သူတို႔ဆီက အသားအေရ ထိန္းသိမ္းနည္း တစ္ခ်ိဳ႕
- By : Phoe Linn
- Category : beauty-tip
- Tags: fashion & beauty

သူတို႔ဆီက အသားအေရ ထိန္းသိမ္းနည္း တစ္ခ်ိဳ႕
အသားအေရ စိုေျပလွပမူွဟာ အမ်ိဳးသမီးမ်ားအတြက္ အေရးႀကီးတယ္လို႔ ဆိုခ်င္ပါတယ္… ႏုပ်ိဳလွပမူွေၾကာင့္ မိမိကိုယ္ကိုယ္ ယုံၾကည္မူွမ်ား တိုးပြားလာေစၿပီး က်န္းမာ သက္ရွည္ေစပါတယ္။
ပုံမွန္အသားအေရ ထိန္းသိမ္းနည္းေတြ မ်ားစြာရွိေပမဲ့ ဓာတုေဆးဝါး ကင္းၿပီး မိမိတို႔ လက္လွမ္းမွီတဲ့ အရပ္မွာ အလြယ္တစ္ကူ ရွာေဖြယူႏိုင္တဲ့ သဘာဝ ပစၥည္းမ်ာနဲ႔ ျပဳျပင္ ထိန္းသိမ္းျခင္းဟာ ပိုမို ထိေရာက္ေစၿပီး သက္ေတာင့္သက္သာျဖစ္ေစပါတယ္။
ႏိုင္ငံတစ္ကာက အလွပိုင္ရွင္ေတြကိုယ္တိုင္ က်န္းမာစိုေျပတဲ့ အသားအေရကို ရရွိေစဖို႔ ျပဳလုပ္ေလ့ ရွိၾကတဲ့ နည္းစနစ္ အခ်ိဳ႕ကို ေျပာျပေပးခ်င္ပါတယ္။
နႏြင္းရဲ႕ေကာင္းျခင္း
သဘာဝ ပစၥည္းမ်ားထဲမွာမွ အက်ိဳးထူး မ်ားစြာေပးတဲ့ နႏြင္းနဲ႔ ပတ္သက္တဲ့ ေကာင္းက်ိဳးမ်ား နႏြင္းနဲ႔ scrub လုပ္ၾကပုံမ်ားကို သိေစခ်င္ပါတယ္။ ဒီနည္းကေတာ့ အိႏၵိယ အမ်ိဳးသမီးမ်ားကေနတစ္ဆင့္ ကမာၻအႏွံကို ပ်ံခဲ့တာပဲ ျဖစ္ပါတယ္။
နႏြင္းရဲ႕ ေကာင္က်ိဳး အာနိသင္ကေတာ့ အသားအေရကို အာဟာရ ျဖည့္တင္းေပးရာမွာ အစြမ္းထက္တယ္လို႔ ဆိုပါတယ္။ နႏြင္းနဲ႔ ပတ္သက္တဲ့ ေကာင္းသတင္ေတြကိုေတာ့ အမ်ိဳးသမီးအမ်ားစုက ေထာက္ခံခဲ့ၾကပါတယ္။
နႏြင္းကို ခႏၶာကိုယ္တစ္ခုလုံး scrub လုပ္တဲ့ ေနရာမွာ အသုံးျပဳႏိုင္သလို ဝက္ၿခံ ႏွိမ္နင္းရာမွာလည္း အသုံးဝင္လွပါတယ္။ ဒါ့အျပင္ အသားအေရကို ျဖဴစင္ဝင္းပေအာင္ ပံ့ပိုးတဲ့ ေနရာမွာလည္း ဆရာႀကီးပါပဲ။
နႏြင္းမူွန႔္စစ္စစ္ အနည္းငယ္ကို သံပုရာရည္ (သို႔မဟုတ္) သခြားသီးအရည္နဲ႔ ေရာၿပီး မ်က္ႏွာျပင္မွာ လိမ္းေပးျခင္း အားၾထင့္ အသားအေရ ညိဳမဲ ညစ္ႏြမ္းတာကို ကင္းေဝးေစၿပီး ျဖဴစင္ ေတာက္ပ လာပါလိမ့္မယ္။
သဘာဝက ေပးထားတဲ့ ”သဲ”
ကမာၻနဲ႔ အဝွမ္းမွာ လူသိနည္းပါးလွတဲ့ အသားအေရထိန္း ပစၥည္းတစ္ခုလို႔ ဆိုရပါလိမ့္မယ္။ သဲ ဟာ သဘာဝ ပစၥည္းမ်ားထဲမွာ လူသိနည္းေသာ္လည္း အက်ိဳးထူး မ်ားတယ္လို႔ ဆိုရမွာပါ။ ဒီလိုသဲကို scrub အျဖစ္ အမ်ားဆုံး ျပဳလုပ္ၾကသူေတြကေတာ့ ဘရာဇီးလ္ ႏိုင္ငံသူေတြပဲ ျဖစ္ပါတယ္။
ဘရာဇီးလ္ ႏိုင္ငံသူေတြဟာ ပင္လယ္ကမ္းေျခက သဲ ကို သဘာဝ scurb အျဖစ္နဲ႔ အသုံးျပဳၾကတာေၾကာင့္ ဆဲလ္ အေသေတြ ကြာက်ၿပီး ဆဲလ္သစ္ ေမြးဖြားျခင္းနဲ႔ အသားအေရ ျဖဴစင္ ဝင္းလက္ကာ ႏုညံ့တဲ့ အေရျပားပိုင္ရွင္ေတြ ျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။
သူတို႔ဆီက အလွမယ္ေတြကိုယ္တိုင္ အသုံးျပဳၾကတယ္လို႔ ဆိုပါတယ္။ သဲ scrub ျပဳလုပ္ျခင္းေၾကာင့္ ေနာက္ထပ္ ေကာင္းက်ိဳး တစ္ခုကေတာ့ cellulite လို႔ ေခၚတဲ့ ခႏၶာကိုယ္မွာရွိတဲ့ အဆီပိုေတြ ျဖစ္မလာေအာင္ ကာကြယ္တယ္လို႔ ဆိုပါတယ္။
ပင္လယ္ကမ္းေျခနဲ႔ မနီးစပ္တဲ့ သူမ်ားအေနနဲ႔ သဲအစား ပင္လယ္ဆား ဒါမွမဟုတ္ သၾကားအညိဳကို အစားထိုးၿပီး scrub ျပဳလုပ္ႏိုင္ပါတယ္။ ကမာၻနဲ႔ တစ္ဝွမ္း အသုံးျပဳေနတဲ့ scrub နည္းေတြမို႔ လုပ္ျဖစ္ေအာင္ လုပ္ၾကည့္ၾကေနာ္…
စႏၵီျမင့္မိုရ္#
Photo by google
Unicode
သူတို့ဆီက အသားအရေ ထိန်းသိမ်းနည်း တစ်ချို့
အသားအရေ စိုပြေလှပမူှဟာ အမျိုးသမီးများအတွက် အရေးကြီးတယ်လို့ ဆိုချင်ပါတယ်… နုပျိုလှပမူှကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မူှများ တိုးပွားလာစေပြီး ကျန်းမာ သက်ရှည်စေပါတယ်။
ပုံမှန်အသားအရေ ထိန်းသိမ်းနည်းတွေ များစွာရှိပေမဲ့ ဓာတုဆေးဝါး ကင်းပြီး မိမိတို့ လက်လှမ်းမှီတဲ့ အရပ်မှာ အလွယ်တစ်ကူ ရှာဖွေယူနိုင်တဲ့ သဘာဝ ပစ္စည်းမျာနဲ့ ပြုပြင် ထိန်းသိမ်းခြင်းဟာ ပိုမို ထိရောက်စေပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။
နိုင်ငံတစ်ကာက အလှပိုင်ရှင်တွေကိုယ်တိုင် ကျန်းမာစိုပြေတဲ့ အသားအရေကို ရရှိစေဖို့ ပြုလုပ်လေ့ ရှိကြတဲ့ နည်းစနစ် အချို့ကို ပြောပြပေးချင်ပါတယ်။
နနွင်းရဲ့ကောင်းခြင်း
သဘာဝ ပစ္စည်းများထဲမှာမှ အကျိုးထူး များစွာပေးတဲ့ နနွင်းနဲ့ ပတ်သက်တဲ့ ကောင်းကျိုးများ နနွင်းနဲ့ scrub လုပ်ကြပုံများကို သိစေချင်ပါတယ်။ ဒီနည်းကတော့ အိန္ဒိယ အမျိုးသမီးများကနေတစ်ဆင့် ကမ္ဘာအနှံကို ပျံခဲ့တာပဲ ဖြစ်ပါတယ်။
နနွင်းရဲ့ ကောင်ကျိုး အာနိသင်ကတော့ အသားအရေကို အာဟာရ ဖြည့်တင်းပေးရာမှာ အစွမ်းထက်တယ်လို့ ဆိုပါတယ်။ နနွင်းနဲ့ ပတ်သက်တဲ့ ကောင်းသတင်တွေကိုတော့ အမျိုးသမီးအများစုက ထောက်ခံခဲ့ကြပါတယ်။
နနွင်းကို ခန္ဓာကိုယ်တစ်ခုလုံး scrub လုပ်တဲ့ နေရာမှာ အသုံးပြုနိုင်သလို ဝက်ခြံ နှိမ်နင်းရာမှာလည်း အသုံးဝင်လှပါတယ်။ ဒါ့အပြင် အသားအရေကို ဖြူစင်ဝင်းပအောင် ပံ့ပိုးတဲ့ နေရာမှာလည်း ဆရာကြီးပါပဲ။
နနွင်းမူှန့်စစ်စစ် အနည်းငယ်ကို သံပုရာရည် (သို့မဟုတ်) သခွားသီးအရည်နဲ့ ရောပြီး မျက်နှာပြင်မှာ လိမ်းပေးခြင်း အားထြင့် အသားအရေ ညိုမဲ ညစ်နွမ်းတာကို ကင်းဝေးစေပြီး ဖြူစင် တောက်ပ လာပါလိမ့်မယ်။
သဘာဝက ပေးထားတဲ့ ”သဲ”
ကမ္ဘာနဲ့ အဝှမ်းမှာ လူသိနည်းပါးလှတဲ့ အသားအရေထိန်း ပစ္စည်းတစ်ခုလို့ ဆိုရပါလိမ့်မယ်။ သဲ ဟာ သဘာဝ ပစ္စည်းများထဲမှာ လူသိနည်းသော်လည်း အကျိုးထူး များတယ်လို့ ဆိုရမှာပါ။ ဒီလိုသဲကို scrub အဖြစ် အများဆုံး ပြုလုပ်ကြသူတွေကတော့ ဘရာဇီးလ် နိုင်ငံသူတွေပဲ ဖြစ်ပါတယ်။
ဘရာဇီးလ် နိုင်ငံသူတွေဟာ ပင်လယ်ကမ်းခြေက သဲ ကို သဘာဝ scurb အဖြစ်နဲ့ အသုံးပြုကြတာကြောင့် ဆဲလ် အသေတွေ ကွာကျပြီး ဆဲလ်သစ် မွေးဖွားခြင်းနဲ့ အသားအရေ ဖြူစင် ဝင်းလက်ကာ နုညံ့တဲ့ အရေပြားပိုင်ရှင်တွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့ဆီက အလှမယ်တွေကိုယ်တိုင် အသုံးပြုကြတယ်လို့ ဆိုပါတယ်။ သဲ scrub ပြုလုပ်ခြင်းကြောင့် နောက်ထပ် ကောင်းကျိုး တစ်ခုကတော့ cellulite လို့ ခေါ်တဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေ ဖြစ်မလာအောင် ကာကွယ်တယ်လို့ ဆိုပါတယ်။
ပင်လယ်ကမ်းခြေနဲ့ မနီးစပ်တဲ့ သူများအနေနဲ့ သဲအစား ပင်လယ်ဆား ဒါမှမဟုတ် သကြားအညိုကို အစားထိုးပြီး scrub ပြုလုပ်နိုင်ပါတယ်။ ကမ္ဘာနဲ့ တစ်ဝှမ်း အသုံးပြုနေတဲ့ scrub နည်းတွေမို့ လုပ်ဖြစ်အောင် လုပ်ကြည့်ကြနော်…
စန္ဒီမြင့်မိုရ်#
No Comments