အက္စပရင္ က ဘီပိုး စီပိုးသမားေတြ အတြက္ အေထာက္ အကူရႏိုင္
- By : Kaung Khant
- Category : Health

အက္စပရင္ က ဘီပိုး စီပိုးသမားေတြ အတြက္ အေထာက္ အကူရႏိုင္
အက္ပရင္ဆိုတာ ကိုယ္လက္ ကိုက္ခဲတာေတြ သြားကိုက္ တာေတြ အေအးမိ တာေတြ ေခါင္းကိုက္တာ ေတြလို နာက်င္ ကိုက္ခဲ ေနတတ္တဲ့ သူေတြအတြက္ အကိုက္အခဲ ကေန သက္သာေအာင္ လုပ္ေပးတဲ့ အကိုက္အခဲ ေပ်ာက္ေဆးကို ေျပာတာပါ ။ အက္စပရင္ကို တစ္ခါတစ္ရံ အ႐ြတ္ ေရာင္တာေတြ ကိုယ္လက္ ေရာင္တာေတြ အတြက္လည္း သုံးပါတယ္ ။
ဒါေပမဲ့ အက္စပရင္က ေဘးထြက္ ဆိုးက်ိဳးရွိပါတယ္ ။ ကိုယ္တြင္း အဂါေတၤြမွာ ေသြးေၾကာေပါက္ၿပီး ေသြးထြက္ တတ္ပါတယ္ ။ အက္စပရင္ကို မိုးမခ အပင္ရဲ႕ အေခါက္ ကေန ရတာပါ ၊ ဘီစီ၄၀၀ ေလာက္ကတည္းက ေရွးလူေတြက မိုးမခ အပင္ရဲ႕ အေခါက္ကို အေရာင္အရမ္းနဲ႔ အကိုက္အခဲ ေပ်ာက္ေဆးအျဖစ္ ဝါးစား ခဲ့ၾကတယ္ ။
ေလ့လာမႈ အသစ္ တစ္ရပ္အရ အသဲေရာင္ အသားဝါ ဘီပိုး စီပိုးရွိသူေတြက အသည္းကင္ဆာ ျဖစ္ႏိုင္ေျခမ်ား ႏိုင္တဲ့ အတြက္ေၾကာင့္ အက္စပရင္ ေပ်ာ့ေပ်ာ့ကို ေနစဥ္ ေသာက္ေပးျခင္းျဖင့္ ကင္ဆာ အဆင့္ကို မေရာက္ပဲ တားထားႏိုင္တယ္လို႔ သိရတယ္ ။ ၈ႏွစ္ၾကာ စမ္းသက္ခ်က္အရ အကိုက္အခဲေပ်ာက္ေဆးေပ်ာ့ေပ်ာ့ကို ေသာက္သုံးသူေတြက မေသာက္တဲ့လူေတြထက္ အသည္းကင္ဆာ ျဖစ္ႏိုင္ေခ် နည္းတာကို ေတြ႕ရွိခဲ့ပါတယ္ ။
ဘီပိုးစီပိုး ရွိသူ ေတြက အသည္းကင္ဆာျဖစ္ဖို႔နီးစပ္တဲ့အတြက္ ေဆးေကြၽးစမ္းသက္မႈမွာ ေဆးေသာက္သူေတြက အသည္း ကင္ဆာျဖစ္ႏိုင္ေျခ ၄% ပဲရွိၿပီး မေသာက္သူေတြက ၉%နီးပါရွိတာကိုေတြ႕ခဲ့တဲ့ ေဘာစတြန္ၿမိဳ႕ ဟားဗတ္ေဆးတကၠသိုလ္က ေဒါက္တာ ထေရစီ ဆီမြန္က “ အက္စပရင္နဲ႔ အသည္းကင္ဆာ ဘယ္လိုဆက္စပ္မႈရွိတယ္ဆိုတာကို အခုထိေတာ့ ရွင္းရွင္းလင္းလင္း မသိေသး ပါဘူး။
အက္စပရင္က အသည္းကင္ဆာေရာဂါ ေပ်ာက္မယ္လို႔ ဆိုလိုတာမဟုတ္ေသးပါဘူး။ ေလ့လာမႈကိုဆက္လုပ္ေနတုန္းပါပဲ။ အသည္းကင္ဆာအဆင့္ကို မေရာက္ေအာင္ တားႏိုင္တဲ့အေနအထားေလာက္ပဲ သိရပါေသးတယ္”လို႔ ဆိုတယ္။ အက္စပရင္က အေရာင္က်တဲ့ ဂုဏ္သတၱိရွိေနေတာ့ သူက နလုံးေသြးေၾကာဆိုင္ရာ အကာအကြယ္ေပးႏိုင္တဲ့ အက်ိဳးသက္ေရာက္မႈ ရွိေနပါတယ္။
ေရာင္ရမ္းတာကို တားဆီးေပးတဲ့အျပင္ အသည္းအဆီဖုံးတာကိုလည္းေလ်ာ့နည္းေစပါတယ္။ အသည္းေရာဂါေတြ ျဖစ္ပြားမႈကို ေလ်ာ့က်ေစတာေတာ့ အမွန္ပါပဲ။ ဘီပိုးစီပိုး ေရာဂါရွိသူ ၅၀၀၀၀ ကို အက္စပရင္အေပ်ာ့ ေဆးေကြၽး စမ္းသက္မႈေတြ လုပ္တာ မွာ နလုံးေရာဂါေရာ ေလျဖတ္တာပါ အကာအကြယ္ျဖစ္တာကို ေတြ႕ရတယ္လို႔ ဆိုတယ္။ သူတို႔က အက္စပရင္ကို ၾကာၾကာေသာက္ေလ အသည္းကင္ဆာကို ကာကြယ္ႏိုင္ေလလို႔ဆိုပါတယ္။
ေမာင္ယႆ
REF: upi / Photo; upi
Unicode
အက်စပရင် က ဘီပိုး စီပိုးသမားတွေ အတွက် အထောက် အကူရနိုင်
အက်ပရင်ဆိုတာ ကိုယ်လက် ကိုက်ခဲတာတွေ သွားကိုက် တာတွေ အအေးမိ တာတွေ ခေါင်းကိုက်တာ တွေလို နာကျင် ကိုက်ခဲ နေတတ်တဲ့ သူတွေအတွက် အကိုက်အခဲ ကနေ သက်သာအောင် လုပ်ပေးတဲ့ အကိုက်အခဲ ပျောက်ဆေးကို ပြောတာပါ ။ အက်စပရင်ကို တစ်ခါတစ်ရံ အရွတ် ရောင်တာတွေ ကိုယ်လက် ရောင်တာတွေ အတွက်လည်း သုံးပါတယ် ။
ဒါပေမဲ့ အက်စပရင်က ဘေးထွက် ဆိုးကျိုးရှိပါတယ် ။ ကိုယ်တွင်း အဂါၤတွေမှာ သွေးကြောပေါက်ပြီး သွေးထွက် တတ်ပါတယ် ။ အက်စပရင်ကို မိုးမခ အပင်ရဲ့ အခေါက် ကနေ ရတာပါ ၊ ဘီစီ၄၀၀ လောက်ကတည်းက ရှေးလူတွေက မိုးမခ အပင်ရဲ့ အခေါက်ကို အရောင်အရမ်းနဲ့ အကိုက်အခဲ ပျောက်ဆေးအဖြစ် ဝါးစား ခဲ့ကြတယ် ။
လေ့လာမှု အသစ် တစ်ရပ်အရ အသဲရောင် အသားဝါ ဘီပိုး စီပိုးရှိသူတွေက အသည်းကင်ဆာ ဖြစ်နိုင်ခြေများ နိုင်တဲ့ အတွက်ကြောင့် အက်စပရင် ပျော့ပျော့ကို နေစဉ် သောက်ပေးခြင်းဖြင့် ကင်ဆာ အဆင့်ကို မရောက်ပဲ တားထားနိုင်တယ်လို့ သိရတယ် ။ ၈နှစ်ကြာ စမ်းသက်ချက်အရ အကိုက်အခဲပျောက်ဆေးပျော့ပျော့ကို သောက်သုံးသူတွေက မသောက်တဲ့လူတွေထက် အသည်းကင်ဆာ ဖြစ်နိုင်ချေ နည်းတာကို တွေ့ရှိခဲ့ပါတယ် ။
ဘီပိုးစီပိုး ရှိသူ တွေက အသည်းကင်ဆာဖြစ်ဖို့နီးစပ်တဲ့အတွက် ဆေးကျွေးစမ်းသက်မှုမှာ ဆေးသောက်သူတွေက အသည်း ကင်ဆာဖြစ်နိုင်ခြေ ၄% ပဲရှိပြီး မသောက်သူတွေက ၉%နီးပါရှိတာကိုတွေ့ခဲ့တဲ့ ဘောစတွန်မြို့ ဟားဗတ်ဆေးတက္ကသိုလ်က ဒေါက်တာ ထရေစီ ဆီမွန်က “ အက်စပရင်နဲ့ အသည်းကင်ဆာ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို အခုထိတော့ ရှင်းရှင်းလင်းလင်း မသိသေး ပါဘူး။
အက်စပရင်က အသည်းကင်ဆာရောဂါ ပျောက်မယ်လို့ ဆိုလိုတာမဟုတ်သေးပါဘူး။ လေ့လာမှုကိုဆက်လုပ်နေတုန်းပါပဲ။ အသည်းကင်ဆာအဆင့်ကို မရောက်အောင် တားနိုင်တဲ့အနေအထားလောက်ပဲ သိရပါသေးတယ်”လို့ ဆိုတယ်။ အက်စပရင်က အရောင်ကျတဲ့ ဂုဏ်သတ္တိရှိနေတော့ သူက နလုံးသွေးကြောဆိုင်ရာ အကာအကွယ်ပေးနိုင်တဲ့ အကျိုးသက်ရောက်မှု ရှိနေပါတယ်။
ရောင်ရမ်းတာကို တားဆီးပေးတဲ့အပြင် အသည်းအဆီဖုံးတာကိုလည်းလျော့နည်းစေပါတယ်။ အသည်းရောဂါတွေ ဖြစ်ပွားမှုကို လျော့ကျစေတာတော့ အမှန်ပါပဲ။ ဘီပိုးစီပိုး ရောဂါရှိသူ ၅၀၀၀၀ ကို အက်စပရင်အပျော့ ဆေးကျွေး စမ်းသက်မှုတွေ လုပ်တာ မှာ နလုံးရောဂါရော လေဖြတ်တာပါ အကာအကွယ်ဖြစ်တာကို တွေ့ရတယ်လို့ ဆိုတယ်။ သူတို့က အက်စပရင်ကို ကြာကြာသောက်လေ အသည်းကင်ဆာကို ကာကွယ်နိုင်လေလို့ဆိုပါတယ်။
မောင်ယဿ
REF: upi / Photo; upi
No Comments