သေနတ်တွေ ဘေးချပြီး ကစားသွားတဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေး ခရစ်ကတ်ပွဲ

သေနတ်တွေ ဘေးချပြီး ကစားသွားတဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေး ခရစ်ကတ်ပွဲ
International-news

သေနတ်တွေ ဘေးချပြီး ကစားသွားတဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေး ခရစ်ကတ်ပွဲ

မောင်ယဿ ( စက်တင်ဘာ ၄ )

မနေ့က ကဘူးမြို့ နဲ့ မနီးမဝေးက တာလီဘန်ဖိုက်တာတွေ ကြီးစိုးတဲ့ ပက်ရှ်တန်မြို့ က ကွင်းတစ်ကွင်း မှာ တာလီဘန်နဲ့ အာဖဂန် ခရစ်ကတ်သမာေးတွ လူရွေးပွဲ အတွက် ပွဲတစ်ပွဲ လုပ်သွားတယ်။

ကွင်းလုံးပြည့် အားပေးတဲ့ ပရိသတ်က သောကြာနေ့ ဝတ်ပြုရက် ဖြစ်တာတောင် မြန်မြန်ဆန်ဆန် ဝတ်ပြုပြီး ပွဲကို လာပြီး အားပေးကြတယ်။

ကဘူးကလူတွေတောင် ပွဲကို လာပြီး ကြည့် ကြတယ်။ တာလီဘန်အလံတွေ နဲ့ အာဖဂန်အလံတွေ က ဘေးချင်းယှဉ်ပြီး ဝှေ့ယမ်းကာ ပရိသတ်က အားပေးသွားတယ်။

တာလီဘန်ဖိုက်တာတွေ က သေနတ်တွေထမ်းပြီး လုံခြုံရေးလုပ်ပေးသလို ကွင်းထဲက ပရိသတ်တွေကတော့ သေနတ်တွေ ဘေးချပြီး ပွဲ ကိုပျော်ရွှင်စွာအားပေးကြပါတယ်။

ပြိုင်ပွဲ မှာ ငြိမ်းချမ်းရေး ကာကွယ်သူအသင်းနဲ့ ငြိမ်းချမ်းရေး ဟီးရိုး အသင်းတို့ ပြိုင်ကြတာပါ။ တာလီဘန်တွေ အများစုပါတဲ့ ငြိမ်းချမ်းရေး ကာကွယ်သူ အသင်းက အနိုင်ရသွားပါတယ်။

အဲ့ဒိပြိုင်ပွဲ က ယူအေအီး မှာ အောက်တိုဘာ ၁၇ ကနေ နိုဝင်ဘာ ၁၅ အထိ ကျင်းပမယ့် T 20 ခရစ်ကတ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အတွက် လူရွေးတဲ့အနေနဲ့ လုပ်တာပါ။

ခရစ်ကတ်ဆိုတာ အာဖဂန်တွေ နိုင်ငံမှာ အရင်က လူကြိုက်များတဲ့ အားကစားနည်းတစ်ခု မဟုတ်ပါဘူး။ အိန္ဒိယ ကနေ ပါကစ္စတန် ၊ ပါကစ္စတန်ကနေ နယ်စပ်မှာရှိတဲ့တာလီဘန်တွေ ဆီကို စိမ့်ဝင်လာတဲ့ ကစားနည်းပါ။

အရင်က တာလီဘန်တွေနဲ့ အစွန်းရောက်ဘာသာရေးသမားတွေက ဖျော်ဖြေရေးဖြစ်တဲ့ အားကစားလုပ်ငန်း တွေ ၊ပြိုင်ပွဲကို ခွင့်မပြုထားပါဘူး ။

ဒါပေမဲ့ တာလီဘန်ဖိုက်တာ လူငယ်တွေကတော့ ခရစ်ကတ်ကို သူတို့ရဲ့ ရိုးရာ အားကစားတစ်ခုလိုပဲ စွဲလမ်းနေ ပါတယ်။ ဒီလကုန်မှာ အာဖဂန် လက်ရွေးစင်ခရစ်ကတ်အသင်းက ဘင်္ဂလားဒေ့ရှ် ကိုလာပြီး လက်စမ်းပွဲ လုပ်မှာပါ။

ပြောရရင်တော့ အဲ့ဒိပွဲက သြဂုတ်လ ၁၅ ရက်နေ့ အာဖဂန်ကို တာလီဘန်တွေ အာဏါသိမ်းြ့ပီး နောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ အားကစားပွဲတစ်ခုလည်းဖြစ်ပါတယ်။

အာဖဂန်ကစားသမား ရာရှစ်ခန်ကို မနှစ်က နိုင်ငံတကာ ခရစ်ကတ် အဖွဲ့ ချုပ်က ဆယ်စုနှစ်အတွင်း အကောင်းဆုံး ကစားသမားဆုချီးမြှင့်ခဲ့ပါတယ်။

တာလီဘန်ဖိုက်တာခေါင်းဆောင်းတစ်ဦးကတော့ အဲ့ဒိပွဲ အပြီး မှာ ကျနော်တို့ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲပြီ နိုင်ငံတကာလူ့အဖွဲ့အစည်းထဲကို ဝင်လာမှာပါ။

ဒီနေ့ပြိုင်ပွဲကတော့ ကျနော်တို့အတွက် အကောင်းဆုံး အရာတွေနဲ့ အောင်မြင်မှုတွေ ယူဆောင်ပေးလာမှာပါ” လို့ ပွဲကိုလာတဲ့ နိုင်ငံခြားရုပ်သံတစ်ခုကို ဆိုခဲ့ပါတယ်။

REF: ultrasurf , Photo;Credit  ​the time

Zawgyi


သေနတ်တွေ ဘေးချပြီး ကစားသွားတဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေး ခရစ်ကတ်ပွဲ
သေနတ်တွေ ဘေးချပြီး ကစားသွားတဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေး ခရစ်ကတ်ပွဲ

မောင်ယဿ ( စက်တင်ဘာ ၄ )







သေနတ်တွေ ဘေးချပြီး ကစားသွားတဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေး ခရစ်ကတ်ပွဲ




ပြောရရင်တော့ အဲ့ဒိပွဲက သြဂုတ်လ ၁၅ ရက်နေ့ အာဖဂန်ကို တာလီဘန်တွေ အာဏါသိမ်ြး့ပီး နောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ အားကစားပွဲတစ်ခုလည်းဖြစ်ပါတယ်။




REF: ultrasurf Photo; the times

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
International-news
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ မောင်ယဿ ( စက်တင်ဘာ ၁၄ ) စပိန်နိုင်ငံ တူဒီလားမြို့ မှာ ရုပ်အဆိုးဆုံ ခရမ်းချဉ်သီး ပြိုင်ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒိပြိုင်ပွဲကို တူဒီလာက လယ်သမားဒါဇင်နဲ့ ချီပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ လယ်သမားတွေပြတဲ့ ရုပ်ဆိုးဆိုး ခရမ်းချဉ်သီးတွေကို မြို့နေတော်တော်များများ က လာကြည့်ပြီး မဲပေးကြပါတယ်။ အနိုင်ရသွားတဲ့သူကိုလည်း ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတော်တော်များများ ချီးမြှင့်ပါတယ်။ “ ဘယ်သူကတော့ဗျာ ၊ ရုပ်ဆိုးတဲ့ အသီးတွေ မျိုးတွေ ကို စိုက်မလဲဗျာ။ အဲ့ပြဿနာကို သယ်လာတာက ပျားတွေဗျ။ သူတို့က ဝတ်မှုံကူးတယ်ဗျာ ၊ အဲ့ဒိမှာ ဘာတွေ ထူးထူးဆန်းဆန်း …

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ မောင်ယဿ ( စက်တင်ဘာ ၁၄ ) ၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။ မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။ အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။ နေရာဖယ်ရှား …