
International-news








Unicode

သီးခြားခန်းမှာ မနေဘဲ ထွက်ပြေးလို့ သေနတ်နဲ့ ပစ်သတ်

ဂျပန်တိုင်းမ် သတင်းစာမှာ မြောက်ကိုရီးယားက ဝူဟန် ထူးဆန်းတုတ်ကွေးရောဂါသည် တစ်ယောက်က သီးခြားခန်းထဲမှာ ခွဲထားတာကို မနေဘဲ ထွက်ပြေးလို့ သေနတ်နဲ့ ပစ်သက်လိုက်တယ်လို့ ဆိုတယ် ။ မြောက်ကိုရီးယားက တရုတ် နိုင်ငံမှာ ဝူဟန် တုတ်ကွေးစပြီး ဖြစ်ပွား ကတည်းက နိုင်ငံခြားသား အဝင် ပိတ်လိုက်တဲ့ နိုင်ငံတွေထဲမှာ ပထမဆုံးပါပဲ ။

နောက်ပြီး မြောက်ကိုရီးယားက ဝူဟန်ထူးဆန်း တုတ် ကွေး နဲ့ ပတ်သက် လာရင် ဆတ်ဆတ်ထိမခံ ပါဘူး ။ အခြား နိုင်ငံတွေထက် ပြင်းထန်စွာ တုံ့ပြန်ပါတယ် ။ တရုတ် နိုင်ငံသားတွေ နဲ့ ပတ်သက် ဆက်ဆံနေတဲ့ လူတွေကို သီးခြား ခွဲထားပါတယ် ။ သူတို့ကို စာရင်းလုပ်ပြီး တည်းခိုဆောင်တွေမှာ သီးခြား ခွဲနေစေပါတယ် ။

ရောဂါပိုး မပြန့်နှံ့ ဖို့ကို အရမ်းအာရုံ စိုက်ပါတယ် ။ အစိုးရ ကိုယ်တိုင်က ဘာမလုပ်ရဘူး ညာမလုပ်ရဘူးဆိုပြီး အမိန့်တွေ ထုတ်ထားပါတယ် ။ မြောက်ကိုရီးယား သတင်းစာ တစ်စောင်ဖြစ်တဲ့ ဒေါင်ဂါအီဘို မှာ သီးခြားခန်းမှာ ထားတဲ့ လူတစ်ယောက် က အများသုံး ရေချိုးခန်းကို လာသုံးလို့ ပစ်သတ်လိုက်တယ်လို့ ဖော်ပြပါရှိပါတယ် ။

သူ့ကို ဖမ်းဆီးပြီး ရောဂါပြန့်နှံ့ အောင်လုပ်မှုနဲ့ အရေးယူကာ သတ်လိုက်တာ ဖြစ်ပါတယ် ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံအန်က တရုတ်နိုင်ငံကို ခရီးသွားခဲ့တဲ့ လူတွေကို သီးခြား ခွဲထားရမယ်လို့ အမိန့်ပေး ထားတာရှိပါတယ် ။ နောက်ပြီး စစ်ဥပဒေအရ သီးခြားခွဲထားခြင်းခံရတဲ့ လူတိုင်း အပြင်ထွက်ခွင့် မရှိစေရလို့အမိန့်ထုတ်ထား ပါတယ် ။

ခွင့်ပြုချက် မရဘဲ အပြင်ထွက်တဲ့ လူတွေဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် ပစ်သတ်ဖို့ အတွက် အမိန့် ပေးထား ပါတယ် ။ တရုတ်နိုင်ငံကို ခရီးသွားခဲ့ တာကို ဖုံးကွယ်ဖို့ ကြိုးစားသူတွေ ကိုလည်း ဖမ်းဆီး အရေးယူနေပါတယ် ။ လောလော ဆယ်မှာ တော့ မြောက်ကိုရီးယားမှာ ကော်ရိုနာဗိုင်းရက်ပိုး ဘယ်လောက် ပြန့်နှံ့နေတယ် ။ ရောဂါသည် ဘယ်လောက် ရှိတယ် ဆိုတာ ကို ထုတ်ပြန် ဖော်ပြခြင်းမရှိပါဘူး ။

မောင်ယဿ REF:world of buzz photo; the korea time and daily mail

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

သေနတ်ပြပြီး ပိုက်ဆံတောင်းတဲ့ ကလေး အဖမ်းခံရ
International-news
သေနတ်ပြပြီး ပိုက်ဆံတောင်းတဲ့ ကလေး အဖမ်းခံရ

သေနတ်ပြပြီး ပိုက်ဆံတောင်းတဲ့ ကလေး အဖမ်းခံရ   ဒီဖက် ခေတ်သစ်ကမ္ဘာရဲ့ ပြဿနာ တစ်ရပ်ပါ ။ ဒီလို ပြဿနာမျိုးက အရင်ကဆိုရင် ရပ်ထဲရွာထဲက လူကြီးတွေက နောက်မလုပ်အောင် ဆုံးမလိုက်ရုံနဲ့ ပြီးသွားပါတယ် ။ ဒီဖက်ခေတ်မှာ ကျတော့ အကဲဆတ်တဲ့ မိဘတွေကြောင့် မလိုလားအပ်တဲ့ ရှုတ်ထွေးတဲ့ ကိစ္စတွေ ပေါ်ပေါက် လာပါတယ် ။ အဲ့ဒါကတော့ ကလေးတစ်ယောက်က ရာဇဝတ်မှု ဆိုင်ရာ ကိစ္စရပ် တစ်ခုကို ကျူးလွန်ရင် နောင်ကျဉ်အောင် ရိုက်နှက်ပြီး အပြစ်ပေးလိုက်မလား ။ ဥပဒေအရ ထောင်ချမလားဆိုတဲ့ ကိစ္စပါပဲ ။ ကျနော်တို့ ငယ်စဉ်အခါက လမ်းမီးလုံး တွေကို လေးခွနဲ့ ပစ်ခွဲဖူးတယ် …

ကြောင်တောင်တောင် အနိုင်ဆုံး မှောင်ခိုပစ္စည်းများ
International-news
ကြောင်တောင်တောင် အနိုင်ဆုံး မှောင်ခိုပစ္စည်းများ

ကြောင်တောင်တောင် အနိုင်ဆုံး မှောင်ခိုပစ္စည်းများ အမေရိကန် နယ်စပ်ကုန်စည်စစ်ဆေးရေးစခန်းတွေမှာ မူးယစ်ဆေးဝါတွေ မှတ်ပုံတင်အတုတွေ ကုန်ပစ္စည်းအတုတွေနဲ့ တရားမ၀င် ကုန်ပစ္စည်းတွေကို ဖမ်းဆီး အရေယူနေတဲ့ကြားက ငိုအားထက် ရီအားသန်ဖို့ကောင်းတဲ့ ကြောင်တောင်တောင် မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးရမိပါတယ်။ဖောက်စ်သတင်းဌာနက အဲ့ဒိအကြောင်းကို တင်ဆက်သွားပါတယ်။ ၁။ခို အရှင်များ ။။အသက်၂၃နှစ်အရွယ် သြစတေးလျှ သားတစ်ယောက်ကို လေယာဉ်ကွင်းမှာ မသင်ကာလို့ စစ်ကြည့်တာ သူ့ရဲ့အိတ်ထဲက အစားအစာထည့်တဲ့ဗူးထဲမှာ ခိုဥ၂လုံးတွေ့ရပါတယ်။ အဲ့ဒါနဲ့ သူ့ရဲ့ အ၀တ်အစားတွေ ချွတ်ကြည့်တော့ ခြေသလုံးမှာ စာအိတ်နဲ့ထုတ်ထားတဲ့ခိုအရှင် ၂ကောင်ကို တိပ်နဲ့ ပတ်ထားတာကိုတွေ့လိုက်ရတယ်။ ဒါအပြင် သူ့ခါးပတ်မှာ ခုတုခုတုဖြစ်နေလို့ ခွဲကြည့်တာ ခရမ်းမျိုးစေ့တွေကိုဖမ်းဆီးရမိလိုက်တယ်တဲ့။ ၂။ အီဂျစ် မမ်မီ အ၀တ်စ။။မစ်ချီဂန်က အရာရှိတွေကတော့ ဆိပ်ကမ်းမှာ …

ကင်ဂျုံအန်က မြင်းသရဲဆိုတာ ရုရှား အကောက်ခွန် အချက်အလက်တွေမှာပါ
International-news
ကင်ဂျုံအန်က မြင်းသရဲဆိုတာ ရုရှား အကောက်ခွန် အချက်အလက်တွေမှာပါ

ကင်ဂျုံအန်က မြင်းသရဲဆိုတာ ရုရှား အကောက်ခွန် အချက်အလက်တွေမှာပါ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြင်းဆိုရင် သရဲမရဲ ဖြစ်တတ်ကြောင်း နဲ့ နှင်းပြင်ကြီးပေါ်မှာ မြင်းစီးရတာကို အလွန် နှစ်ခြိုက်ကြောင်း ရုရှား အကောက်ခွန် ဌာနကအချက်အလက်တွေအရ သိရပါတယ်။သူ့ကို စီးပွားရေးပိတ်ဆို့ထားတဲ့အခါတုန်းက တောင် မြင်းကောင်းတယ်ဆိုရင် ပွဲစားတွေက တစ်ဆင့် ကြိုက်ဈေးပေးဝယ်ပါတယ်။ ရုရှားပွဲစားအများစုက လွန်ခဲ့တဲ့ ၁၀စုနှစ် အတွင်းက နိုင်ငံတကာမှာ မြင်းကောင်း တွေ လိုက်ဝယ်ဖူးပါတယ်။ အဲ့တုန်းက ဘာအကြောင်းမှန် မသိခဲ့ကြပေမဲ့ ရုရှားက မြင်းမျိုး သန့်သန့်တွေကို မြောက်ကိုရီးယားကို တင်သွင်းခဲ့တာပါ။ အဲ့ဒိတုန်းက စာရင်းအချို့အရ မြောက်ကိုရီးယားက မြင်းဖိုးချည်းပဲ သက် သက် ဒေါ်လာ၅သိန်းဖိုး လောက်သုံးခဲ့ပါတယ်။ အဲ့ဒါ …