ဟယ္ရီေပၚတာ ေသြးစုတ္ဖုတ္ေကာင္မွ လင္းႏို႔လူသား ပက္တင္ဆန္

ဟယ္ရီေပၚတာ ေသြးစုတ္ဖုတ္ေကာင္မွ လင္းႏို႔လူသား ပက္တင္ဆန္
Entertainment

ဟယ္ရီေပၚတာ ေသြးစုတ္ဖုတ္ေကာင္မွ လင္းႏို႔လူသား ပက္တင္ဆန္

 

မေန႔ညက ႐ုပ္ရွင္ၾကည့္ ပရိသတ္အတြက္ သတင္းးေကာင္း တစ္ခုကို ၾကားလိုက္ ရတယ္ ။
ေရာဘတ္ပတ္တင္ဆန္ကို (batman) လင္းႏို႔လူသား အျဖစ္ ႐ုပ္ရွင္႐ိုက္ဖို႔ အတြက္ ဒါ႐ိုက္တာမတ္ရီဗီးက စမ္းသက္႐ိုက္ကူး ၾကည့္ခဲ့တယ္ ။ အားလုံး အဆင္ေျပတယ္ ။

ဒါေၾကာင့္ လာမယ့္ လင္းႏို႔လူသား ရွပ္ရွင္ကား ေတြမွာ ပတ္တင္ဆန္ကို လင္းႏို႔လူသား အျဖစ္ေတြ႕ျမင္ ၾကရေတာ့မွာပါ ။ လင္းႏို႔လူသား ဝတ္စုံနဲ႔ လိုက္မလိုက္ စမ္းသပ္ ၾကည့္တာပါ ။

သီခ်င္းေရးဆရာ ဂီရာခ်ီႏို နဲ႔ ကင္မရာမင္း ဖရာဆာတို႔က သူတို႔ရဲ႕ လက္စြမ္းကို နည္းနည္းစီ ျပၿပီး အစမ္းကားတိုေလးကို ႐ိုက္ၾကည့္တာ ေတာ္ေတာ္ ေကာင္းတာကို ေတြ႕ရလို႔ ဒါ႐ိုက္တာက ေက်နပ္သြားတယ္ ။

ပတ္တာဆန္ရဲ႕ လင္းႏို႔လူသားက ပုံမွန္ထက္ နည္းနည္းေလ ပုံစံကြဲ ေနပါတယ္ ။ လင္းႏို႔လူသားအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ဘ႐ုစ္ေဝးနီ ရဲ႕ ခႏၲာကိုယ္နဲ႔ ယွဥ္လိုက္ရင္ ပတ္တင္ဆန္က နည္းနည္းေသးတယ္လို႔ ထင္ရပါတယ္ ။

ဒါေပမဲ့ ဘ႐ုစ္ ရဲ႕ကိုယ္တိုင္းနဲ႔ ခ်ဳပ္ထားတဲ့ လင္းႏို႔လူသား ဝတ္စုံက ပတ္တင္ဆန္နဲ႔ အံကိုက္ပဲ ျဖစ္ေနပါတယ္ ။ သူကေတာ့ စူပါဟီး႐ိုး တစ္ေယာက္ပုံစံ အျဖစ္သ႐ုပ္ေဆာင္ ရမွာကို ႏွစ္သက္ ေနပါတယ္ ။

အနက္ေရာင္ သူရဲေကာင္း အျဖစ္နဲ႔ ရာဇဝတ္မႈ တိုက္ဖ်က္ေရး တိုက္ခိုက္သမားႀကီး ပုံစံကို ဘယ္လို အသက္သြင္းမယ္ ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါ ။

ပတ္တင္ဆန္က သ႐ုပ္ေဆာင္ပိုင္း မွာကေတာ့ ၁၅ႏွစ္သား အ႐ြယ္ကတည္းက ဟယ္ရီေပၚတာ ဇာတ္လမ္းတြဲ ေတြမွာ သ႐ုပ္ေဆာင္ခဲ့ဖူး သူပါ ။ ေနာက္ၿပီး ကမာၻေက်ာ္ Twilight ဇာတ္ကားထဲ မွာလည္း အခ်စ္ႀကီးတဲ့ ေသြးစုတ္ဖုတ္ေကာင္ ဇာတ္႐ုပ္ကို ပိုင္ပိုင္ ႏိုင္ႏိုင္ သ႐ုပ္ေဆာင္ ခဲ့ဖူးေတာ့ သူ႔ လုပ္ငန္းပိုင္းမွာေတာ့ ေျပာစရာရွိမွာ မဟုတ္ပါဘူး ။ သူက ဝင္ေငြ အေကာင္းဆုံး မင္းသားတစ္လက္ ျဖစ္ခဲ့ပါတယ္ ။

ခက္တာက သူ သ႐ုပ္ေဆာင္ဖူးတဲ့ နာမည္ေက်ာ္ ႐ုပ္ရွင္ကား ေတြမွာ ခ်စ္စရာေကာင္းတဲ့ ဟန္ပန္ကို အဓိကထား သ႐ုပ္ေဆာင္ ခဲ့တာပါ ။ လင္းႏို႔လူသား ကေတာ့ ၾကမ္းၾကမ္း ရမ္းရမ္း ကာ႐ိုက္တာကို သ႐ုပ္ေဖာ္ ရမွာမို႔လို႔ ဘယ္လို ျဖစ္လာမလဲ ကေတာ့ ေစာင့္ ၾကည့္ ရမွာပါ ။

ေမာင္ယႆ REF: Hollywood news
photo ;ARY news

Unicode Version

ဟယ်ရီပေါ်တာ သွေးစုတ်ဖုတ်ကောင်မှ လင်းနို့လူသား ပက်တင်ဆန်

မနေ့ညက ရုပ်ရှင်ကြည့် ပရိသတ်အတွက် သတင်းးကောင်း တစ်ခုကို ကြားလိုက် ရတယ် ။
ရောဘတ်ပတ်တင်ဆန်ကို (batman) လင်းနို့လူသား အဖြစ် ရုပ်ရှင်ရိုက်ဖို့ အတွက် ဒါရိုက်တာမတ်ရီဗီးက စမ်းသက်ရိုက်ကူး ကြည့်ခဲ့တယ် ။ အားလုံး အဆင်ပြေတယ် ။

ဒါကြောင့် လာမယ့် လင်းနို့လူသား ရှပ်ရှင်ကား တွေမှာ ပတ်တင်ဆန်ကို လင်းနို့လူသား အဖြစ်တွေ့မြင် ကြရတော့မှာပါ ။ လင်းနို့လူသား ဝတ်စုံနဲ့ လိုက်မလိုက် စမ်းသပ် ကြည့်တာပါ ။

သီချင်းရေးဆရာ ဂီရာချီနို နဲ့ ကင်မရာမင်း ဖရာဆာတို့က သူတို့ရဲ့ လက်စွမ်းကို နည်းနည်းစီ ပြပြီး အစမ်းကားတိုလေးကို ရိုက်ကြည့်တာ တော်တော် ကောင်းတာကို တွေ့ရလို့ ဒါရိုက်တာက ကျေနပ်သွားတယ် ။

ပတ်တာဆန်ရဲ့ လင်းနို့လူသားက ပုံမှန်ထက် နည်းနည်းလေ ပုံစံကွဲ နေပါတယ် ။ လင်းနို့လူသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဘရုစ်ဝေးနီ ရဲ့ ခန္တာကိုယ်နဲ့ ယှဉ်လိုက်ရင် ပတ်တင်ဆန်က နည်းနည်းသေးတယ်လို့ ထင်ရပါတယ် ။

ဒါပေမဲ့ ဘရုစ် ရဲ့ကိုယ်တိုင်းနဲ့ ချုပ်ထားတဲ့ လင်းနို့လူသား ဝတ်စုံက ပတ်တင်ဆန်နဲ့ အံကိုက်ပဲ ဖြစ်နေပါတယ် ။ သူကတော့ စူပါဟီးရိုး တစ်ယောက်ပုံစံ အဖြစ်သရုပ်ဆောင် ရမှာကို နှစ်သက် နေပါတယ် ။

အနက်ရောင် သူရဲကောင်း အဖြစ်နဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး တိုက်ခိုက်သမားကြီး ပုံစံကို ဘယ်လို အသက်သွင်းမယ် ဆိုတာကတော့ စောင့်ကြည့်ရမှာပါ ။ ပတ်တင်ဆန်က သရုပ်ဆောင်ပိုင်း မှာကတော့ ၁၅နှစ်သား အရွယ်ကတည်းက ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ တွေမှာ သရုပ်ဆောင်ခဲ့ဖူး သူပါ ။

နောက်ပြီး ကမ္ဘာကျော် Twilight ဇာတ်ကားထဲ မှာလည်း အချစ်ကြီးတဲ့ သွေးစုတ်ဖုတ်ကောင် ဇာတ်ရုပ်ကို ပိုင်ပိုင် နိုင်နိုင် သရုပ်ဆောင် ခဲ့ဖူးတော့ သူ့ လုပ်ငန်းပိုင်းမှာတော့ ပြောစရာရှိမှာ မဟုတ်ပါဘူး ။ သူက ဝင်ငွေ အကောင်းဆုံး မင်းသားတစ်လက် ဖြစ်ခဲ့ပါတယ် ။

ခက်တာက သူ သရုပ်ဆောင်ဖူးတဲ့ နာမည်ကျော် ရုပ်ရှင်ကား တွေမှာ ချစ်စရာကောင်းတဲ့ ဟန်ပန်ကို အဓိကထား သရုပ်ဆောင် ခဲ့တာပါ ။ လင်းနို့လူသား ကတော့ ကြမ်းကြမ်း ရမ်းရမ်း ကာရိုက်တာကို သရုပ်ဖော် ရမှာမို့လို့ ဘယ်လို ဖြစ်လာမလဲ ကတော့ စောင့် ကြည့် ရမှာပါ ။

မောင်ယဿ REF: Hollywood news
photo ;ARY news

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

ဆယ္လ္မန္ခန္း ရဲ႕ တိုက္ဂါး ၃ အေျခအေနေကာင္းရင္ စက္တင္ဘာ ထဲမွာ ျပသမယ္
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

ဂလိုက္ဒါစီးၿပီး ဒရမ္တီးသူ အြန္လိုင္းေပၚမွာ ၾကည့္ရွဳသူမ်ား
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …