အကယ္ဒမီဆုေပးပြဲမွာ ဘာေျပာမယ္ဆိုတာကို ၅ႏွစ္သမီးကတည္းက က်က္ခဲ့တာတဲ့
- By : Phoe Linn
- Category : Entertainment
- Tags: cele news

အကယ္ဒမီဆုေပးပြဲမွာ ဘာေျပာမယ္ဆိုတာကို ၅ႏွစ္သမီးကတည္းက က်က္ခဲ့တာတဲ့
အကယ္ဒမီဆုေပးပြဲမွာ ဘာေျပာရမယ္ ဆိုတာကို ၅ႏွစ္ထဲက က်က္ခဲ့ေပမယ့္ ဆုေပးပြဲ စင္ျမင့္ေပၚကို ေရာက္သြားေတာ့ ဘာတစ္လုံးမွ မမွတ္မိေတာ့ပါဘူးလို႔ အာနန္ယာပန္ေဒးက ဆိုပါတယ္။
Student of the year ႐ုပ္ရွင္ကားနဲ႔ အေက်ာ္ၾကားဆုံး ႐ုပ္ရွင္ထူးခြၽန္ဆုကို လက္ခံရရွိခဲ့တဲ့ အာနန္ယာ က ဆုေပးပြဲကေန အိမ္ကို ျပန္ေရာက္ေရာက္ခ်င္း သူမအေဖရဲ႕ လက္ထဲကို ေ႐ႊစင္႐ုပ္ထု လႊဲေပးလိုက္ပါတယ္။ သူမရဲ႕ အေဖ ခ်န္ကီးက သူမကို ၅ႏွစ္သမီး ကတည္းက ဆုေပးပြဲ စင္ျမင့္ေပၚမွာ ဘာေတြေျပာရမယ္ ဆိုတာကို သင္ေပးထားပါတယ္။
ဒါေပမဲ့ လက္ေတြ႕မွာေတာ့ သူမက အေဖသင္ေပးထားတဲ့ စကားလုံးေတြကို ဘာတစ္ခုမွ မမွတ္မိေတာ့ဘဲ၊ ေတြ႕ ရာ အစဥ္ေျပသလိုပဲ ေျပာျဖစ္ခဲ့ပါတယ္။ သူမရဲ႕ ဖခင္က ဆုေပးပြဲမွာ သူမဘယ္လို စကားလုံးလွလွ ေလးေတြ ေျပာမယ္ဆိုတာကို ဧည့္ခန္းထဲက တီဗီေရွ႕မွာ အၾကာႀကီး ထိုင္ေစာင့္ၾကည့္ ေနခဲ့ပါတယ္။
ဒါေပမဲ့သူထင္သလို ျဖစ္မလာခဲ့ေပမဲ့ သမီးျဖစ္သူက ဆုကို အိမ္ထဲ ဝင္ဝင္ခ်င္း သူ႔လက္ထဲကို ထည့္ေပးၿပီး ေပြ႕ ဖက္ေနလို႔ ဖခင္ျဖစ္သူမွာ ေျပာရအခက္ ဆူရအခက္ ျဖစ္ခဲ့ပါတယ္။
မြန္ဘိုင္းေမယာနဲ႔ အင္တာဗ်ဴးမွာ “ က်မကို ကေလးဘဝကတည္းက ဆုေပးပြဲမွာ ေျပာရမယ့္ စကားလုံးေတြကို မွန္ေရွ႕မွာ ပုလင္းတစ္လုံး ကို မိုက္ခြက္လို သေဘာထားၿပီး ေျပာက်င့္ ခိုင္းပါတယ္။
က်မ အႀကိမ္ေရ မ်ားစြာ ေလ့က်င့္ဖူးပါတယ္။ အကယ္ဒမီ ဆုေပးပြဲဆိုတာ က်မရဲ႕ အိပ္မက္ပါပဲ။ အဲ့ဒီအိပ္မက္က အေကာင္အထည္ေပၚလာပါတယ္။ အိပ္မက္ထဲမွာ စမ္းတဝါးဝါး လမ္းေလွ်ာက္ သလို ပါပဲ။ စင္ေပၚလည္း ေရာက္ေရာ ေျပာရမယ့္စကားေတြကို တစ္လုံးမွ သတိမရေတာ့ပါဘူး။
အကုန္ေမ့ကုန္ပါတယ္။ ဒါေတာင္ အနားမွာ အေမပါပါတယ္။ အဲ့လို ကေခ်ာ္ကခြၽတ္ေတြ ျဖစ္မွာစိုးလို႔ အေမက အတန္တန္ သတိေပးပါတယ္။ အေဖ့ကို ေက်းဇူတင္ေၾကာင္း ေျပာဖို႔ရာေတာင္ ေမ့သြားလို႔ အိမ္ေရာက္ေရာက္ခ်င္း အေဖ့လက္ထဲကို ဆုကို အတင္း ထည့္ခဲ့ရပါတယ္” ဆိုၿပီး ရီးေမာရင္း ေျပာဆိုပါတယ္။
သူတို႔မိသားစုက အဲ့ဒိေ႐ႊစင္႐ုပ္ကေလးကို ဧည့္ခန္းထဲက မွန္ဘီဒိုထဲ ထည့္ၿပီး တစ္ေနကုန္ ထိုင္ၾကည့္လိုက္ စကားေျပာလိုက္ ေနခဲ့ၾကပါတယ္လို႔လည္း ဆိုပါတယ္။
