ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ မီဒီယာကို စဖြိုပြီ

International-news

ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ မီဒီယာကို စဖြိုပြီ

တရုတ်နိုင်ငံကို ဝေဖန်ပြီး ဟောင်ကောင်ကျွန်း ဒီမိုကရေစီ အရေး လှုတ်ရှားမှုကို ထောက်ခံတဲ့ မီဒီယာ လုပ်ငန်းရှင်တစ်ဦး ကို နိုင်ငံခြားက အင်အားစုတွေရဲ့ အထောက်အပံ့ ယူနေတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဖမ်းဆီး လိုက်တယ်လို့ ဒေသခံရဲတွေက ဆိုပါတယ်။

ဘေကျင်းအစိုးရက ဟောင်ကောင်ကျွန်းမှာ ကျင်သုံးဖို့ ပြီးခဲ့တဲ့လက ပြဌန်းလိုက်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေသစ်အရ မီဒီယာ လုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့ ဂျင်မီလိုင် ကို မနေ့ က အစောပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ လုပ်ငန်းဖော် မာ့ခ်ဆင်မွန်က ဆိုတယ်။

ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ မီဒီယာကို စဖြိုပြီ1

မနေ့ မနက်ပိုင်းမှာ ဖမ်းဆီးတဲ့ မီဒီယာသမား ၇ဦးမှာ ဂျင်မီလိုင် တစ်ယောက်ပဲ နာမည်သိရပြီး ကျန်တဲ့ ၆ဦးက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖော်ပြခြင်းမရှိခဲ့ပါဘူး။ သူတို့အားလုံးကို နိုင်ငံခြား အမျိုးသားရေး လှုတ်ရှားသူများနဲ့ ပူးပေါင်းပြီး အမျိုးသားလုံခြုရေး ဥပဒေကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခဲ့တာပါ။

အဖမ်းခံရသူတွေက အသက် ၃၉နှစ်နဲ့ ၇၂နှစ်ကြား ရှိတဲ့သူတွေလို့ အကြမ်းဖျဉ် သိရပါတယ်။
ရဲတွေက ဖမ်းဆီးမှုကို အရင်လုပ်ပြီး စုံစမ်း စစ်ဆေးမှုတွေကို အခုမှ စလုပ်တုန်းပါ။ နောက်ထပ် ဘယ်လောက်တောင် ဖမ်းဦးမယ် ဆိုတာကိုလည်း မသိရသေးပါဘူးလို့ ဒေသခံမီဒီယာ သမားတစ်ဦးက ဆိုပါတယ်။

ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ မီဒီယာကို စဖြိုပြီ2

RTHK အသံလွှင့်ဌာနက ကြေညာချက်အရ အခုဖမ်းသွားတဲ့ သူတွေက APPLE Daily သတင်းစာက အမှုဆောင်အဖွဲ့ ဝင်တွေပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းလောက်ကနေစပြီး APPLE နေ့စဉ် သတင်းစာတိုက် ကို ရဲတွေဝင်ရောက်ရှာဖွေ နေတဲ့ပုံတွေ ဗီဒီယိုဖိုင်တွေက လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ပလူပျံအောင် တက်နေပါတယ်။

ရဲတွေကတော့ သူတို့မှာ အစိုးရက ထုတ်ပေးထားတဲ ဖမ်းဝရမ်းနဲ့ ရှာဖွေရေး ဝရမ်းတွေ ပါတယ်လို့ ဆိုပါတယ်။ သူတို့ က Apple သတင်းစာတိုက် ကို ဝင်ရောက်ရှာဖွေတာ တရားဝင် လို့လည်း ဆိုပါတယ်။

ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ မီဒီယာကို စဖြိုပြီ3

ဂျင်မီလိုင်က အမေရိကန်က ဟောင်ကောင်သားတွေရယ် ဟောင်ကောင်ကျွန်း ပြင်ပက ဟောင်ကောင်သား တွေနဲ့ လက်တွဲ ထားတာကို တရုတ်အစိုးရက သိလို့ ဒီနှစ် နှစ်ဦးပိုင်း မှာ ဖမ်းဆီးစစ်ဆေးမှု လုပ်ခဲ့ပါသေး တယ်။

ဟောင်ကောင်ဂျာနယ် အသင်းဥက္ကဌ ဖြစ်သူ ခရစ်ယောင် က ရဲတွေက သတင်းစာတိုက်တွေကို ဝင်ရောက်ရှာဖွေ နေတာ ၁လ ၂လ နီးပါးလောက် ရှိနေပြီ ၊ မီဒီယာတွေမှာ လုံခြုံမှုမရှိတော့ ဘူးလို့ ဆိုတယ်။

မောင်ယဿ, REF: cnn, Photo; cnn

Zawgyi











No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …