သူေဌးေတြက ဆင္းရဲသားေတြကို လက္ထပ္ၿပီး ျပည္တြင္း ဆင္းရဲမြဲေတမႈေလွ်ာ့ခ်သင့္
- By : Phoe Linn
- Category : International-news
- Tags: international news

သူေဌးေတြက ဆင္းရဲသားေတြကို လက္ထပ္ၿပီး ျပည္တြင္း ဆင္းရဲမြဲေတမႈေလွ်ာ့ခ်သင့္
အင္ဒိုနီးရွားႏိုင္ငံ လူသားဖြံ႕ၿဖိဳးမႈနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာန ဝန္ႀကီး မဟတ္ဂ်ာအက္ဖန္ဒီက တိုင္းျပည္တြင္းက သူေဌးေတြက ဆင္းရဲသား ေတြကို လက္ထပ္ၿပီး တိုင္းျပည္တြင္း ဆင္းရဲမြဲေတမႈကို ေလွ်ာ့ခ်သင့္တယ္လို႔ ယူဆရပါေၾကာင္း ဆိုလာပါတယ္။
ေဖေဖာ္ဝါရီလ ၁၉ရက္ ေန႔မွာ သူက သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံၿပီး လက္ရွိတိုင္းျပည္ အေျခအေနကို ရွင္းျပခဲ့ပါတယ္။ “ဆင္းရဲသားေတြက ဆင္းရဲသားေတြ နဲ႔ လက္ထပ္ၾကၿပီးေတာ့ ဆင္းရဲတဲ့ မိသားစုေတြကို ဖန္တီးေနတယ္။ ဆင္းရဲတဲ့ ဝဲၾသဃႀကီးထဲမွာ တစ္ဝဲလည္ လည္ျဖစ္ေနၾကတယ္။
အဲ့ဒါက အင္ဒိုနီးရွားမွာ ျဖစ္ေနတဲ့ တကယ့္ျပႆနာ တစ္ရပ္ပါပဲ”လို႔ သူက သတင္းေထာက္ေတြကို ဆိုပါတယ္။ အင္ဒိုနီးရွားက မိသားစု ၅.၇ သန္းမွာ ၅သန္းေက်ာ္က ဆင္းရဲမြဲေတတဲ့ မိသားစုေတြ ျဖစ္ေနတယ္။ စာရင္းဇယားအရဆိုရင္ ဆင္းရဲမြဲေတတဲ့ မိသားစုက ၁၀ရာခိုင္ႏႈန္းေလာက္ရွိတယ္။ ဒါအျပင္ ဝင္ေငြနည္း မိသားစုေတြကလည္း ရွိေသးတယ္။
ဝင္ေငြနည္း ဆင္းရဲလုနီးပါး မိသားစုက ၁၆.၈ ရာခိုင္ႏႈန္း ရွိပါတယ္။ အဲ့ဒိမိသားစုေတြရဲ႕ေကာင္းက်ိဳးစီးပြားကို ကူညီဖို႔အတြက္ လိုအပ္ေနပါတယ္။ အက္ဖန္ဒီက ဘာသာေရးဝန္ႀကီး ဖာခ်ယ္ရာဇီဆီကို စာေရးၿပီး အေၾကာင္းၾကားထားပါတယ္။
ဆင္းရဲတဲ့မိသားစုေတြက သတို႔သမီးေတြကို လူခ်မ္းသာေတြနဲ႔ လက္ထပ္ေစဖို႔အတြက္ စိစဥ္ေပးႏိုင္ဖို႔လိုေၾကာင္းနဲ႔ ပတ္သက္တဲ့စာပါ။ ေနာက္ၿပီး အျပန္အလွန္အေနနဲ႔ ဆင္းရဲတဲ့သူေတြကလည္း ခ်မ္းသာတဲ့ သူေတြကို လက္ထပ္ႏိုင္ရန္ ႀကိဳးစားဖို႔လိုေၾကာင္းကို ဘာသာေရးဆိုင္ရာ ေဟာေျပာခ်က္ေတြနဲ႔ ေသြးေဆာင္ေပးဖို႔လည္း ပါပါတယ္။