ေမာင္ယႆ REF: Hindustan times
Photo : hindi time
Unicode
အကယ်ဒမီဆုပေးပွဲမှာ ဘာပြောမယ်ဆိုတာကို ၅နှစ်သမီးကတည်းက ကျက်ခဲ့တာတဲ့
အကယ်ဒမီဆုပေးပွဲမှာ ဘာပြောရမယ် ဆိုတာကို ၅နှစ်ထဲက ကျက်ခဲ့ပေမယ့် ဆုပေးပွဲ စင်မြင့်ပေါ်ကို ရောက်သွားတော့ ဘာတစ်လုံးမှ မမှတ်မိတော့ပါဘူးလို့ အာနန်ယာပန်ဒေးက ဆိုပါတယ်။
Student of the year ရုပ်ရှင်ကားနဲ့ အကျော်ကြားဆုံး ရုပ်ရှင်ထူးချွန်ဆုကို လက်ခံရရှိခဲ့တဲ့ အာနန်ယာ က ဆုပေးပွဲကနေ အိမ်ကို ပြန်ရောက်ရောက်ချင်း သူမအဖေရဲ့ လက်ထဲကို ရွှေစင်ရုပ်ထု လွှဲပေးလိုက်ပါတယ်။ သူမရဲ့ အဖေ ချန်ကီးက သူမကို ၅နှစ်သမီး ကတည်းက ဆုပေးပွဲ စင်မြင့်ပေါ်မှာ ဘာတွေပြောရမယ် ဆိုတာကို သင်ပေးထားပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ သူမက အဖေသင်ပေးထားတဲ့ စကားလုံးတွေကို ဘာတစ်ခုမှ မမှတ်မိတော့ဘဲ၊ တွေ့ ရာ အစဉ်ပြေသလိုပဲ ပြောဖြစ်ခဲ့ပါတယ်။ သူမရဲ့ ဖခင်က ဆုပေးပွဲမှာ သူမဘယ်လို စကားလုံးလှလှ လေးတွေ ပြောမယ်ဆိုတာကို ဧည့်ခန်းထဲက တီဗီရှေ့မှာ အကြာကြီး ထိုင်စောင့်ကြည့် နေခဲ့ပါတယ်။
ဒါပေမဲ့သူထင်သလို ဖြစ်မလာခဲ့ပေမဲ့ သမီးဖြစ်သူက ဆုကို အိမ်ထဲ ဝင်ဝင်ချင်း သူ့လက်ထဲကို ထည့်ပေးပြီး ပွေ့ ဖက်နေလို့ ဖခင်ဖြစ်သူမှာ ပြောရအခက် ဆူရအခက် ဖြစ်ခဲ့ပါတယ်။
မွန်ဘိုင်းမေယာနဲ့ အင်တာဗျူးမှာ “ ကျမကို ကလေးဘဝကတည်းက ဆုပေးပွဲမှာ ပြောရမယ့် စကားလုံးတွေကို မှန်ရှေ့မှာ ပုလင်းတစ်လုံး ကို မိုက်ခွက်လို သဘောထားပြီး ပြောကျင့် ခိုင်းပါတယ်။
ကျမ အကြိမ်ရေ များစွာ လေ့ကျင့်ဖူးပါတယ်။ အကယ်ဒမီ ဆုပေးပွဲဆိုတာ ကျမရဲ့ အိပ်မက်ပါပဲ။ အဲ့ဒီအိပ်မက်က အကောင်အထည်ပေါ်လာပါတယ်။ အိပ်မက်ထဲမှာ စမ်းတဝါးဝါး လမ်းလျှောက် သလို ပါပဲ။ စင်ပေါ်လည်း ရောက်ရော ပြောရမယ့်စကားတွေကို တစ်လုံးမှ သတိမရတော့ပါဘူး။
အကုန်မေ့ကုန်ပါတယ်။ ဒါတောင် အနားမှာ အမေပါပါတယ်။ အဲ့လို ကချော်ကချွတ်တွေ ဖြစ်မှာစိုးလို့ အမေက အတန်တန် သတိပေးပါတယ်။ အဖေ့ကို ကျေးဇူတင်ကြောင်း ပြောဖို့ရာတောင် မေ့သွားလို့ အိမ်ရောက်ရောက်ချင်း အဖေ့လက်ထဲကို ဆုကို အတင်း ထည့်ခဲ့ရပါတယ်” ဆိုပြီး ရီးမောရင်း ပြောဆိုပါတယ်။
သူတို့မိသားစုက အဲ့ဒိရွှေစင်ရုပ်ကလေးကို ဧည့်ခန်းထဲက မှန်ဘီဒိုထဲ ထည့်ပြီး တစ်နေကုန် ထိုင်ကြည့်လိုက် စကားပြောလိုက် နေခဲ့ကြပါတယ်လို့လည်း ဆိုပါတယ်။
မောင်ယဿ REF: Hindustan times
Photo : hindi time
No Comments