သူခိုးလက်ခံဆိုင်က ၅ဒေါ်လာနဲ့ ဝယ်တဲ့ဖန်ပန်းအိုးကို ၁၅၀၀၀ နဲ့ လေလံပစ်
- By : Kaung Khant
- Category : International-news

သူခိုးလက်ခံဆိုင်က ၅ဒေါ်လာနဲ့ ဝယ်တဲ့ဖန်ပန်းအိုးကို ၁၅၀၀၀ နဲ့ လေလံပစ်
မောင်ယဿ ( အောက်တိုဘာ ၁၉ )
၁၉ရာစု အကုန် ၂၀ ရာစု အစောပိုင်း လက်ရာဖန်ပန်းအိုး တစ်လုံး ကို သူခိုးပစ္စည်းလက်ခံ ဆိုင်တစ်ဆိုင်က ၅ ဒေါ်လာနဲ့ ရောင်းလိုက်တာကို ပစ္စည်းဝယ်ခဲ့တဲ့ သူက လေလံဆိုင်မှာ ဒေါ်လာ ၁သောင်းခွဲ ပစ်တာ အရောင်းထွက် သွားပါတယ်။
၁၉ ရာစုအကုန်က ဥရောပမှာ ဖန်ထည်ပစ္စည်း ၊ လက်ဝတ်ရတနာ ၊ အိမ်သုံးပစ္စည်းနဲ့ ကြွေထည် တွေမှာ ဒီဇိုင်းလက်ရာသန့်သန့် နဲ့ လုပ်နိုင်တဲ့ နာမည်ကြီး သြစတီးရီးယား သား တစ်ယောက်ရှိပါတယ်။
သူ့ နာမည်က ကိုလိုမန်မိုဆာ လို့ ခေါ်ပါတယ်။ သူရဲ့ ဂရက်ဖစ်ဒီဇိုင်းတွေကို အဲ့ဒိခေတ်တုန်းက လူကုန်တံ အသိုင်းအဝိုင်းတွေက သီးသန့်မှာယူလေ့ရှိပါတယ်။
ခေတ်ရှေ့ပြေးတဲ့ သူ့ရဲ့လက်ရာတွေက ဒီကနေ့အထိ ဒီဇိုင်း ဆရာတွေ လေ့လာနေရတုန်းပါပဲ ။ ရီးနေးဆွန်းခေတ်အလွန် မှာ စိတ္တဇမျဉ်းကြောင်းတွေနဲ့ ပတ်သက်ပြီး လူတွေ တော်တော် စိတ်ဝင်စားခဲ့ကြပါတယ်။
ဂရက်ဖစ်ဒီဇိုင်းတွေရဲ့ အရှိန်အဝါကို လူတွေ တော်တော်များများ ယစ်မူး နေကြပါတယ် ။
အဲ့ဒိခေတ် အဲ့ဒိအချိန်မှာတောင် သူကရဲ့လက်ရာတွေက ရာဂဏန်းအောက်မှာ မရှိပါဘူး ။ ဒါပေမဲ့ သူခိုးတွေ လက်ထဲကိုရောက်သွားတဲ့ သူရဲ့ ပန်းအိုးတစ်လုံး ကတော့ ၅ဒေါ်လာတောင် မတန်တော့ပါဘူး ။
တန်ဖိုး သိတဲ့ သူက ပစ္စိဖိတ်နော့ဝက်စ် က သူခိုးလက်ခံပစ္စည်းဆိုင်မှာ အဲ့ဒိပန်းအိုး ကို ၄ဒေါ်လာခွဲ သာသာ နဲ့ ဝယ်ခဲ့ပါတယ်။ လေလံပစ္စည်းဆိုင်က ရောင်းမယ်ဆို ၅ထောင် ပေးမယ်လို့ ပြောပါတယ်။ သူက ရောင်းခဲ့ပြီးနောက်မှာ ဆိုင်ရှင် က ၁သောင်းခွဲ နဲ့ လေလံပစ်လိုက်တာပါ။
“ကိုလိုမန် မိုဆာ ရဲ့ လက်ရာက ဒီဖက်ခေတ်မှာ ဈေးကွက်ထဲမှာ ရှာမယ်ဆိုရင်တောင် ရှာရတာခက်သွားပါပြီ ၊ သူခိုးလက်ခံ ဆိုင်က လူတွေ သူ့အကြောင်း မသိလိုက်တာက ကျနော်ပွပေါက်တိုးသွားတာပါ။
ကျနော်ကိုရောင်းသွားတဲ့သူက ရှေးဟောင်းလက်ရာ ဆိုတာကိုပဲ သိပါတယ်။ ဘယ်သူ့ လက်ရာ မှန်မသိလိုက်တာပါ”
“သူက ၁၉၄၀ လောက်က လက်ရာလို့ ထင်နေတာပါ။ ကိုလိုမန် ရဲ့ လက်ရာက ၁၉၀၀ ပြည်နှစ်လောက်မှာ ဘယ်လောက်ရှေ့ပြေးနေလည်းဆိုရင် ရှေးဟောင်းပစ္စည်းအကြောင်း နားလည်ပါတယ်သူတောင် နှစ် ၅၀ လောက် မှားပြီး မှန်းသွားသေးတယ်” လို့ လေလံပစ်တဲ့သူ ဆမန်သာရော်ဘင်ဆင်က ဆိုပါတယ်။
REF; UPI |,Photo : Credit UPI
Zawgyi
သူခိုးလက္ခံဆိုင္က ၅ေဒၚလာနဲ႔ ဝယ္တဲ့ဖန္ပန္းအိုးကို ၁၅၀၀၀ နဲ႔ ေလလံပစ္
ေမာင္ယႆ ( ေအာက္တိုဘာ ၁၉ )
၁၉ရာစု အကုန္ ၂၀ ရာစု အေစာပိုင္း လက္ရာဖန္ပန္းအိုး တစ္လုံး ကို သူခိုးပစၥည္းလက္ခံ ဆိုင္တစ္ဆိုင္က ၅ ေဒၚလာနဲ႔ ေရာင္းလိုက္တာကို ပစၥည္းဝယ္ခဲ့တဲ့ သူက ေလလံဆိုင္မွာ ေဒၚလာ ၁ေသာင္းခြဲ ပစ္တာ အေရာင္းထြက္ သြားပါတယ္။
၁၉ ရာစုအကုန္က ဥေရာပမွာ ဖန္ထည္ပစၥည္း ၊ လက္ဝတ္ရတနာ ၊ အိမ္သုံးပစၥည္းနဲ႔ ေႂကြထည္ ေတြမွာ ဒီဇိုင္းလက္ရာသန႔္သန႔္ နဲ႔ လုပ္ႏိုင္တဲ့ နာမည္ႀကီး ၾသစတီးရီးယား သား တစ္ေယာက္ရွိပါတယ္။
သူ႔ နာမည္က ကိုလိုမန္မိုဆာ လို႔ ေခၚပါတယ္။ သူရဲ႕ ဂရက္ဖစ္ဒီဇိုင္းေတြကို အဲ့ဒိေခတ္တုန္းက လူကုန္တံ အသိုင္းအဝိုင္းေတြက သီးသန႔္မွာယူေလ့ရွိပါတယ္။
ေခတ္ေရွ႕ေျပးတဲ့ သူ႔ရဲ႕လက္ရာေတြက ဒီကေန႔အထိ ဒီဇိုင္း ဆရာေတြ ေလ့လာေနရတုန္းပါပဲ ။ ရီးေနးဆြန္းေခတ္အလြန္ မွာ စိတၱဇမ်ဥ္းေၾကာင္းေတြနဲ႔ ပတ္သက္ၿပီး လူေတြ ေတာ္ေတာ္ စိတ္ဝင္စားခဲ့ၾကပါတယ္။
ဂရက္ဖစ္ဒီဇိုင္းေတြရဲ႕ အရွိန္အဝါကို လူေတြ ေတာ္ေတာ္မ်ားမ်ား ယစ္မူး ေနၾကပါတယ္ ။
အဲ့ဒိေခတ္ အဲ့ဒိအခ်ိန္မွာေတာင္ သူကရဲ႕လက္ရာေတြက ရာဂဏန္းေအာက္မွာ မရွိပါဘူး ။ ဒါေပမဲ့ သူခိုးေတြ လက္ထဲကိုေရာက္သြားတဲ့ သူရဲ႕ ပန္းအိုးတစ္လုံး ကေတာ့ ၅ေဒၚလာေတာင္ မတန္ေတာ့ပါဘူး ။
တန္ဖိုး သိတဲ့ သူက ပစၥိဖိတ္ေနာ့ဝက္စ္ က သူခိုးလက္ခံပစၥည္းဆိုင္မွာ အဲ့ဒိပန္းအိုး ကို ၄ေဒၚလာခြဲ သာသာ နဲ႔ ဝယ္ခဲ့ပါတယ္။ ေလလံပစၥည္းဆိုင္က ေရာင္းမယ္ဆို ၅ေထာင္ ေပးမယ္လို႔ ေျပာပါတယ္။ သူက ေရာင္းခဲ့ၿပီးေနာက္မွာ ဆိုင္ရွင္ က ၁ေသာင္းခြဲ နဲ႔ ေလလံပစ္လိုက္တာပါ။
“ကိုလိုမန္ မိုဆာ ရဲ႕ လက္ရာက ဒီဖက္ေခတ္မွာ ေဈးကြက္ထဲမွာ ရွာမယ္ဆိုရင္ေတာင္ ရွာရတာခက္သြားပါၿပီ ၊ သူခိုးလက္ခံ ဆိုင္က လူေတြ သူ႔အေၾကာင္း မသိလိုက္တာက က်ေနာ္ပြေပါက္တိုးသြားတာပါ။
က်ေနာ္ကိုေရာင္းသြားတဲ့သူက ေရွးေဟာင္းလက္ရာ ဆိုတာကိုပဲ သိပါတယ္။ ဘယ္သူ႔ လက္ရာ မွန္မသိလိုက္တာပါ”
“သူက ၁၉၄၀ ေလာက္က လက္ရာလို႔ ထင္ေနတာပါ။ ကိုလိုမန္ ရဲ႕ လက္ရာက ၁၉၀၀ ျပည္ႏွစ္ေလာက္မွာ ဘယ္ေလာက္ေရွ႕ေျပးေနလည္းဆိုရင္ ေရွးေဟာင္းပစၥည္းအေၾကာင္း နားလည္ပါတယ္သူေတာင္ ႏွစ္ ၅၀ ေလာက္ မွားၿပီး မွန္းသြားေသးတယ္” လို႔ ေလလံပစ္တဲ့သူ ဆမန္သာေရာ္ဘင္ဆင္က ဆိုပါတယ္။
REF; UPI |
Photo : UPI
No Comments