သမၼတ ဂ်ိဳကိုဝီဒိုဒို အမိန႔္ေပးထုတ္ျပန္ထားတဲ့ အိမ္ေထာင္ေရးဆိုင္ရာ လက္မွတ္ကို စီပြားေရး မတည္ၿငိမ္တဲ့ မိသားစုေတြမွာ လက္မွတ္ေရးထိုး ႏိုင္ဖို႔အား ဝန္ႀကီးက တိုက္တြန္းထားပါတယ္။
သမၼတရဲ႕ အစီအစဥ္မွာ ဆင္းရဲသားေတြကို လုပ္ငန္းပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈေတြရေအာင္ ဝန္ႀကီးဌာနေတြက တာဝန္ယူလုပ္ေဆာင္ရၿပီး အလုပ္သမားေရးရာဝန္ႀကီးဌာနက ကြၽမ္းက်င္မႈ နဲ႔ေလ်ာ္ညီတဲ့ အလုပ္ေတြကို မျဖစ္မေန လုပ္ခိုင္း ရမယ္လို႔ ပါရွိပါတယ္။
အင္ဒိုနိးရွားႏိုင္ငံ အူလမဲေကာင္စီ အေထြေထြ အတြင္းေရးမႉးက ဝန္ႀကီးရဲ႕ အဆိုျပဳခ်က္ကို ေထာက္ခံခဲ့ပါတယ္။ ဘာသာေရးဆိုင္ရာ အရလည္း လူ႔အဖြဲ႕အစည္းအတြင္း အျပန္အလွန္ ကူညီ႐ိုင္းပင္းမႈ ကို လုပ္သင့္ေၾကာင္းဆိုပါတယ္။
သူက ခ်မ္းသာမႈေတြက ခ်မ္းသာတဲ့ အသိုင္းအဝိုင္းထဲမွာပဲ လည္ေနတာ မေကာင္းပါဘူး။ တစ္ခ်ိန္ခ်ိန္ၾကရင္ လူတန္းစားမညီမွ်မႈက ေပါက္ကြဲမႈတစ္ခုစီကို ဦးတည္ သြားေစႏိုင္လို႔ပါပဲလို႔ ဆိုပါတယ္။
ေမာင္ယႆ REF: world of buzz
Photo; shutter stock
Unicode
သူဌေးတွေက ဆင်းရဲသားတွေကို လက်ထပ်ပြီး ပြည်တွင်း ဆင်းရဲမွဲတေမှုလျှော့ချသင့်
အင်ဒိုနီးရှားနိုင်ငံ လူသားဖွံ့ဖြိုးမှုနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး မဟတ်ဂျာအက်ဖန်ဒီက တိုင်းပြည်တွင်းက သူဌေးတွေက ဆင်းရဲသား တွေကို လက်ထပ်ပြီး တိုင်းပြည်တွင်း ဆင်းရဲမွဲတေမှုကို လျှော့ချသင့်တယ်လို့ ယူဆရပါကြောင်း ဆိုလာပါတယ်။
ဖေဖော်ဝါရီလ ၁၉ရက် နေ့မှာ သူက သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး လက်ရှိတိုင်းပြည် အခြေအနေကို ရှင်းပြခဲ့ပါတယ်။ “ဆင်းရဲသားတွေက ဆင်းရဲသားတွေ နဲ့ လက်ထပ်ကြပြီးတော့ ဆင်းရဲတဲ့ မိသားစုတွေကို ဖန်တီးနေတယ်။ ဆင်းရဲတဲ့ ဝဲသြဃကြီးထဲမှာ တစ်ဝဲလည် လည်ဖြစ်နေကြတယ်။
အဲ့ဒါက အင်ဒိုနီးရှားမှာ ဖြစ်နေတဲ့ တကယ့်ပြဿနာ တစ်ရပ်ပါပဲ”လို့ သူက သတင်းထောက်တွေကို ဆိုပါတယ်။ အင်ဒိုနီးရှားက မိသားစု ၅.၇ သန်းမှာ ၅သန်းကျော်က ဆင်းရဲမွဲတေတဲ့ မိသားစုတွေ ဖြစ်နေတယ်။ စာရင်းဇယားအရဆိုရင် ဆင်းရဲမွဲတေတဲ့ မိသားစုက ၁၀ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါအပြင် ဝင်ငွေနည်း မိသားစုတွေကလည်း ရှိသေးတယ်။
ဝင်ငွေနည်း ဆင်းရဲလုနီးပါး မိသားစုက ၁၆.၈ ရာခိုင်နှုန်း ရှိပါတယ်။ အဲ့ဒိမိသားစုတွေရဲ့ကောင်းကျိုးစီးပွားကို ကူညီဖို့အတွက် လိုအပ်နေပါတယ်။ အက်ဖန်ဒီက ဘာသာရေးဝန်ကြီး ဖာချယ်ရာဇီဆီကို စာရေးပြီး အကြောင်းကြားထားပါတယ်။
ဆင်းရဲတဲ့မိသားစုတွေက သတို့သမီးတွေကို လူချမ်းသာတွေနဲ့ လက်ထပ်စေဖို့အတွက် စိစဉ်ပေးနိုင်ဖို့လိုကြောင်းနဲ့ ပတ်သက်တဲ့စာပါ။ နောက်ပြီး အပြန်အလှန်အနေနဲ့ ဆင်းရဲတဲ့သူတွေကလည်း ချမ်းသာတဲ့ သူတွေကို လက်ထပ်နိုင်ရန် ကြိုးစားဖို့လိုကြောင်းကို ဘာသာရေးဆိုင်ရာ ဟောပြောချက်တွေနဲ့ သွေးဆောင်ပေးဖို့လည်း ပါပါတယ်။
သမ္မတ ဂျိုကိုဝီဒိုဒို အမိန့်ပေးထုတ်ပြန်ထားတဲ့ အိမ်ထောင်ရေးဆိုင်ရာ လက်မှတ်ကို စီပွားရေး မတည်ငြိမ်တဲ့ မိသားစုတွေမှာ လက်မှတ်ရေးထိုး နိုင်ဖို့အား ဝန်ကြီးက တိုက်တွန်းထားပါတယ်။
သမ္မတရဲ့ အစီအစဉ်မှာ ဆင်းရဲသားတွေကို လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေရအောင် ဝန်ကြီးဌာနတွေက တာဝန်ယူလုပ်ဆောင်ရပြီး အလုပ်သမားရေးရာဝန်ကြီးဌာနက ကျွမ်းကျင်မှု နဲ့လျော်ညီတဲ့ အလုပ်တွေကို မဖြစ်မနေ လုပ်ခိုင်း ရမယ်လို့ ပါရှိပါတယ်။
အင်ဒိုနိးရှားနိုင်ငံ အူလမဲကောင်စီ အထွေထွေ အတွင်းရေးမှူးက ဝန်ကြီးရဲ့ အဆိုပြုချက်ကို ထောက်ခံခဲ့ပါတယ်။ ဘာသာရေးဆိုင်ရာ အရလည်း လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ကူညီရိုင်းပင်းမှု ကို လုပ်သင့်ကြောင်းဆိုပါတယ်။
သူက ချမ်းသာမှုတွေက ချမ်းသာတဲ့ အသိုင်းအဝိုင်းထဲမှာပဲ လည်နေတာ မကောင်းပါဘူး။ တစ်ချိန်ချိန်ကြရင် လူတန်းစားမညီမျှမှုက ပေါက်ကွဲမှုတစ်ခုစီကို ဦးတည် သွားစေနိုင်လို့ပါပဲလို့ ဆိုပါတယ်။
မောင်ယဿ REF: world of buzz
Photo;shutter stock
No Comments