန်ဗာဆင်းဂ်ရဲ့ ဆင်ဘား ရုပ်ရှင်တွေကို အမှီလိုက်နိုင်ခဲ့တဲ့ ဆော်ယိုဗန်ရှီက ဝင်ငွေကောင်းတဲ့ ကားတစ်ကားဖြစ်ခဲ့ပါတယ် ။

ဇာတ်လမ်းထဲမှာ အကြမ်းဖက် မှုတိုက်ဖျက်ရေးခေါင်းဆောင်နဲ့ အတူယှဉ်တွဲပြီး လူဆိုးတွေကိုနှိမ်နင်းနိုင်ခဲ့ပေမဲ့ အပြင်လက်တွေ့ဘဝမျာတော့ ဆာလောင်နေတဲ့ သူနဲ့ သူ့မိသားစုရဲ့ ဗိုက်ကို ကောင်းကောင်း မဖြေရှင်းနိုင်ခဲ့ပါဘူး ။

အက်ရှေးကူမား ရဲ့တွဲဖက်သရုပ်ဆောင် ကာတီကရှာဟို ကုန်စိမ်း ရောင်းစားနေပြီ

ကော်ရိုနာဗိုင်းရက် ပြန့်နှံ့လာလို့ ဘောလီးဝုဒ်က ရုပ်ရှင်လုပ်ငန်းတွေရပ်နားလိုက်တော့ မိသားစုရှိတဲ့ အိုဒီရှား ပြည်နယ်က ဂါရာဒပူရ ကိုပြန်လာခဲ့ပါတယ် ။ သူက မွန်ဘိုင်းကို အလုပ်အကိုင် အခွင့်အလမ်း ကောင်းများရမလားဆိုပြီး ၁၇နှစ်သားကတည်းက လာခဲ့တာပါ ။

အမိတာဘချန်းတို့လို နာမည်ကြီး သရုပ်ဆောင်တွေဆီမှာ သက်တော်စောင့်တောင်လုပ်ဖူးပါတယ်။ ဒါပေမဲ့ သူ့မြို့ကို ပြန်တော့ ငွေကြေး လောက်လောက်လားလား ပါမလာခဲ့ပါဘူး။

အဲ့ဒါနဲ့ ပြည်နယ်မြို့တော် ဘူဘန်နတ်ဆွာ ကိုမိသားစုခေါ်ပြီး အလုပ်လိုက်ရှာတာ ဘယ်မှာမှ မရခဲ့ပါဘူး။ အဲ့ဒါနဲနောက်ဆုံးလက်ကျန် ပိုက်ဆံလေးကို အရင်းလုပ်ပြီး ကုန်စိမ်းရောင်းစား နေရတော့တာပါပဲ ။

ကိုဗစ်-၁၉ ရောဂါပိုးက အိန္ဒိယ မှာ ဆိုးဆိုး ဝါးဝါး ပြန့်နှံ့နေလို့ ရုပ်ရှင်လုပ်ငန်းလို ဖျော်ဖြေရေး လုပ်ငန်းတွေ ပြန်လည်နာလံထူ ဖို့ဆိုတာက မဖြစ်နိုင်လောက်တဲ့အခြေအနေမှာ မှာရှိပါတယ် ။ အိန္ဒိယမှာ ဇာတ်ပို့ ဇာတ်ရံနဲ့ အခြား စက်မှုလက်မှု အတတ်ပညာရှင်တွေက ၃သိန်းကျော်ရှိတယ် ။

အဲ့ဒိ လူ၃သိန်းကျော်မှာ တစ်ဝက်လောက်က အလုပ်အကိုင်ပျက်ပြီး ငတ်လုလုအခြေအနေဖြစ်နေပါတယ် ။ သူတို့တွေ ကြုံရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေရပါတယ်လို့ သိရပါတယ် ။

မောင်ယဿ
REF: Bollywood life, Photo; Msn

zawgyi











မောင်ယဿ

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …