ဟစ်တလာပုံနဲ့ တူအောင်ဆွဲလို့ဆိုပြီး ပြင်သစ်သမ္မတက ပုံဆွဲတဲ့ သူကို တရားစွဲ

ဟစ်တလာပုံနဲ့ တူအောင်ဆွဲလို့ဆိုပြီး ပြင်သစ်သမ္မတက ပုံဆွဲတဲ့ သူကို တရားစွဲ
International-news

ဟစ်တလာပုံနဲ့ တူအောင်ဆွဲလို့ဆိုပြီး ပြင်သစ်သမ္မတက ပုံဆွဲတဲ့ သူကို တရားစွဲ

မောင်ယဿ ( ဇူလိုင် ၂၉ )

ပြင်သစ်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ကိစ္စ နဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ အစိုးရက တိုင်းပြည်ထဲမှာ ကိုဗစ်ပိုးပြန့်နှံ့နေတဲ့ အတွက်ကြောင့် ပြည်သူတွေ ကာကွယ်ဆေး မထိုးမဖြစ်ထိုးအောင်လို့ စားသောက်ဆိုင်တွေ လို အများပြည်သူတွေ သွားလာတဲ့ နေရာတွေမှာ ကာကွယ်ဆေးထိုးထားတယ် ဆိုတဲ့ ကျန်းမာရေးထောက်ခံစာနဲ့ မှ သွားလာခွင့်ပြုမယ်လို့ အမိန်ထုတ်လိုက်လို့ ကာကွယ်ဆေး မထိုးလိုတဲ့ သူတွေက ဆန္ဒပြနေကြတာပါ။
အဲ့ ဒိဆန္ဒပြပွဲတွေ မှာ လက်ရှိသမ္မတ မာခွန်ကို အာဏါရှင်ဆိုပြီး ဒုတိယကမ္ဘာစစ်က ဂျာမဏီနိုင်ငံက အာဏါရှင် ဟစ်တာလာနဲ့ ပုံတူအောင်ဆွဲထားတဲ့ ဘုတ်ပြား တွေကို ကိုင်ပြီး ဆန္ဒပြ နေပါတယ်။

အဲ့ဒါကို သမ္မတဖြစ်သူ မာခွန်က ဟစ်တလာနဲ့ ပုံတူဆွဲ ရကောင်းလာဆိုပြီး ဘုတ်ပြားဆွဲတဲ့သူတွေကို တရားစွဲ လိုက်ပါတယ်။

အဲ့ဒိပုံ ဘုတ်ပြား ၄၀၀ လောက်ဆွဲခဲ့တဲ့ မစ်ချဲအန်ဂျီ ဖလိုရီက “ သမ္မတ က ကျနော့်ကို တရားစွဲထားတယ်။ ဒါကသရော်တာလေ၊ လက်ရှိ သူထုတ်ထားတဲ့ အမိန့်က ရော အာဏါရှင်ဆန် မနေလို့လား ၊ ကျနော်တို့က မဟုတ်တာ မမှန်တာတွေ ကို မသရော်ရတော့ဘူးလား။ ငြိမ်ခံနေရမှာလား” လို့ ပြန်ပြီးမေးခွန်း ထုတ်လိုက် ပါတယ်။

သမ္မတရဲ့ ပုံကို နာဇီခေတ် အဝတ်အစားနဲ့ ဟစ်တလာရဲ့ နှုတ်ခမ်းမွှေးတိုနံ့နံ့ လေးတပ်ထားက “ အမိန့်နာခံကြ။
ကာကွယ်ဆေး ထိုးရမယ်” ဆိုပြီး စာရေးကာဖော်ပြခဲ့ပါတယ်။

အဲ့ဒိ ဒီဇိုင်းကို ဖလိုရီက သူ့ရဲ့ တွစ်တာ အကောင့်မျာ တင်လိုက်တာ လူကြိုက်များလို့ ဆန္ဒပြလိုတဲ့ သူတွေက ကူယူပြီး ဘုတ်ပြားတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။

အခုဆိုရင် အဲ့လို ဘုတ်ပြားတွေကို ၁၀x ၁၂ ပေ ဘီလ်ဘုတ်ကြီးတွေ လုပ်ပြီး ပါရီမြို့ က လမ်းဆုံ ၄ခုမှာ ထောင်ထားပါတယ်။ တူလွန်မြို့မှာလည်း အဲ့လိုဘုတ်တွေထောင်လို့ ရဲတွေက အများပြည်သူ စိတ်ဓာတ် ပျက်ပြား အောင် ပြုလုပ်တယ်ဆိုပြီး ဖြုတ်ပစ်လိုက်ပါတယ်။ နှုတ်ခမ်းမွှေး တိုနှံ့နှံ့ ကိစ္စနဲ့ ပတ်သက်ပြီး ပုံဆွဲသူ ဖလိုရီက “ နှုတ်ခမ်းမွှေး တိုနှံ့နှံ့ ထားတာ ဟစ်တလာတစ်ယောက်တည်းမြင်ဖူးတာလား။

ချာလီ ချက်ပလင်နဲ့ စတာလင်တို့လည်း ထားတာပဲလေ။ သူတို့ က အာဏါရှင်တွေလား” လို့ ပြန်ပြီးမေးခွန်းထုတ်ခဲ့ပါတယ်။

အခုတော့ ပြင်သစ်အာဏါပိုင်တွေနဲ့ အီးယူက လူ့အခွင့်အရေး အုပ်စုကြား ပြဿနာတွေ တက်နေပါတယ်။

REF: EURONEWS,Photo:Credit  euronews

Zawgyi


မောင်ယဿ ( ဇူလိုင် ၂၉ )


ဟစ်တလာပုံနဲ့ တူအောင်ဆွဲလို့ဆိုပြီး ပြင်သစ်သမ္မတက ပုံဆွဲတဲ့ သူကို တရားစွဲ1








REF: EURONEWS
Photo: euronews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …