ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားကနေ သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် စီစဉ်နေ

ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားကနေ သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် စီစဉ်နေ
Cele News

ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားကနေ သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် စီစဉ်နေ

ကော်ရိုနာဗိုင်းရက် ကာလအတွင်း သြစတေးလျှမှာ ပိတ်မိပြီး နောက်မှာတော့ ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားမှာထက် သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။

 ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားကနေ သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် စီစဉ်နေ1

TMZ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သြစတေးလျှက နယူးဆောက်ဝေးက ဘိုင်ရွန်ဘေးမှာ သူ အိမ်တစ်လုံး ဝယ်ဖို့အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဟောလီးဝုဒ်မှာ နေထိုင်ရတာ ငြီးငွေ့လာပြီ ဖြစ်လာတဲ့အပြင် သြစတေးလျှမှာနေရတာ ပိုပြီးတော့ နှစ်ခြိုက်စရာ ကောင်းတယ်လို့ ဆိုတယ်။

ဇတ်အက်ဖရွန် (၃၂နှစ်)က “ကျနော်က ဖျော်ဖြေရေးလုပ်ငန်းတွေထဲက ထွက်ခွာမှာ မဟုတ်ပါဘူး။ အခု ကျနော် သြစတေးလျှမှာ နေမယ်ဆိုတာက လော့စ်အိန်ဂျလိစ်က အိမ်မှာနေရတာ ငြီးငွေ့ လာတာရယ် ၊ ကျနော့် နောက်ကို တကောက်ကောက် လိုက်နေတဲ့ ပါပါရာဇီတွေကို ရှောင်ချင်တာရယ်ကြောင့်ပါ။

 ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားကနေ သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် စီစဉ်နေ2

လက်ရှိမှာ နတ်ဖလစ်က ရိုက်နေတဲ့ Down to Earth ရှိုး အစီအစဉ်ကို လက်စသပ်နေတယ်။ အဲ့ဒါပြီးတာနဲ့ အမေရိကားက ထွက်ဖို့အတွက် လုပ်တော့မှာပါ”လို့ ဆိုတယ်။

ဘိုင်ရွန်ဘေးက ကိုဗစ်-၁၉ ကင်းစင်တဲ့ နေရာဖြစ်လို့ သူ့အတွက် ဘေးကင်း လုံခြုံပါတယ်။ နောက်ပြီးတော့ အမေရိကားမှာက ကိုဗစ်-၁၉ ပြန့်နှံ့မှုက များနေတယ်။ ဘယ်တော့လောက်မှ အေးချမ်းမယ် ဆိုတာကို မသိသေးတဲ့အတွက် သူ့အတွက် သက်တောင့် သက်သာဖြစ်မယ့် သြစတေးလျှမှာ နေဖို့ စီစဉ်တာပါ။

 ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားကနေ သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် စီစဉ်နေ3

ဇတ်အက်ဖရွန်က ဘိုင်ရွန်ဘေးက အိမ်တစ်လုံး ကို ကန်ဒေါ်လာ သန်း ၂၀နဲ့ ဈေးဆိုင်ထားတယ်လို့ ပြီးခဲ့တဲ့လက ဒေးလီးမေးလ်မှာ ဖော်ပြထားပါတယ်။ အဲ့ဒိအိမ်ကို ခရစ်ဟမ်းဝသ်တို့ ဇနီးမောင်နှံ က ချိတ်ပေးတာပါ။ ဈေးတည့်လို့ ဝယ်ဖြစ်တယ်ဆိုရင်တော့ ဇတ်အက်ဖရွန်တစ်ယောက် ရိုက်ကူးရေးလုပ်ငန်း တော်တော်များများကို သြစတေးလျှမှာ လုပ်ဖြစ်ဖို့ များပါတယ်။

မောင်ယဿ, REF: elle, Photo; elle

Zawgyi

ေဟာလီးဝုဒ္က ကိုလူေခ်ာ ဇတ္အက္ဖ႐ြန္က အေမရိကားကေန ၾသစေတးလွ်မွာ အေျခခ် ေနထိုင္ဖို႔အတြက္ စီစဥ္ေန

ေကာ္႐ိုနာဗိုင္းရက္ ကာလအတြင္း ၾသစေတးလွ်မွာ ပိတ္မိၿပီး ေနာက္မွာေတာ့ ေဟာလီးဝုဒ္က ကိုလူေခ်ာ ဇတ္အက္ဖ႐ြန္က အေမရိကားမွာထက္ ၾသစေတးလွ်မွာ အေျခခ် ေနထိုင္ဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ် လိုက္ပါတယ္။

TMZ မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ၾသစေတးလွ်က နယူးေဆာက္ေဝးက ဘိုင္႐ြန္ေဘးမွာ သူ အိမ္တစ္လုံး ဝယ္ဖို႔အတြက္ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။ သူ႔အေနနဲ႔ ေဟာလီးဝုဒ္မွာ ေနထိုင္ရတာ ၿငီးေငြ႕လာၿပီ ျဖစ္လာတဲ့အျပင္ ၾသစေတးလွ်မွာေနရတာ ပိုၿပီးေတာ့ ႏွစ္ၿခိဳက္စရာ ေကာင္းတယ္လို႔ ဆိုတယ္။

ဇတ္အက္ဖ႐ြန္ (၃၂ႏွစ္)က “က်ေနာ္က ေဖ်ာ္ေျဖေရးလုပ္ငန္းေတြထဲက ထြက္ခြာမွာ မဟုတ္ပါဘူး။ အခု က်ေနာ္ ၾသစေတးလွ်မွာ ေနမယ္ဆိုတာက ေလာ့စ္အိန္ဂ်လိစ္က အိမ္မွာေနရတာ ၿငီးေငြ႕ လာတာရယ္ ၊ က်ေနာ့္ ေနာက္ကို တေကာက္ေကာက္ လိုက္ေနတဲ့ ပါပါရာဇီေတြကို ေရွာင္ခ်င္တာရယ္ေၾကာင့္ပါ။

လက္ရွိမွာ နတ္ဖလစ္က ႐ိုက္ေနတဲ့ Down to Earth ရႈိး အစီအစဥ္ကို လက္စသပ္ေနတယ္။ အဲ့ဒါၿပီးတာနဲ႔ အေမရိကားက ထြက္ဖို႔အတြက္ လုပ္ေတာ့မွာပါ”လို႔ ဆိုတယ္။

ဘိုင္႐ြန္ေဘးက ကိုဗစ္-၁၉ ကင္းစင္တဲ့ ေနရာျဖစ္လို႔ သူ႔အတြက္ ေဘးကင္း လုံၿခဳံပါတယ္။ ေနာက္ၿပီးေတာ့ အေမရိကားမွာက ကိုဗစ္-၁၉ ျပန႔္ႏွံ႔မႈက မ်ားေနတယ္။ ဘယ္ေတာ့ေလာက္မွ ေအးခ်မ္းမယ္ ဆိုတာကို မသိေသးတဲ့အတြက္ သူ႔အတြက္ သက္ေတာင့္ သက္သာျဖစ္မယ့္ ၾသစေတးလွ်မွာ ေနဖို႔ စီစဥ္တာပါ။

ဇတ္အက္ဖ႐ြန္က ဘိုင္႐ြန္ေဘးက အိမ္တစ္လုံး ကို ကန္ေဒၚလာ သန္း ၂၀နဲ႔ ေဈးဆိုင္ထားတယ္လို႔ ၿပီးခဲ့တဲ့လက ေဒးလီးေမးလ္မွာ ေဖာ္ျပထားပါတယ္။ အဲ့ဒိအိမ္ကို ခရစ္ဟမ္းဝသ္တို႔ ဇနီးေမာင္ႏွံ က ခ်ိတ္ေပးတာပါ။ ေဈးတည့္လို႔ ဝယ္ျဖစ္တယ္ဆိုရင္ေတာ့ ဇတ္အက္ဖ႐ြန္တစ္ေယာက္ ႐ိုက္ကူးေရးလုပ္ငန္း ေတာ္ေတာ္မ်ားမ်ားကို ၾသစေတးလွ်မွာ လုပ္ျဖစ္ဖို႔ မ်ားပါတယ္။

ေမာင္ယႆ, REF: elle, Photo;elle

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …