
International-news






သုံးပြီးသားမက်စ်တွေကို မီးပူထိုးပြီး ပြန်ထုတ်ရောင်းနေ1



သုံးပြီးသားမက်စ်တွေကို မီးပူထိုးပြီး ပြန်ထုတ်ရောင်းနေ2




Unicode

သုံးပြီးသားမက်စ်တွေကို မီးပူထိုးပြီး ပြန်ထုတ်ရောင်းနေ

မကြာသေးခင်က သိရတဲ့ အစီရင်ခံစာအရ လက်ရှိသုံးနေတဲ့ နှာကာ မက်စ်တွေက ကိုဗစ် -၁၉ကို အကာအကွယ် ဖြစ်ဖို့အတွက် သိပ်ပြီး မထိရောက်ဘူးလို့ ဆိုတယ်။ နောက်ပြီး လေထုထဲက ပိုးတွေကို မက်စ်မှာ လာကပ်နေလို့ အန္တရယ်တောင် ပိုဖြစ်နိုင် တယ်လို့ဆိုတယ်။

ဒီလိုဆိုရင် မက်စ် မဝတ်ဘဲ နေရမလားလို့ မေးလာရင်လည်း သူက ကိုဗစ် -၁၉ အတွက်သာ မထိရောက်တာ အခြာသော တုတ်ကွေးပိုလို ဟာမျိုးတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစပ်မှုတွေကို အတန်အသင့် တားဆီးပေးနိုင်ပါတယ်။

ဒါကြောင့် ဈေးကွက်မှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းနေရတာပေါ့။ ပစ္စည်းကလည်းပြတ် ဈေးကွက်မှာကလည်း အဝယ်လိုက်နေတော့ ပြန်သုံးတွေကို လုပ်ဖို့အတွက် တောင်းဆိုသလို ဖြစ်လာတာပေါ့။

သုံးပြီးသားမက်စ်တွေကို မီးပူထိုးပြီး ပြန်ထုတ်ရောင်းနေ3

စထရိတ်တိုင်းမ် သတင်းစာထဲမှာ ထိုင်းနိုင်ငံ ဆာရာဘူရီခရိုင်မှာ မက်စ်တွေကို မီးပူးထိုးပြီး ပြန်ထုတ်ပိုးပြီး ရောင်းတဲ့ အလုပ်ရုံ ၁ရုံကို မတ်လ၂ရက်နေ့မှာ ရဲတွေက ဝင်ရောက် စီးနင်းပြီး ဖမ်းဆီးခဲ့တယ်လို့ ပါရှိပါတယ်။

သူတို့က သုံးပြီးသား မက်စ်တွေကို မီးပူထိုး သေသေချာချာ ပြန်ခေါက်ပြီး ဘာတံဆိပ်မှ မကပ်ထားတဲ့ စက္ကူဗူးတွေနဲ့ ပြန်ထုတ်နေတာကို ရဲတွေ မျက်မြင်တွေ့ခဲ့ရပါတယ်။ အလုပ်သမား ၆ယောက်နဲ့ လုပ်နေတဲ့ အလုပ်ကို ဘယ်သူဝယ်တယ် ဆိုတာကိုတော့ မသိရဘူးဖြစ်နေပါတယ်။

ဝယ်တဲ့သူက မက်စ်အဟောင်းတွေကို ကားနဲ့လာချပေးတယ်။ ပြီးတော့လုပ်ပြီး သားတွေကို ပြန်သယ်သွားတယ်။ တစ်ခုကို ထိုင်းငွေ တစ်ဘတ်နှုန်း ပေးတယ်။ လုပ်သားတစ်ယောက်က တစ်ရက်ကို အခု ၃၀၀ ကနေ ၄၀၀ အတွင်းပြီးအောင် လုပ်နိုင်ပါတယ်။ ဝယ်သူက ၂ ရက်ခြား ၃ ရက်ခြားပြီး ပစ္စည်းလာသိမ်းတယ်လို့ ဆိုတယ်။

ရဲတွေက ပစ္စည်းတွေကို သိမ်းပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကုန်သွယ်ရေးဝန်ကြီး ဌာနကို ပို့ပြီး စစ်ဆေးခိုင်းထားပါတယ်။ အဲ့ဒိ သုံးပြီးသား မက်စ်တွေက ဘယ်ကနေ ဝယ်လာတယ် ၊ဘာအမျိုးအစား ဖြစ်တယ်ဆိုတာကို သရုပ်ခွဲ ခိုင်းဖို့ ကုန်သွယ်ရေး ဝန်ကြီး ဌာနပို့ စစ်ဆေးခိုင်းတာပါ။

ကျန်မာရေးဝန်ကြီးဌာနကိုလည်း ပြန်လည်သုံးစွဲရန် သင့်မသင့်ကို စစ်ဆေးခိုင်းထားပါတယ်။ ထိုင်နိုင်ငံမှာက ကိုဗစ် -၁၉ ကူးစပ်ခံရသူ ၄၃ ဦး ရှိနေပါတယ်။ တရုတ် ခရီးသည်တွေ ဆီကနေ ကူးစပ်နေတာပါ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကနေ အဓိက ကူးစပ်မှု ရှိနေလို့ အဲ့ဒိလုပ်ငန်းကို လက်ရှိမှာ အထူးကြပ်မတ်နေပါတယ်။

မောင်ယဿ REF: world of buzz
Photo; strait times and the nation

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …