သောက်ရေထဲမှာ ခဲဓာတ်နည်းနည်းပါတာနဲ့ ကျောက်ကပ်သမားတွေ အန္တရာယ်ရှိနိုင်

သောက်ရေထဲမှာ ခဲဓာတ်နည်းနည်းပါတာနဲ့ ကျောက်ကပ်သမားတွေ အန္တရာယ်ရှိနိုင်

မောင်ယဿ ( ဇူလိုင် ၁၉ )

အမေရိကန် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီက ပြုလုပ်တဲ့ လေ့လာမှု စစ်တမ်းတစ်ရပ်ရဲ့ အဆိုအရ သောက်ရေထဲမှာ ခဲဓာတ် နည်းနည်းလေးပါတယ်ဆိုရင်တောင် ကျောက်ကပ်ဝေဒနာရှင်တွေ အတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။

အမေရိကားမှာ ကျေက်ကပ် အားနည်းတဲ့ သူတွေ ကျောက်ကပ်ဝေဒနာရှင် တွေ စုစုပေါင်း ပမာဏက သန်း ၃၀ ကနေ သန်း ၄၀ အတွင်းမှာ ရှိပါတယ်။

ဒါကြောင့် ခဲဓာတ် အလွန်နည်းတဲ့ သို့မဟုတ် မပါတဲ့ သောက်ရေ ရရှိဖို့အတွက် အဲ့ဒိအေဂျင်စီက ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်နေပါတယ်။

သောက်ရေထဲမှာ ခဲဓာတ်နည်းနည်းပါတာနဲ့ ကျောက်ကပ်သမားတွေ အန္တရာယ်ရှိနိုင်1

ဘောစတွန်မြို့က ဆေးပညာရှင်စင်တာတစ်ခုက ဒေါက်တာ ဂျွန်ဒန်ဇီဂါက “ အမေရိကားမှာ သောက်ရေ ရရှိတဲ့ အရင်းအမြစ်တွေမှာ ခဲဓာတ်မကင်းဘူး ဖြစ်နေပါတယ်။

ရေသောက်တာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုပေမဲ့ သောက်ရည်ထဲမှာ ခဲဓာတ်နည်းနည်းပါတယ်ဆိုရင် သာမာန်လူတွေအတွက် မထူးခြားပေမဲ့ နာတာရှည်ကျောက်ကပ်သမားတွေအတွက် ကတော့ အဲ့ဒိရေက အဆိပ်ဖြစ်နေတာပါပဲ” လို့ ဆိုလိုက်ပါတယ်။

တွေ့ရှိချက်အပြည့်အစုံကိုတော့ ရှေ့လထွက်မယ့် JASN မဂ္ဂဇင်းမှာ ပါရှိမှာပါ။ “ ရေပေးဝေတဲ့စနစ်က အများသုံးလို့ ဆိုပေမဲ့ တစ်ဦးချင်းစီ အတွက် အထူးသတိထားဖို့ လိုပါတယ်။

ကျနော်တို့ လေ့လာမှု အရ ကျနော်တို့ ဆီမှာ လူမဲတွေက လူဖြူတွေထက်ကို ပိုပြီး ခဲဓာတ်ပါဝင်တဲ့ ရေတွေကို သောက်နေရတယ်။ သူတို့ရတဲ့ ရေအရင်းအမြစ်နဲ့ သူတို့ရဲ့ ကျန်းမာရေးဆိုင်ရာ အသိတရားက သူတို့ ကို ခဲဓာတ်တွေနဲ့ ပိုပြီး ထိတွေ့ စေနေပါတယ်” လို့ ဆိုပါတယ်။

သောက်ရေထဲမှာ ခဲဓာတ်နည်းနည်းပါတာနဲ့ ကျောက်ကပ်သမားတွေ အန္တရာယ်ရှိနိုင်2

ခဲဓာတ်နည်းအောင် လုပ်နည်းတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ တင်ထားတာတွေရှိပါတယ်။ REVERSE OSOMOSIS နဲ့ သောက်ရေ ကို ရယူ ခြင်းတွေ ၊ ရေနွေထက် ရေအေးကိုသောက်ခြင်းတွေ ၊ ပေါင်းခံရေ ကို အအေးခံပြီးဖန်ပုလင်း သောက်တာတွေ ၊ တတ်နိုင်ရင် ရေသန့်ကိုပဲ သောက်တာတွေက အလွယ်တကူရနိုင်တဲ့ နည်းလမ်းတွေပါ။

ခဲဓာတ်နည်း အောင် လုပ်ပြီးသောက်သောက်တာက ကျေက်ကပ်သမားတွေ အတွက် အသက်ရှည်အောင်လုပ်တာပါပဲ။

နို့ နဲ့ နို့ထွက်ပစ္စည်းတွေ ၊ ဒိန်ချဉ် တို့ ချိစ် တို့က သွေးထဲက ခဲဓာတ်ကို ဖယ်ပေးပါတယ်။ ပဲနို့တို့ တို့ဖူးတို့ ၊မုန့်ညင်းတို့ အစိမ်ရောင် အရွက်တွေ ( အမြစ်မပါ) ၊ ငါးသေတ္တာ တွေကလည်း ခဲဓာတ်နည်းပြီး ကျောက်ကပ်သမာေးတွ စားသင့်တယ်လို့ ဆိုထားပါတယ်။

REF: UPI,Photo:credit UPi

zawgyi

ေသာက္ေရထဲမွာ ခဲဓာတ္နည္းနည္းပါတာနဲ႔ ေက်ာက္ကပ္သမားေတြ အႏၲရာယ္ရွိႏိုင္

ေမာင္ယႆ ( ဇူလိုင္ ၁၉ )

အေမရိကန္ သဘာဝပတ္ဝန္းက်င္ကာကြယ္ေရး ေအဂ်င္စီက ျပဳလုပ္တဲ့ ေလ့လာမႈ စစ္တမ္းတစ္ရပ္ရဲ႕ အဆိုအရ ေသာက္ေရထဲမွာ ခဲဓာတ္ နည္းနည္းေလးပါတယ္ဆိုရင္ေတာင္ ေက်ာက္ကပ္ေဝဒနာရွင္ေတြ အတြက္ အႏၲရာယ္ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

အေမရိကားမွာ ေက်က္ကပ္ အားနည္းတဲ့ သူေတြ ေက်ာက္ကပ္ေဝဒနာရွင္ ေတြ စုစုေပါင္း ပမာဏက သန္း ၃၀ ကေန သန္း ၄၀ အတြင္းမွာ ရွိပါတယ္။

ဒါေၾကာင့္ ခဲဓာတ္ အလြန္နည္းတဲ့ သို႔မဟုတ္ မပါတဲ့ ေသာက္ေရ ရရွိဖို႔အတြက္ အဲ့ဒိေအဂ်င္စီက က်ယ္က်ယ္ျပန႔္ျပန႔္ လႈံ႕ေဆာ္ေနပါတယ္။

ေဘာစတြန္ၿမိဳ႕က ေဆးပညာရွင္စင္တာတစ္ခုက ေဒါက္တာ ဂြၽန္ဒန္ဇီဂါက “ အေမရိကားမွာ ေသာက္ေရ ရရွိတဲ့ အရင္းအျမစ္ေတြမွာ ခဲဓာတ္မကင္းဘူး ျဖစ္ေနပါတယ္။

ေရေသာက္တာ က်န္းမာေရးနဲ႔ ညီၫႊတ္တယ္ဆိုေပမဲ့ ေသာက္ရည္ထဲမွာ ခဲဓာတ္နည္းနည္းပါတယ္ဆိုရင္ သာမာန္လူေတြအတြက္ မထူးျခားေပမဲ့ နာတာရွည္ေက်ာက္ကပ္သမားေတြအတြက္ ကေတာ့ အဲ့ဒိေရက အဆိပ္ျဖစ္ေနတာပါပဲ” လို႔ ဆိုလိုက္ပါတယ္။

ေတြ႕ရွိခ်က္အျပည့္အစုံကိုေတာ့ ေရွ႕လထြက္မယ့္ JASN မဂၢဇင္းမွာ ပါရွိမွာပါ။ “ ေရေပးေဝတဲ့စနစ္က အမ်ားသုံးလို႔ ဆိုေပမဲ့ တစ္ဦးခ်င္းစီ အတြက္ အထူးသတိထားဖို႔ လိုပါတယ္။

က်ေနာ္တို႔ ေလ့လာမႈ အရ က်ေနာ္တို႔ ဆီမွာ လူမဲေတြက လူျဖဴေတြထက္ကို ပိုၿပီး ခဲဓာတ္ပါဝင္တဲ့ ေရေတြကို ေသာက္ေနရတယ္။ သူတို႔ရတဲ့ ေရအရင္းအျမစ္နဲ႔ သူတို႔ရဲ႕ က်န္းမာေရးဆိုင္ရာ အသိတရားက သူတို႔ ကို ခဲဓာတ္ေတြနဲ႔ ပိုၿပီး ထိေတြ႕ ေစေနပါတယ္” လို႔ ဆိုပါတယ္။

ခဲဓာတ္နည္းေအာင္ လုပ္နည္းေတြနဲ႔ ပတ္သက္ၿပီး အြန္လိုင္းမွာ တင္ထားတာေတြရွိပါတယ္။ REVERSE OSOMOSIS နဲ႔ ေသာက္ေရ ကို ရယူ ျခင္းေတြ ၊ ေရေႏြထက္ ေရေအးကိုေသာက္ျခင္းေတြ ၊ ေပါင္းခံေရ ကို အေအးခံၿပီးဖန္ပုလင္း ေသာက္တာေတြ ၊ တတ္ႏိုင္ရင္ ေရသန႔္ကိုပဲ ေသာက္တာေတြက အလြယ္တကူရႏိုင္တဲ့ နည္းလမ္းေတြပါ။

ခဲဓာတ္နည္း ေအာင္ လုပ္ၿပီးေသာက္ေသာက္တာက ေက်က္ကပ္သမားေတြ အတြက္ အသက္ရွည္ေအာင္လုပ္တာပါပဲ။

ႏို႔ နဲ႔ ႏို႔ထြက္ပစၥည္းေတြ ၊ ဒိန္ခ်ဥ္ တို႔ ခ်ိစ္ တို႔က ေသြးထဲက ခဲဓာတ္ကို ဖယ္ေပးပါတယ္။ ပဲႏို႔တို႔ တို႔ဖူးတို႔ ၊မုန႔္ညင္းတို႔ အစိမ္ေရာင္ အ႐ြက္ေတြ ( အျမစ္မပါ) ၊ ငါးေသတၱာ ေတြကလည္း ခဲဓာတ္နည္းၿပီး ေက်ာက္ကပ္သမာေးတြ စားသင့္တယ္လို႔ ဆိုထားပါတယ္။

REF: UPI,Photo:credit UPi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ
Uncategorized
ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ

ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ မောင်ယဿ ( ဇူလိုင် ၂၆ ) ဖိလစ်ပိုင် ဆရာဝန် ဒေါက်တာ အန်နီဂ်ဘရီရယ်ချန်က ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်ဆိုတဲ့ အကြောင်းကို ကာကွယ် ဆေးအမျိုးမျိုး ထိုးထားတဲ့ လူတွေရဲ့ အဆုတ်တွေနဲ့ ကိုဗစ်ရောဂါ အသည်းအသန် ခံစားနေရတဲ့ အရေးပေါ် ကုသဆောင်ထဲက လူနာရဲ့ အဆုတ်ဓာတ်မှန် ကို ယှဉ်တွဲပြီး ပြသခဲ့ပါတယ်။ အဲ့ဒိဆရာဝန်က ဖိလစ်ပိုင်နိုင်ငံ ကူးစက်ရောဂါနဲ့ ကိုယ်တွင်း ကလီစာ ကုသရေးအထူးကူဖြစ်ပြီး အေအိုင်ဒီအက်စ် ၊ အိတ်ချ်အိုင်ဗွီ ရောဂါ ထိန်းချုပ်ရေး ကော်မတီရဲ့ တာဝန်ခံလည်းဖြစ်ပါတယ်။ သူက သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့်မှာ …

Uncategorized
၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ်

၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ် မောင်ယဿ ( ဇူလိုင် ၈) လက်ရှိဖြစ်ပေါ်နေတဲ့ အမေရိကား ကမ်းခြေဒေသတွေ ရေလွှမ်းမိုး နေခြင်းက လာမယ့် ၂၀၃၀ ဆိုရင် ပိုမိုဆိုးဝါး လာပြီး နေရာ တော်တော်များများ ပင်လယ်အောက်ရောက်သွားမယ်လို့ အမျိုးသား အာကာသသိပ္ပံအဖွဲ့ (နာ ဆာ ) ကဟောကိန်းထုတ် လိုက်ပါတယ်။ ဟာဝိုင်ရီ တက္ကသိုလ်က ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ပြောင်းလဲမှု လေ့လာရေးအဖွဲ့ နဲ့ နာဆာတို့ ပူးပေါင်းပြီး ပြုလုပ်တဲ့ သုတေသန ရလဒ်အရ လက်ရှိနှစ်စဉ်မြင့်တက်နေတဲ့ ပင်လယ်ရေမျက်နှာပြင်ရယ် ၊ ၁၈နှစ်ခွဲ မျာတစ်ကြိမ် ကပ်သွားသွားတဲ့ ကမ္ဘာနဲ့ လနဲ့ ကြားက …

Uncategorized
ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ရော်ဘာကျည်တွေ နဲ့ စပစ်ပြီ

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ရော်ဘာကျည်တွေ နဲ့ စပစ်ပြီ မောင်ယဿ ( ဇူလိုင် ၁၉ ) ကိုဗစ်ရောဂါ ကုသရေးနဲ့ ထိန်းချုပ်မှု ဆိုင်ရာတွေမှာ အားနည်းတဲ့ ထိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မကျေနပ်လို့ နဂိုရ်ကတည်းက အစိုးရကို မကျေနပ်တဲ့ သူတွေက လမ်းပေါ်တက် ဆန္ဒပြတာကို ထိုင်းရဲတွေက မီးသတ်ပိုက်တွေ နဲ့ ပတ် ၊ ရာဘာတုတ်တွေနဲ့ ရိုက် ၊ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်ပြီး မနေ့က နှိမ်နင်းခဲ့ ပါတယ်။ ဘန်ကောက်အစိုးရက ၅ယောက်ထက်ပိုမစုရလို့ ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းနဲ့ မညီဘဲ ဆန္ဒပြတဲ့ သူတွေကို နှိမ်နင်းတာလို့ ထိုင်းရဲတွေက ဆိုပါတယ်။ ဆန္ဒပြသမားတွေကတော့ ဆန္ဒပြမှုကို …