
သေပြီလို့ ဆရာဝန်တွေက ပြောပြီးမှ ပြန်ရှင်လာတဲ့ မိန်းကလေး နောက်တစ်ကြိမ်မှာ အမှန်တကယ်သေဆုံး
လူသားတွေ အသိချင်ဆုံး အရာက သေသွားပြီးရင် ဘာဖြစ်မလဲဆိုတဲ့ အကြောင်းအရာပါ။ သေခြင်းတရား က လူသားတွေအတွက် စိတ်အနှောက်အယှက်ပေး နိုင်ဆုံး အရာပဲဖြစ်ပါတယ်။
လူသားတွေက သဘာ၀ ဘေးအန္တရာယ်တွေကို တစ်ခုပြီး တစ်ခု ကျော်လွှားနိုင်အောင် ကြိုးစားနေ ကြပေမဲ့ ဒိကနေ့ အထိ မကျော်လွှားနိုင် မခုခံနိုင်တဲ့ အကြောင်းတရားတွေ ထဲမှာ သေခြင်းတရားကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားက ၁၂နှစ်အရွယ် ကောင်မလေး တစ်ယောက်ကတော့ သေခြင်းတရားကနေ ပြန်ပြီး ရှင်သန် လာနိုင်ခဲ့ပါတယ်။
သြဂုတ်လ ၁၈ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ပရိုဘိုလင်ဂို ဆေးရုံမှာ ၁၂နှစ်အရွယ် ကောင်မလေးတစ်ယောက်က နာတာရှည် ဆီးချိုကြောင့် ဆီးချိုတက်ပြီး အတွင်းအင်္ဂါတွေ ပျက်စီးမှု ဖြစ်ပေါ်ကာ ညနေ ၆နာရီမှာ သေဆုံး သွားပြီလို့ ဆရာဝန်တွေက ကြေညာခဲ့ပါတယ်လို့ ဒေသဆိုင်ရာ သတင်းစာတစ်ခု ဖြစ်တဲ့ ကော့စ်မော့ ဆိုပါတယ်။
ည၇ နာရီထိုးတော့ ကလေးမလေး ရဲ့ အသုဘကို ပြင်ဆင်ဖို့အတွက် မိဘတွေက အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ အိမ်ကိုရောက်တော့ သူမရဲ့ ကိုယ်ခန္ဓာကို သန့်ရှင်းရေး လုပ်ပေးနေစဉ်မှာပဲ သူမက ပြန်လည် နိုးထ လာပါတယ်။ သူမကို ရေချိုးပေးနေစဉ်မှာ သူမရဲ့ မျက်လုံးလေးတွေ ပွင့်လာပြီး တဖျတ်ဖျတ် ခတ်လာပါတယ်။
“ သူမကို ရေချိုးပေးနေစဉ်မှာ ကောင်မလေးရဲ့ နလုံးက ပြန်ပြီး ခုန်လာပါတယ်။ မျက်လုံးလည်ပွင့်ပြီး နိုးလာ ပါတယ်။ ကျနော်လည်း ထိတ်လန့်သွားတယ်။ ပြီးတော့ ကျနော်က သူမ မသေသေးဘူးလို့ မိသားစုကို လှမ်းပြောလိုက်တဲ့ အချိန်မှာ အားလုံး ထိတ်လန့်သွား ကြပါတယ်။
ကျနော်က စောင်တစ်ထည် တောင်းပြီး ကောင်မလေးကို ထွေးပွေ့ပြီး အိမ်ခန်းထဲကို ပြန်ခေါ်လာခဲ့ပါတယ်”လို့ အလောင်း ပြင်ပေးတဲ့သူက ဆိုပါတယ်။
ဧည့်ခန်းထဲကို သူမကို ပြန်ခေါ်လာ ပြီးပြီးချင်းဘဲ သူတို့က ဆေးရုံက ဆရာဝန်တွေကို ချက်ခြင်းဖုန်းဆက် ခေါ်ခဲ့ပါတယ်။ ဆရာဝန်တွေက ချက်ခြင်း လိုက်လာပြီး သူမကို အောင်စီဂျင်ပိုက်တွေ တပ်ပြီး အမြန်ဆုံး ကုသမှုတွေကို လုပ်ဖို့ စတင်ပါတော့တယ်။
အဲ့ဒိနောက်မှာ ဆေးရုံကို ပြန်ခေါ်လာခဲ့ပါတယ်။ ဆေးရုံ ရောက်ပြီး နာရီ အနည်းငယ်အကြာမှာ သူမပြန်လည် ကွယ်လွန် သွားပါတယ်။ အဲ့ဒိနောက်မှာ ဆရာဝန်တွေက သူမကို စောင့်ကြည့်ပြီးတော့ မိသားစုကို အမှန်တကယ် သေဆုံးသွားပြီဖြစ်လို့ အိမ်ပြန်ခေါ်သွား ခိုင်းခဲ့ပါတယ်။
“ ပြောရမှာက တော်တော်တော် ရှုတ်ထွေးမှု ရှိနေပါတယ်။ သူမရဲ့ သွေးထဲမှာ ပိုတက်ဆီယမ်တွေ အများးကြီး တက်နေပါတယ်။ အသက်ရှုလို့ ရအောင် လုပ်ပေးနေရင်းက သူမရဲ့ ရင်ဘတ်မှာ ဖိအားတွေ တက်နေပါတယ်။ အသက် ပြန်ရှင်နိုင်အောင် ကျနော်တို့ ဝိုင်းကြိုးစားပေမဲ့ သူမရဲ့ အသက်ကို ပြန်မရ တော့ပါဘူး” လို့ သူမကို ကုသပေးတဲ့ သမားတော်က ဆိုပါတယ်။
မောင်ယဿ, REF: world of buzz, photo;detik
Zawgyi
ေသၿပီလို႔ ဆရာဝန္ေတြက ေျပာၿပီးမွ ျပန္ရွင္လာတဲ့ မိန္းကေလး ေနာက္တစ္ၾကိမ္မွာ အမွန္တကယ္ေသဆုံး
လူသားေတြ အသိခ်င္ဆုံး အရာက ေသသြားၿပီးရင္ ဘာျဖစ္မလဲဆိုတဲ့ အေၾကာင္းအရာပါ။ ေသျခင္းတရား က လူသားေတြအတြက္ စိတ္အေႏွာက္အယွက္ေပး ႏိုင္ဆုံး အရာပဲျဖစ္ပါတယ္။
လူသားေတြက သဘာ၀ ေဘးအႏၲရာယ္ေတြကို တစ္ခုၿပီး တစ္ခု ေက်ာ္လႊားႏိုင္ေအာင္ ႀကိဳးစားေန ၾကေပမဲ့ ဒိကေန႔ အထိ မေက်ာ္လႊားႏိုင္ မခုခံႏိုင္တဲ့ အေၾကာင္းတရားေတြ ထဲမွာ ေသျခင္းတရားကလည္း တစ္ခု အပါအဝင္ ျဖစ္ပါတယ္။ ဒါေပမဲ့ အင္ဒိုနီးရွားက ၁၂ႏွစ္အ႐ြယ္ ေကာင္မေလး တစ္ေယာက္ကေတာ့ ေသျခင္းတရားကေန ျပန္ၿပီး ရွင္သန္ လာႏိုင္ခဲ့ပါတယ္။
ၾသဂုတ္လ ၁၈ရက္ေန႔က အင္ဒိုနီးရွားႏိုင္ငံ ပ႐ိုဘိုလင္ဂို ေဆး႐ုံမွာ ၁၂ႏွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္က နာတာရွည္ ဆီးခ်ိဳေၾကာင့္ ဆီးခ်ိဳတက္ၿပီး အတြင္းအဂၤါေတြ ပ်က္စီးမႈ ျဖစ္ေပၚကာ ညေန ၆နာရီမွာ ေသဆုံး သြားၿပီလို႔ ဆရာဝန္ေတြက ေၾကညာခဲ့ပါတယ္လို႔ ေဒသဆိုင္ရာ သတင္းစာတစ္ခု ျဖစ္တဲ့ ေကာ့စ္ေမာ့ ဆိုပါတယ္။
ည၇ နာရီထိုးေတာ့ ကေလးမေလး ရဲ႕ အသုဘကို ျပင္ဆင္ဖို႔အတြက္ မိဘေတြက အိမ္ျပန္ေခၚလာခဲ့ပါတယ္။ အိမ္ကိုေရာက္ေတာ့ သူမရဲ႕ ကိုယ္ခႏၶာကို သန႔္ရွင္းေရး လုပ္ေပးေနစဥ္မွာပဲ သူမက ျပန္လည္ ႏိုးထ လာပါတယ္။ သူမကို ေရခ်ိဳးေပးေနစဥ္မွာ သူမရဲ႕ မ်က္လုံးေလးေတြ ပြင့္လာၿပီး တဖ်တ္ဖ်တ္ ခတ္လာပါတယ္။
“ သူမကို ေရခ်ိဳးေပးေနစဥ္မွာ ေကာင္မေလးရဲ႕ နလုံးက ျပန္ၿပီး ခုန္လာပါတယ္။ မ်က္လုံးလည္ပြင့္ၿပီး ႏိုးလာ ပါတယ္။ က်ေနာ္လည္း ထိတ္လန႔္သြားတယ္။ ၿပီးေတာ့ က်ေနာ္က သူမ မေသေသးဘူးလို႔ မိသားစုကို လွမ္းေျပာလိုက္တဲ့ အခ်ိန္မွာ အားလုံး ထိတ္လန႔္သြား ၾကပါတယ္။
က်ေနာ္က ေစာင္တစ္ထည္ ေတာင္းၿပီး ေကာင္မေလးကို ေထြးေပြ႕ၿပီး အိမ္ခန္းထဲကို ျပန္ေခၚလာခဲ့ပါတယ္”လို႔ အေလာင္း ျပင္ေပးတဲ့သူက ဆိုပါတယ္။
ဧည့္ခန္းထဲကို သူမကို ျပန္ေခၚလာ ၿပီးၿပီးခ်င္းဘဲ သူတို႔က ေဆး႐ုံက ဆရာဝန္ေတြကို ခ်က္ျခင္းဖုန္းဆက္ ေခၚခဲ့ပါတယ္။ ဆရာဝန္ေတြက ခ်က္ျခင္း လိုက္လာၿပီး သူမကို ေအာင္စီဂ်င္ပိုက္ေတြ တပ္ၿပီး အျမန္ဆုံး ကုသမႈေတြကို လုပ္ဖို႔ စတင္ပါေတာ့တယ္။
အဲ့ဒိေနာက္မွာ ေဆး႐ုံကို ျပန္ေခၚလာခဲ့ပါတယ္။ ေဆး႐ုံ ေရာက္ၿပီး နာရီ အနည္းငယ္အၾကာမွာ သူမျပန္လည္ ကြယ္လြန္ သြားပါတယ္။ အဲ့ဒိေနာက္မွာ ဆရာဝန္ေတြက သူမကို ေစာင့္ၾကည့္ၿပီးေတာ့ မိသားစုကို အမွန္တကယ္ ေသဆုံးသြားၿပီျဖစ္လို႔ အိမ္ျပန္ေခၚသြား ခိုင္းခဲ့ပါတယ္။
“ ေျပာရမွာက ေတာ္ေတာ္ေတာ္ ရႈတ္ေထြးမႈ ရွိေနပါတယ္။ သူမရဲ႕ ေသြးထဲမွာ ပိုတက္ဆီယမ္ေတြ အမ်ားးႀကီး တက္ေနပါတယ္။ အသက္ရႈလို႔ ရေအာင္ လုပ္ေပးေနရင္းက သူမရဲ႕ ရင္ဘတ္မွာ ဖိအားေတြ တက္ေနပါတယ္။ အသက္ ျပန္ရွင္ႏိုင္ေအာင္ က်ေနာ္တို႔ ဝိုင္းႀကိဳးစားေပမဲ့ သူမရဲ႕ အသက္ကို ျပန္မရ ေတာ့ပါဘူး” လို႔ သူမကို ကုသေပးတဲ့ သမားေတာ္က ဆိုပါတယ္။
ေမာင္ယႆ, REF: world of buzz, photo;detik
No Comments