သုံးရက္ၾကာ စိတ္ဓာတ္က်မႈနဲ႔ တစ္ကိုယ္ေတာ္အယ္ဘမ္ ထြက္ဖို႔ Ice Cold ႀကိဳးပမ္း
- By : Phoe Linn
- Category : Entertainment
- Tags: cele news

သုံးရက္ၾကာ စိတ္ဓာတ္က်မႈနဲ႔ တစ္ကိုယ္ေတာ္အယ္ဘမ္ ထြက္ဖို႔ Ice Cold ႀကိဳးပမ္း
ပရိသတ္ေတြၾကား ေတးေရးအေနနဲ႔ေရာ အတြဲအဆိုေတာ္ တစ္ေယာက္အျဖစ္ နာမည္ရေနတဲ့
လူငယ္ အဆိုေတာ္ ice cold ကို တစ္ကိုယ္ေတာ္အယ္ဘမ္ ျပင္ဆင္ေနမႈနဲ႔ ပတ္သက္ၿပီး ေမးျမန္းခဲ့ပါတယ္။
* ေမး – Ice cold ေရ၊ တစ္ကိုယ္ေတာ္ ေတးစီးရီး ျပင္ဆင္ေနတယ္ဆိုေတာ့ ဘယ္အေျခအေန ရွိၿပီလဲ ေျပာျပပါဦး။
* ေျဖ – ဟုတ္အစ္မ ။ တစ္ကိုယ္ေတာ္က ေလးပုဒ္၊ ငါးပုဒ္ေလာက္ လိုေသးတယ္။ ဒီႏွစ္ထဲ ထြက္ျဖစ္ေအာင္ လုပ္မယ္။ ေလာေလာဆယ္မွာက အခ်စ္သီခ်င္းနဲ႔ အလြမ္းသီခ်င္းေတြ မ်ားေနတယ္။ ဒါေၾကာင့္ က်န္တဲ့သီခ်င္းေတြကို တျခားပုံစံေလး ျဖစ္ေအာင္ လုပ္မယ္။ ပုံစံ အစုံေလးေပါ့။
*ေမး – Ice cold ကို ပရိသတ္ သိၿပီးသားဆိုေတာ့ ကိုယ္ပိုင္ အေခြအတြက္ ႀကိဳးစားတဲ့အခါ အခက္အခဲ ရွိလား။
*ေျဖ – ရွိတယ္။ အခု ေနာက္ပိုင္းက ပိုခက္လာတယ္။ အေခြ တစ္ေခြ ဖန္တီးတဲ့ေနရာမွာ ကိုယ္တိုင္ဖန္တီးလို႔ ၾကာတာက တစ္မ်ိဳး။ ေငြေၾကးအခက္ခဲေၾကာင့္ ၾကာတာတစ္မ်ိဳး။ အဲဒါ ၂ ခုကို ခ်ိန္ညႇိၿပီး လုပ္ေနရတယ္။
အဲလိုအခ်ိန္က်ရင္ လူက အရမ္းစိတ္ဓာတ္က်သြားတာ။ ျပန္အားယူ၊ ျပန္ထူေထာင္ရတယ္။ ဒါေပမဲ့ အဲဒါေတြကို ၂၀၁၉ မွာ ထားခဲ့ၿပီ။ ၂၀၂၀ ကိုေတာ့ကြၽန္ေတာ္ အေကာင္းဆုံး အေခြလုပ္ၿပီး ျပန္လာခဲ့ပါမယ္။
*ေမး – underground ကေန ဒီေန႔လို ပရိသတ္သိဖို႔ လူငယ္တစ္ေယာက္အေနနဲ႔ ဘယ္ေလာက္ထိ ႐ုန္းကန္ခဲ့ ရလဲ။
*ေျဖ – ဒီဘက္ေခတ္မွာ ကြၽန္ေတာ္တို႔ လူငယ္ေတြအတြက္ အေခြ ေဈးကြက္ကလည္း မရွိေတာ့ဘူး။ ရႈိးေတြကလည္း အရင္လို အမ်ားႀကီး မလုပ္ၾကေတာ့ ပြဲေတြလည္း အရင္လို မရေတာ့ ပို႐ုန္းရတယ္။
အခုေခတ္ကိုက ကိုယ္ထူ ကိုယ္ထ ကိုယ့္အား ကိုယ္ကိုး ႀကိဳးစားရတဲ့ ေခတ္ျဖစ္ေနတာ။ ကြာလတီ သီခ်င္းတစ္ပုဒ္ကို ဖန္တီးမယ္ဆိုရင္ ေငြေၾကး ပုံရတဲ့အပိုင္းေတြ ရွိတယ္။ Mtv အေနနဲ႔ဆိုရင္ သိန္း ၂၀ နဲ႔ ၃၀ ေလာက္ က်တယ္။ အဲဒီထက္ ပိုခ်င္လည္း ပိုလို႔ ရတယ္။သီခ်င္းျပန္ထြက္ရင္ ပိုက္ဆံ ျပန္မရေတာ့ဘူး။
အဲဒီအခါက်ရင္ ေနာက္ထပ္တစ္ပုဒ္ ဖန္တီးဖို႔ အရမ္းခက္သြားၿပီ။ ကြၽန္ေတာ္တို႔မွာက အသံသြင္းဖို႔၊ တီးဖို႔၊ အဲဒီအပိုင္းအတြက္ကုန္က်စရိတ္က ရွိတယ္ေလ။ ပြဲရတဲ့သူေတြအတြက္ ျပႆနာ မရွိေပမယ့္ ပြဲမရဘူး၊ ပြဲနည္းရင္ေတာ့ အသစ္ေတြအတြက္ ဖန္တီးရတာ ၾကာသြားၿပီေပါ့။ အရမ္း စိတ္ဓာတ္က်ရတယ္ေပါ့။
*ေမး – အဲလို စိတ္ဓာတ္က်တဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ဘယ္လို အားေပးျဖစ္လဲ။
*ေျဖ – ကြၽန္ေတာ္ စိတ္ဓာတ္က်ရင္ ကိုယ့္ကိုယ္ကိုယ္ သုံးရက္ပဲ က်ရမယ္ဆိုၿပီး သတ္မွတ္ထားတယ္ေပါ့။ အဲဒီ သုံးရက္မွာေတာ့ အိပ္ရင္လည္းအိပ္၊ မဟုတ္လည္း ဘာမွမလုပ္ဘဲ ေနတာ။ သုံးရက္ၿပီးရင္ေတာ့ မက်ေတာ့ဘူး။ အလုပ္ေတြ ျပန္စလုပ္တယ္။ အဲလိုမ်ိဳး ေနာက္ပိုင္း လုပ္ျဖစ္တာေပါ့။
*ေမး – ပရိသတ္ေတြလည္း ice cold ရဲ႕ တစ္ကိုယ္ေတာ္ အေခြထြက္ဖို႔ ဘယ္လို ႀကိဳးစားေနတယ္ဆိုတာ သိၿပီးၿပီဆိုေတာ့ ပရိသတ္ကို ဘာမ်ား ထပ္ေျပာခ်င္လဲ။
*ေျဖ – ကြၽန္ေတာ့္ကို ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတာ သိပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ႐ုန္းကန္ေနပါတယ္။ ပရိသတ္ေတြအတြက္ အသစ္ အသစ္ ဖန္တီးေနပါတယ္။ အရမ္း မၾကာေတာ့လို႔ ထြက္လာရင္ အားေပးၾကပါလို႔။
ေမးသူ – ဝါးဝါးေလး
Unicode
သုံးရက်ကြာ စိတ်ဓာတ်ကျမှုနဲ့ တစ်ကိုယ်တော်အယ်ဘမ် ထွက်ဖို့ Ice Cold ကြိုးပမ်း
ပရိသတ်တွေကြား တေးရေးအနေနဲ့ရော အတွဲအဆိုတော် တစ်ယောက်အဖြစ် နာမည်ရနေတဲ့
လူငယ် အဆိုတော် ice cold ကို တစ်ကိုယ်တော်အယ်ဘမ် ပြင်ဆင်နေမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။
* မေး – Ice cold ရေ၊ တစ်ကိုယ်တော် တေးစီးရီး ပြင်ဆင်နေတယ်ဆိုတော့ ဘယ်အခြေအနေ ရှိပြီလဲ ပြောပြပါဦး။
* ဖြေ – ဟုတ်အစ်မ ။ တစ်ကိုယ်တော်က လေးပုဒ်၊ ငါးပုဒ်လောက် လိုသေးတယ်။ ဒီနှစ်ထဲ ထွက်ဖြစ်အောင် လုပ်မယ်။ လောလောဆယ်မှာက အချစ်သီချင်းနဲ့ အလွမ်းသီချင်းတွေ များနေတယ်။ ဒါကြောင့် ကျန်တဲ့သီချင်းတွေကို တခြားပုံစံလေး ဖြစ်အောင် လုပ်မယ်။ ပုံစံ အစုံလေးပေါ့။
*မေး – Ice cold ကို ပရိသတ် သိပြီးသားဆိုတော့ ကိုယ်ပိုင် အခွေအတွက် ကြိုးစားတဲ့အခါ အခက်အခဲ ရှိလား။
*ဖြေ – ရှိတယ်။ အခု နောက်ပိုင်းက ပိုခက်လာတယ်။ အခွေ တစ်ခွေ ဖန်တီးတဲ့နေရာမှာ ကိုယ်တိုင်ဖန်တီးလို့ ကြာတာက တစ်မျိုး။ ငွေကြေးအခက်ခဲကြောင့် ကြာတာတစ်မျိုး။ အဲဒါ ၂ ခုကို ချိန်ညှိပြီး လုပ်နေရတယ်။
အဲလိုအချိန်ကျရင် လူက အရမ်းစိတ်ဓာတ်ကျသွားတာ။ ပြန်အားယူ၊ ပြန်ထူထောင်ရတယ်။ ဒါပေမဲ့ အဲဒါတွေကို ၂၀၁၉ မှာ ထားခဲ့ပြီ။ ၂၀၂၀ ကိုတော့ကျွန်တော် အကောင်းဆုံး အခွေလုပ်ပြီး ပြန်လာခဲ့ပါမယ်။
*မေး – underground ကနေ ဒီနေ့လို ပရိသတ်သိဖို့ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လောက်ထိ ရုန်းကန်ခဲ့ ရလဲ။
*ဖြေ – ဒီဘက်ခေတ်မှာ ကျွန်တော်တို့ လူငယ်တွေအတွက် အခွေ ဈေးကွက်ကလည်း မရှိတော့ဘူး။ ရှိုးတွေကလည်း အရင်လို အများကြီး မလုပ်ကြတော့ ပွဲတွေလည်း အရင်လို မရတော့ ပိုရုန်းရတယ်။
အခုခေတ်ကိုက ကိုယ်ထူ ကိုယ်ထ ကိုယ့်အား ကိုယ်ကိုး ကြိုးစားရတဲ့ ခေတ်ဖြစ်နေတာ။ ကွာလတီ သီချင်းတစ်ပုဒ်ကို ဖန်တီးမယ်ဆိုရင် ငွေကြေး ပုံရတဲ့အပိုင်းတွေ ရှိတယ်။ Mtv အနေနဲ့ဆိုရင် သိန်း ၂၀ နဲ့ ၃၀ လောက် ကျတယ်။ အဲဒီထက် ပိုချင်လည်း ပိုလို့ ရတယ်။သီချင်းပြန်ထွက်ရင် ပိုက်ဆံ ပြန်မရတော့ဘူး။
အဲဒီအခါကျရင် နောက်ထပ်တစ်ပုဒ် ဖန်တီးဖို့ အရမ်းခက်သွားပြီ။ ကျွန်တော်တို့မှာက အသံသွင်းဖို့၊ တီးဖို့၊ အဲဒီအပိုင်းအတွက်ကုန်ကျစရိတ်က ရှိတယ်လေ။ ပွဲရတဲ့သူတွေအတွက် ပြဿနာ မရှိပေမယ့် ပွဲမရဘူး၊ ပွဲနည်းရင်တော့ အသစ်တွေအတွက် ဖန်တီးရတာ ကြာသွားပြီပေါ့။ အရမ်း စိတ်ဓာတ်ကျရတယ်ပေါ့။
*မေး – အဲလို စိတ်ဓာတ်ကျတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လို အားပေးဖြစ်လဲ။
*ဖြေ – ကျွန်တော် စိတ်ဓာတ်ကျရင် ကိုယ့်ကိုယ်ကိုယ် သုံးရက်ပဲ ကျရမယ်ဆိုပြီး သတ်မှတ်ထားတယ်ပေါ့။ အဲဒီ သုံးရက်မှာတော့ အိပ်ရင်လည်းအိပ်၊ မဟုတ်လည်း ဘာမှမလုပ်ဘဲ နေတာ။ သုံးရက်ပြီးရင်တော့ မကျတော့ဘူး။ အလုပ်တွေ ပြန်စလုပ်တယ်။ အဲလိုမျိုး နောက်ပိုင်း လုပ်ဖြစ်တာပေါ့။
*မေး – ပရိသတ်တွေလည်း ice cold ရဲ့ တစ်ကိုယ်တော် အခွေထွက်ဖို့ ဘယ်လို ကြိုးစားနေတယ်ဆိုတာ သိပြီးပြီဆိုတော့ ပရိသတ်ကို ဘာများ ထပ်ပြောချင်လဲ။
*ဖြေ – ကျွန်တော့်ကို ပရိသတ်တွေ စောင့်မျှော်နေတာ သိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရုန်းကန်နေပါတယ်။ ပရိသတ်တွေအတွက် အသစ် အသစ် ဖန်တီးနေပါတယ်။ အရမ်း မကြာတော့လို့ ထွက်လာရင် အားပေးကြပါလို့။
မေးသူ – ဝါးဝါးလေး
No Comments